Tuesday 19 March 2013

မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံလုပ် အမောင်းသင် လေယာဉ် DM-40 အမျိုးအစား ၃ စီး ၀ယ်ယူ




ရန်ကုန်၊မတ်လ ၁၉ ရက်

မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံမှထုတ်လုပ်သည့် အမောင်း သင် လေယာဉ် DM-40 အမျိုးအစား ၃ စီးကို ၀ယ်ယူ ထားပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါလေယာဉ်များကို MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင် တန်းကျောင်း အတွက် ၀ယ် ယူခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။

ယင်းလေယာဉ် ၃ စီးကို အမေရိကန်ဒေါ်လာ ၁.၃ မီလီလျံ ကုန်ကျခံကာ ၀ယ်ယူခဲ့ကြောင်းသိရသည်။ MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင်တန်းကျောင်း တွင် တက်ရောက်သည့် သင် တန်း သားများကို လက်တွေ့ အမောင်းသင်ကြားပေး မည် ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်နှင့် ရှစ် လ ပြီးဆုံး ပါက ပြည်တွင်းလေကြောင်း လိုင်းများတွင် တိုက်ရိုက်လေယာဉ်မှူး အဖြစ်ခန့်အပ် သွား မည် ဖြ စ်ကြောင်း သိရသည်။

ကျော်ဇေယျ ၊
သတင်းဓာတ်ပုံ (ရဲနောင် - ဖယ်ခုံ)
ref:YMG

No comments:

Post a Comment