Tuesday 19 March 2013

“အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် တောင်ကိုရီးယား ဝေဟင်တွင် လေ့ကျင့်ပျံသန်း”



တောင်ကိုရီးယားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း နျူကလီးယားဗုံး သယ်ဆောင်အသုံးပြုနိုင်သော B-52 ဗုံးကြဲေ လယာဉ် လေ့ကျင့်ပျံသန်းခဲ့ကြောင်း အမေရိကန်က ပြောကြားသည်။
ယခုလေ့ကျင့်မှုမှာ တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ တင်းမားမှုများ ရှိနေသော မြောက် ကိုရီးယားကို သတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်း Channel NewsAsia သတင်းတွင် ရေး သားဖော်ပြ သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွင်း B-52 ဗုံးကြဲလေ ယာဉ် လေ့ကျင့် ပျံသန်းမှုကိုလည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ref:planet

No comments:

Post a Comment