Friday 1 February 2013

အစ်မဖြစ်သူနှင့် အောင်သွယ်ပေးရန်ခေါ်ဆောင်ကာ သားမယား အဖြစ်ပြုကျင့်သူအား အရေးယူ



၃၀-၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ ဒေါ်xxx (၅၅)နှစ် သည် နေအိမ်တွင်ရှိနေစဉ် ညီမဖြစ်သူ မxxxx(၄၆)နှစ်မှ ခဏလိုက်ခဲ့ရန်လာခေါ်သဖြင့် လိုက်သွားခဲ့ရာ သာကေတမြို့နယ်၊ ဂန္ဓမာလမ်းထိပ်တွင် သမီးဖြစ်သူ မxxxx(၁၄)နှစ်နှင့် ခင်ထွန်း(၁၅)နှစ်တို့အား လူ အများ ၀ိုင်းအုံကြည့်နေသည်ကိုတွေ့ရှိခဲ့ရသည်။

ထိုသို့တွေ့ရှိရသဖြင့် ဒေါ်xxxxမှ သမီးဖြစ်သူအား မေးမြန်းရာ ခင်ထွန်းမှ မxxxxအား အစ်မဖြစ်သူ မxxxxနှင့် အောင်သွယ်ပေးရန်၊ ၎င်းနောက်လိုက်ခဲ့ရန် ပြောဆိုခေါ်ခဲ့ပြီး သာကေတမြို့နယ်၊ ဂန္ဓမာ အနောက်လမ်းရှိရေကန်ဘောင်ပေါ်တွင် ပါးစပ်ပိတ်ကာ သားမယားအဖြစ် ၁ ကြိမ် ပြုကျင့် ခဲ့ကြောင်း ပြောပြသိရှိရ၍ ခင်ထွန်းအား အရေးယူပေးရန် ဒေါ်xxxxမှ တိုင်တန်းခဲ့သဖြင့် သာကေတ အမှတ် (၂)ရဲစခန်း(ပ)၉၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment