Sunday 19 May 2013

KIO လ၀က ကျောင်း လိုင်ဇာမြို့ တွင် ပြန်ဖွင့်



ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လိုအပ်သော လုပ်ငန်းဌာနများ အတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီး ကြပ်ရေးေ ကျာင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရ သည်။ “သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်း သားတွေကိုဌာနတွေမှာအလုပ်ခန့်သွားမှာဖြစ်တယ်။ အားလုံး အောင်ရင် အားလုံးကိုအလုပ်ခန့်သွားမယ်။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့် အရေးပေးထားတယ်။ နောက်ထပ်ခြောက်လ ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေဆို ရမယ်” ဟု သင်ကြားပေးနေသော ဆရာ၊ KIA အရာရှိတစ်ဦးကပြောသည်။ ကျောင်းသားများမှာ မြစ်ကြီးနား (Myitkyina)၊ ဗန်းမော် (Manmaw)၊မန်ဂျေ (Man Je)နှင့် မိုင်ဂျာယန် (Mai Ja Yang) စသည့်မြို့အသီးသီးတို့မှ စုစုပေါင်း ၄၅ ဦး ဖြစ်ကာ ကျောင်းကို ဧပြီလ ၂၂ ရက်နေ့မှ စတင်သင်ကြားနေပြီး ယခု မေလကုန်ထိ သင်ကြားသွားမည်ဟုဆိုပါသည်။

၎င်းတွင် KIO ဗဟို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Ginjaw Masha Pru-Shang Gawn Hkang Dap) မှ ကြီးမှူးဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်အဖြစ် major နှင့် minor နှစ်ဘာသာ ခွဲထားကာ ဘာသာပေါင်း ၈ ခုပါကြောင်း အထက်ပါ KIA အရာရှိကပြောသည်။

KIO လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ဖွင့်လှစ်သင်ကြားခြင်းသည် ၈ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

KNG

No comments:

Post a Comment