Monday 11 March 2013

ကြက်ဥ ထည့်သည့် သေတ္တာငယ် ၆၅ဝဝ ဖြင့် ဖန်တီးထားသည့် စပစ်ဖိုင်းယား တိုက်လေယာဉ်ကြီး


ကြက်ဥ ထည့်သည့် သေတ္တာငယ် ၆၅ဝဝ ဖြင့် ဖန်တီးထားသည့် စပစ်ဖိုင်းယား တိုက်လေယာဉ်ကြီး

ဗြိတိန်နိုင်ငံမှ ဂျက်ပန်ရိုနှင့်ချား လော့စ်အော်စတန်တို့ နှစ်ဦးသည် ကြက်ဥထည့်သော စက္ကူသေတ္တာငယ် ၆၅ဝဝ ခန့်ကို အသုံးပြု၍ တကယ့် လေယာဉ် အရွယ်အစားနှင့် တူညီသော စပစ်ဖိုင်းယား တိုက်လေယာဉ် တစ်စင်းကို ဖန်တီး တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်း လေယာဉ်အား မတ် ၃ ရက်က ပြတိုက်တစ်ခုတွင် ပြသခဲ့ကြောင်း သိရသည်။ အရှည် ၁၁ မီတာ ရှိသော စပစ်ဖိုင်းယား တိုက်လေယာဉ် ပုံစံအား စာရွက်ချုပ်အပ် ၅ဝဝဝ ခန့်နှင့်အတူ ဆေး ၁ဝ လီတာခန့် အသုံးပြု၍ သီတင်းပတ် ခြောက်ပတ်ကြာ ဖန်တီး တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းလေယာဉ် အား မတ်၎ ရက်တွင် ကျင်းပ သည့် လက်နက်ကိုင် တပ်ဖွဲ့များအား ကူညီထောက်ပံ့ရေး ပွဲတော် အထိမ်း အမှတ် အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စပစ်ဖိုင်းယား လေယာဉ်အား တည်ဆောက်ခဲ့သူ လန်ဒန်မြို့ အရှေ့ပိုင်း ဟက်နီဒေသမှ ဂျက်ပန်ရိုနှင့် ချားလော့စ် အော်စတန်တို့ နှစ်ဦးသည် ၎င်းတို့ ဖန်တီးထားသည့် လေယာဉ်ပုံစံအား ကိန်းဘရစ် ရှိုင်းယားရှိ ဒန်းဖို့တ် စစ်သမိုင်း ပြတိုက်တွင် ပထမဆုံး အကြိမ် ပြသ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

http://bit.ly/Y3sAjw
 
ဗြိတိန်နိုင်ငံမှ ဂျက်ပန်ရိုနှင့်ချား လော့စ်အော်စတန်တို့ နှစ်ဦးသည် ကြက်ဥထည့်သော စက္ကူသေတ္တာငယ် ၆၅ဝဝ ခန့်ကို အသုံးပြု၍ တကယ့် လေယာဉ် အရွယ်အစားနှင့် တူညီသော စပစ်ဖိုင်းယား တိုက်လေယာဉ် တစ်စင်းကို ဖန်တီး တည်ဆောက်ခဲ့ကြောင်း သိရ သည်။
ယင်း လေယာဉ်အား မတ် ၃ ရက်က ပြတိုက်တစ်ခုတွင် ပြသခဲ့ကြောင်း သိရသည်။ အရှည် ၁၁ မီတာ ရှိသော စပစ်ဖိုင်းယား တိုက်လေ ယာဉ် ပုံစံအား စာရွက်ချုပ်အပ် ၅ဝဝဝ ခန့်နှင့်အတူ ဆေး ၁ဝ လီတာခန့် အသုံးပြု၍ သီတင်းပတ် ခြောက်ပတ်ကြာ ဖန်တီး တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းလေယာဉ် အား မတ်၎ ရက်တွင် ကျင်းပ သည့် လက်နက်ကိုင် တပ်ဖွဲ့များ အား ကူညီထောက်ပံ့ရေး ပွဲတော် အထိမ်း အမှတ် အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စပစ်ဖိုင်းယား လေယာဉ်အား တည်ဆောက်ခဲ့သူ လန်ဒန်မြို့ အရှေ့ပိုင်း ဟက်နီဒေသမှ ဂျက်ပန်ရိုနှင့် ချားလော့စ် အော်စ တန်တို့ နှစ်ဦးသည် ၎င်းတို့ ဖန်တီးထားသည့် လေယာဉ်ပုံစံအား ကိန်းဘရစ် ရှိုင်းယားရှိ ဒန်းဖို့တ် စစ်သမိုင်း ပြတိုက်တွင် ပထမဆုံး အကြိမ် ပြသ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ref:မြ၀တီ

No comments:

Post a Comment