Friday 1 February 2013

လှိုင်သာယာမြို့နယ် Star Light ကုမ္ပဏီပိုင်မြေတွင် လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွား

လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်း လမ်းမ ကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ည ပိုင်းကစတင်ကာ လူအုပ်စုလိုက်မြေနေယာဝင်ရောက် ဦးယူမြေကွက် ရိုက်မှု များဖြစ်ပွားလျက်ရှိရာ ယနေ့ညနေပိုင်းအထိ သက်ဆိုင်ရာ ကုမ္ပဏီ ၀န်ထမ်းများနှင့် မြေလာရောက်ဦးယူသူ များကြား ပြသာ ကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ယင်းနေရာသို့ သွားရောက် သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေး ပို့သည်။
မြေဦးသူများက ကိုယ့်သဘောနှင့်ကိုယ် တဲတစ်ကွက်စာ ၀ါးတိုင်များစိုက်ထူကာ ကြိုးများ သွယ်တန်းနေရာ ယူထားခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများက ၀ါးတိုင်းများကိုပြန်စွဲနှုတ်သဖြင့် အပြန်အလှန် အညင်း ပွားနေခြင်းဖြစ်သည်။
"ခုလေးပဲ ဓားတွေနဲ့ထခုတ်ကြတယ်။ လူတွေလည်းရုတ်ရုတ်ဖြစ်နေယ်။ ရဲတွေတော့ထပ်ရောက်လာပြီ။ ရဲတွေစည်ပင်တွေကတော့ရပ်ကြည့်နေတာပဲ" ဟု 7 Day သတင်းထောက်ကပြောသည်။
မြေနေရာလာဦးနေသူများအားမေးမြန်းရာတွင် "မနေ့ညတုန်းက လိုင်းခန်းတွေဘက်မှာသတင်းကြားလို့ တစ်နေရာလောက်ရမလားလာယူကြတာ။ ဒီနေရာမှာဘယ်သူလာစဦးလဲဆိုတာမသိဘူး။ အကွက်ကလည်း ကိုယ်တွေအဆင်ပြေသလိုပဲရိုက်လိုက်ကြတာလေ။ ခဏလောက်ဖြစ်ဖြစ်ဒီမှာတဲထိုးနေရရင် အိမ်လခများ သက်သာမလားလို့" ဟု ဆိုသည်။

7DaysJournal

No comments:

Post a Comment