Tuesday 19 March 2013

ကျပ်ထောင်ဂဏန်း ဝန်းကျင်ဖြင့် တန်ဖိုးနည်းဖုန်း ဆင်းကတ်များ ဧပြီ လဆန်းပိုင်းတွင် ရောင်းချမည်

 
နေပြည်တော်၊မတ်လ ၁၉ ရက်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထူးခြားသော အပြောင်းအလဲများထဲတွင် ယခုနောက်ဆုံး အနေဖြင့် တန်ဖိုး နည်း ဖုန်းဆင်းမ်ကတ်များကို ကျပ်ထောင်ဂဏန်း ဝန်းကျင်ဖြင့် သုံးစွဲသူများသို့ ရောင်းချမည့် အစီ အစဉ်ကို ဧပြီလ ပထမပတ်အတွင်း ရောင်းချမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှတစ်ဆင့် သိရှိရပြီး အဆိုပါ ဖုန်း များအတွက် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့်လှစ်ထားသည့် သတ်မှတ် အိတ်ချိန်းရုံးများ တွင်သာ ရောင်းချမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ တန်ဖိုးနည်း ဖုန်းနှင့် ပတ်သတ်၍ ရတနာပုံ Call Centre မှ "ဧပြီလအတွင်းမှာ ရောင်းချပေးမယ်လို့ သိရပေမယ့် နေ့ရက် အတိအကျ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးက သတ် မှတ်ထား တဲ့ တယ်လီဖုန်း ရုံးတွေမှာပဲ တရားဝင် ရောင်းချသွားမယ်လို့ သိရှိရပြီးတော့ အပြင်က ဆိုင်တွေ ကို ချထားပြီး ရောင်းချခွင့် ပြုမယ်လို့တော့ မသိရသေးပါဘူး" ဟု ပြောသည်။

ဈေးကွက် အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ခုမှ ဆိုင်ရှင် တစ်ဦးကလည်း "ပြင်ပဆိုင်တွေ အနေ နဲ့ ရောင်းချခွင့်ရမယ်လို့တော့ထင်ပါတယ်။အရင်ကလိုကုမ္ပဏီတွေကိုကိုယ်စားလှယ်အနေနဲ့ ရောင်းချခွင့် ပြုတာ မျိုးပေါ့။ တန်ဖိုးနည်း ဖုန်းတွေ ထွက်လာတော့မယ်ဆိုတော့ အခုအချိန်မှာ ဟန်းဆက်တွေကတော့ အဝယ် လိုက်လာသလိုပဲ ငွေဈေးတွေ တက်ပြီးတော့ ဟန်းဆက် ဈေးနှုန်းတွေလည်း တက်တာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့်တော့တရုတ်ဖုန်းတွေ ဈေးတက်တာမျိုးလည်း ရှိနေတော့ ကျွန်တော်တို့ ရောင်းတဲ့ လက်လီဈေး အတိုင်းပဲ ပြန်ဝယ်နေရသလို ဖြစ်နေတယ်" ဟု ပြောသည်။

"မြန်မာ့ဆက်သွယ်ရေးMPT မှ GSM Sim Cardများကိုကျပ်ငွေ၂၀၀၀ လောက် နဲ့ ရောင်းချပေးတော့မယ်လို့ သတင်းတွေ ကြားရပါတယ်။ အရင့်အရင် သိန်းပေါင်းများစွာ တန်ကြေးရှိ တာမို့ GSM ကိုင်ဖို့ အိပ်မက်တောင် မမက်ဘူးတဲ့ အခြေခံ လူတန်းစားတွေပါ အဆင်ပြေစေတော့မှာပါ။ အခု ကျပ်ငွေ ၂၀၀၀ ဆိုလျှင် ၇၅ ရာခိုင်နှုန်းသော လူလတ်တန်းစားတွေ ဖုန်းကိုင်နေနိုင်တော့မှာပါ။ လူတိုင်း ဖုန်း ကိုင်နိုင်ပြီး လူတိုင်းနီးပါး ဆက်သွယ်မှု ကွန်ရက်အတွင်း ရှိနေတဲ့အခါ မဖြစ်သင့်တဲ့ ဆုံးရှုံးမှု များ လျှော့ကျ သွားနိုင် မယ်လို့ ထင်ပါတယ်ဟု" Blogger တစ်ဦးက သူ၏ အမြင်ကို ပြောပြသည်။

တန်ဖိုးနည်း ဖုန်းကတ်များ ထွက်ပေါ်လာခြင်းနှင့်အတူ ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ အနေဖြင့် ဖုန်းဟန်းဆက် ဝယ်လိုအား မြင့်တက်မှုများ ဖြစ်နိုင်ခြင်းနှင့်အတူ ရောင်းလိုအား နည်းပါးမှု များ ဖြစ်ပေါ် ကာ ဖုန်းဟန်းဆက် ဈေးနှုန်းများ ပိုမို မြင့်တက်လာနိုင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။

ref:ရတနာပုံ 

No comments:

Post a Comment