Friday 1 February 2013

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေး ၀န်ကြီးအဖြစ် ရာထူးမှမပြောင်းရွှေ့ရန်ဒေသခံများတောင်းဆို


ပန်းတနော်-ဖေဖော်ဝါရီ၁
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ရာထူးမှ မပြောင်းရွှေ့ရန် ဒေသခံတောင် သူနှင့် ရေလုပ်သားအင်အား ၁၀၀၀ခန့်က က ယနေ့နံနက်၁၀ နာရီခန့် တွင် ပန်းတနော်မြို့အ၀င် ဘော်လုံးကွင်းတွင် ဆန္ဒပြတောင်းဆို ခဲ့ကြ သည်။

ဆန္ဒပြသူများ၏အဆိုအရဦးဆန်းဆင့်သည်လယ်မြေအသိမ်းခံရမှုများတွင်လျှော်ကြေးရရှိအောင်ကူညီတောင်းဆိုပေးခြင်းရေလုပ်သားများ၏အခက်အခဲများအားကူညီဆောင်ရွက်ပေးခြင်းနှင့်ပြီးခဲ့သည့်နှစ်အတွင်းကကျရောက်ခဲ့သောရေဘေးတွင်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ထိထိရောက်ရောက်အကူအညီအများရရှိအောင်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။
“အရင်ကဆိုကိုယ့်အိမ်အောက်ကငါးကိုယ်ဖမ်းစားရင်တောင်ထောင်ကျတယ်။ဦးဆန်းဆင့်တက်လာပြီးနောက်ပိုင်းမှာအကူအညီပေးလို့ အခုဒီဒုက္ခတွေကသက်သာရာရတယ်”ဟုဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးကပြောသည်။
ဦးဆန်းဆင့်သည်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အားစွပ်စွဲပြစ်တင်ရန်အတွက်ပြီးခဲ့သည့်နှစ်အတွင်းကကြိုးပမ်းခဲ့ဖူးသည်။ ထိုစဉ်ကတို်င်းဒေသကြီးအစိုးရအဖွဲ့ သည်လွှတ်တော်ကိုယ်စားလှယ်များမှတင်သွင်းမည့်မေးခွန်းများ၊အဆိုများနှင့်ပတ်သတ်ပြီးခြိမ်းခြောက်မှုများတားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့သဖြင့်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သည်လက်ရှိလွှတ်တော်များတွင်ပွင့်လင်းမှုအရှိဆုံးလွတ်တော်အဖြစ်လေ့လာသူများကသဘောထားများပေးခဲ့ကြသည်။

ဓာတ်ပုံ-ထွန်းခိုင်

7Day News Journal

No comments:

Post a Comment