Monday 11 March 2013

တရုတ်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် ထုတ်ပြန်၊ နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း

 
တရုတ်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် ထုတ်ပြန်၊ နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း
Monday, March 11, 2013

တရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ခေါင်းဆောင်သစ်များ၏ အစိုးရ၀န်ကြီးဌာနများ၏ လုပ်ဆောင်မှုများ ထိရောက်မှုရှိစေရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြောင်းအလဲပြုလုပ်မှုမှာ ၁၉၉၈ ခုနှစ်တွင် ၀န်ကြီးချုပ်
Zhu Rongji က နိုင်ငံတော်ကောင်စီကို ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲပြုလုပ်မှုဖြစ်ကြောင်း သိရသည်။ အငြင်းပွားဖွယ် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ကိုင်တွယ်နေသော Family Planning Commission ကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက်စေမည် ဖြစ်သည်ဟု လွှတ်တော်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ရထားပို့ဆောင်ရေး စီမံကိန်းများနှင့် ပတ်သက်လာပါက ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို မမျှော်မှန်းနိုင်သော အတိုင်းအတာအထိ ခွင့်ပြုပေးသွားမည်ဟု
အစိုးရက ကတိပေးခဲ့သည်။

တရုတ်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် Family Planning Commission တို့မှာ အထူးသဖြင့်နာမည်အပျက်ဆုံး ဖြစ်နေပြီး
ပြုပြင်ပြောင်းလဲ မှုများ အလျင်အမြန်ပြုလုပ်ရန် လူထုက လိုလားနေသည်။

တရုတ်သည် ပင်လယ်ပိုင်နက် အငြင်းပွားမှုပြဿနာများနှင့် ပတ်သက်ပြီး အိမ်နီးချင်း ဂျပန်အပါအ၀င် အရှေ့တောင်အာရှရှိ အမေရိကန် မဟာမိတ်နိုင်ငံအချို့တို့နှင့် အငြင်းပွားမှုများ မြင့်တက်နေခဲ့ရာ ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့များ၊ အကောက်ခွန်ရဲများ၊ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေး အဖွဲ့များအား ထိန်းချုပ်ညွှန်ကြားနိုင်သည့် အခွင့်အာဏာကို National Oceanic Adminstration ထံ ပေးအပ်ခဲ့သည်။

မီဒီယာကဏ္ဍ စောင့်ကြည့်မှု၌ General Administration of Press and Publication နှင့် State Administration of Radio, Film and Television အဖွဲ့နှစ်ခုတို့ကိုလည်း ပူးပေါင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မာကိုင်က ပြောကြားခဲ့သည်။

ဓာတ်ပုံ - တရုတ်ပြည်သူ့ကွန်ဂရက် ဖွင့်ပွဲတွင် ၀န်ကြီးချုပ်ဝမ်ကျားပေါင်က
နောက်ဆုံးအစီရင်ခံစာကို မတ် ၅ ရက်က ဖတ်ကြားစဉ် (AFP)

Ref:BBC;Reuters
Eleven Media Group
Monday, March 11, 2013

တရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။
ယင်းမှာ ခေါင်းဆောင်သစ်များ၏ အစိုးရ၀န်ကြီးဌာနများ၏ လုပ်ဆောင်မှုများ ထိရောက်မှုရှိစေရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက် ဖျက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြောင်းအလဲပြုလုပ်မှုမှာ ၁၉၉၈ ခုနှစ်တွင် ၀န်ကြီးချုပ် Zhu Rongji က နိုင်ငံတော်ကောင်စီကို ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲပြုလုပ်မှုဖြစ်ကြောင်း သိရသည်။ အငြင်းပွားဖွယ် တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒကို ကိုင်တွယ်နေသော Family Planning Commission ကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက်စေ မည် ဖြစ်သည်ဟု လွှတ်တော်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ရထားပို့ဆောင်ရေး စီမံကိန်းများနှင့် ပတ်သက်လာပါက ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်မှ တစ်ဆင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို မမျှော်မှန်းနိုင်သော အတိုင်းအတာအထိ ခွင့်ပြုပေး သွားမည်ဟု အစိုးရက ကတိပေးခဲ့သည်။

တရုတ်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် Family Planning Commission တို့မှာ အထူးသဖြင့်နာ မည်အပျက် ဆုံး ဖြစ်နေပြီး ပြုပြင်ပြောင်းလဲ မှုများ အလျင်အမြန်ပြုလုပ်ရန် လူထုက လိုလားနေသည်။

တရုတ်သည် ပင်လယ်ပိုင်နက်အငြင်းပွားမှုပြဿနာများနှင့် ပတ်သက်ပြီး အိမ်နီးချင်း ဂျပန်အပါအ၀င် အရှေ့တောင်အာရှရှိ အမေရိ ကန် မဟာမိတ်နိုင်ငံအချို့တို့နှင့် အငြင်းပွားမှုများ မြင့်တက်နေခဲ့ရာ ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့များ၊ အကောက်ခွန်ရဲများ၊ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေး အဖွဲ့များအား ထိန်းချုပ်ညွှန်ကြားနိုင်သည့် အခွင့်အာဏာကို National Oceanic Adminstration ထံ ပေးအပ်ခဲ့သည်။

မီဒီယာကဏ္ဍ စောင့်ကြည့်မှု၌ General Administration of Press and Publication နှင့် State Administration of Radio, Film and Television အဖွဲ့နှစ်ခုတို့ကိုလည်း ပူးပေါင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မာကိုင် က ပြောကြားခဲ့ သည်။


Ref:BBC;Reuters,EMG

No comments:

Post a Comment