Monday 11 March 2013

သင် မသိသေးတဲ့ စင်ကာပူနိုင်ငံရဲ့ ထူခြားတဲ့ အကြောင်း ၁၀ ချက်


 
 ကျနော်လက်ရှိ နေထိုင်နေတဲ့စင်ကာပူနိုင်ငံဆိုတာ ၁၉၆၅ခုနှစ်မှာမလေးရှားနိုင်ငံကနေခွဲထွက်ခဲ့တဲ့ ကျွန်းနိုင် ငံ ပိစိလေးပေါ့။ ဒါပေမယ့် သူက First World Country လို့ခေါ်တဲ့ အလွန်အမင်း ချမ်းသာတဲ့ ကမ္ဘာ့ ပထမ တန်းစား နိုင်ငံထဲမှာပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိမှာပါ။ ဒါပေမယ့် လူတိုင်းလိုလို မသိသေးတဲ့ စင်ကာ ပူနိုင်ငံရဲ့ ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ဗဟုသုတ အလို့ငှာ အပျင်းပြေစေကြောင်း အလို့ငှာ အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁. စင်ကာပူနိုင်ငံဟာ ကျွန်းမကြီး ၁ ခု၊ ကျွန်းငယ်လေးပေါင်း ၆၃ ခု ပါဝင်တဲ့ နိုင်ငံငယ်လေးပါ။

၂. မိုနာကို နိုင်ငံလေးပြီးရင် စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူနေထူ ထပ်ဆုံး နိုင်ငံ ပါတဲ့။ နိုင်ငံ ကကျဉ်း လူနေတာကများတော့ ဟုတ်တာပေါ့။ မြန်မာတွေကလည်း ဒီအထဲမှာ အားဖြည့်ထားတယ်

၃. စင်ကာပူနိုင်ရဲ့ ရုံးသုံးစာနဲ့ စကားဟာ အဂ်လိပ်စာနဲ့ စကား ဖြစ်ပေမယ့် "Majulah Singapura" ဆိုတဲ့ စင်ကာပူနိုင်ငံတော် သီချင်းကတော့ 'မလေး' လို စပ်ဆိုထားပါတယ်။ သီချင်းခေါင်းစဉ် နာမည်ကတော့ "Onward Singapore" ပါတဲ့။ဒီသီချင်းကို သီဆိုတဲ့အခါ 'မလေး' လိုပဲ သီဆိုရမယ်လို့ ဥပဒေနဲ့ကို သတ်မှတ် ထားပါတယ်။

၎. "The Merlion" လို့ခေါ်တဲ့ ခြင်္သေ့တစ်ပိုင်း၊ငါးတစ်ပိုင်းအရုပ်ဟာစင်ကာပူနိုင်ငံသင်္ကေတအ ရု ပ်ဖြစ်ပြီး၊ ခြင်္သေ့အရုပ်က စင်ကာပူကို စတင်တွေ့ရှိခဲ့တဲ့ မင်းသားလေးက ဒီကျွန်းမှာ ခြင်္သေ့နဲ့တူတဲ့ သတ္တ ၀ါတွေ တွေ့ရှိခဲ့တာကို အစွဲပြုပုံဖော်ပြီးတော့၊ ငါး ကိုတာ့ စင်ကာပူနိုင်ငံ စဦးကာလဟာ တံငါ ရွာလေး ဖြစ်ခဲ့ တာကို အစွဲပြုပြီး ပေါင်းစပ်ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ စင်ကာပူက အပန်းဖြေ စခန်း 'ဆန်တိုစာ' (Sentosa) ကို သွားရောက်လည်ပတ်ရင်တော့ ဒီပုံပြင်လေးကို ကြည့်ရမှာပါ။



၅. စင်ကာပူနိုင်ငံမှာ အဆောက်အဦးတွေ အားလုံး မီတာ ၂၈၀ထက် ပိုမြင့်ပြီးတည်ဆောက်လို့ မရပါဘူးတဲ့။ အခုလက်ရှိ အဲလောက်မြင့်အောင် ဆောက်ထားတဲ့ အဆောက်အဦး သုံးခု ရှိပါတယ်။ အဲဒါတွေကတော့ OUB Center, UOB Plaza နဲ့ Republic Plaza တို့ပဲ ဖြစ်ပါတယ်။



၆. စင်ကာပူနိုင်ငံရဲ့ အမြင့်ဆုံးနေရာဟာ Bukit Timah လို့ ခေါ်တဲ့ တောင်ကုန်းလေးတစ်ခု ဖြစ်ပြီး အမြင့်ပေ ၁၆၄မီတာသာ မြင့်ပါတယ်။

၇. Suntec City လို့ ခေါ်တဲ့ တာဝါအဆောက်အဦး ငါးခုဟာ စင်ကာပူကို လာဘ်လာဘ ရွှင်စေကြောင်း ယတြာကောင်းချေ လို့ ဖုန်းရွှေ ပညာနဲ့ လက်ဖ၀ါး ပုံစံ ဆောက်လို့ထားပါတယ်။ တာဝါ ငါးခုကို လက်ချောင်း ငါချောင်း သဏ္ဍန် အနိမ့်အမြင့်အတိုင်း တည်ဆောက်ထားပြီး အလယ်မှတော့ လက်ဖ၀ါး သဏ္ဍန် ရေ ပန်းကြီး တစ်ခု ပြုလုပ်ထားပါတယ်။ အဲဒီ ရေပန်း တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၆သန်း ကုန်ကျ ခံကာ ၁၉၉၇ခုနှစ်မှာ တည်ဆောက်ထားပါတဲ့။

၈. စင်ကာပူနိုင်ငံတွင်းမှာ ပီကေ (Chewing Gum) ကိုစားသုံးခြင်း၊သယ်ဆောင်ခြင်း၊လက်ဝယ် ထား ရှိခြင်းပြု လျှင် ကြိမ်ဒဏ်၊ ထောင်ဒဏ် စသည်ဖြင့် ကြီးလေးသော ပြစ်ဒဏ်များ ခံရနိုင်သည်။

၉. ကမ္ဘာပေါ်မှာ မီလျံနာသူဌေးအများဆုံး နိုင်ငံကို ပြပါဆိုရင်စင်ကာပူနိုင်ငံကိုပဲ ပြရမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် က စားရင်းဇယားများအရ စင်ကာပူနိုင်ငံသား အယောက် ၁၀၀မှာ ၁၇ယောက်ဟာ မီလျံနာ သူဌေးများ ဖြစ်ပါတယ်။

၁၀. စင်ကာပူမှာ အရောင်းကောင်းဆုံး စာအုပ်ကတော့ သရဲ ဇတ်လမ်းစာအုပ် ဖြစ်ပြီးတော့ Russell Lee လို့ အမည်ဝှက်နဲ့ ရေးခဲ့တဲ့ စာရေးဆရာရဲ့ "True Singapore Ghost Stories" (စင်ကာပူ၏ သရဲ ဖြစ်ရပ်မှန် ဇတ်လမ်းများ) ဆိုတဲ့ စာအုပ်ကတော့ အတွဲ ၁၁တွဲထိ ထွက်ခဲ့ပြီး အုပ်ရေ ၁သန်းနီးပါး ရောင်းချခဲ့ရပါတယ်။

ref:ချိုးငှက်ဟူသည်

No comments:

Post a Comment