Friday 1 February 2013

အမေရိကန်သံရုံး(ရန်ကုန်)ထုတ်ပြန်ချက်အပေါ် အငြိမ်းစားစစ်သည်ဟောင်းတစ်ဦး၏ တုန့်ပြန်ချက်



အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ် တွင် ဖြစ် ပွားနေသောစစ်ပွဲများအတွက် အလွန်ပင်စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရှိ ရသည့်အတွက် ကျွန်တော်တို့မှလည်း ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်တစား ရှိသည့်အတွက် အလွန်ပင် ဝမ်းသာဂုဏ်ယူမိပါကြောင်း ဦးစွာပြောကြား လိုပါတယ်။ ကျွန်တော်ကတော့ ယခုအချိန်မှာ တိုင်းပြည်တာဝန်တွေကို ကျွန်တော့ သက်တမ်း၆၀ ပြည့်သည်အထိ ကျရာတာဝန်ကို ရောက်ရာဒေ သမှာ ကျေပွန်စွာတာဝန်ထမ်းဆောင်ပြီးလို့ ကျွန်တော်လေးစား ချစ်ခင် တွယ်တာခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ တပ်မတော်ရဲ့သတင်းတွေကို မီဒီယာတွေကနေတဆင့် မျက်စိဖွင့်နားစွင့်နေရတဲ့အချိန်မှာ သံရုံးရဲ့ထုတ်ပြန်ချက်ကို သိရှိလိုက်ရလို့ မခံ စားနိုင်ဘဲ ရင်ဖွင့်တုန့်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။

သံရုံးရဲ့ထုတ်ပြန်ချက်မှာ အစိုးရနဲ့ စစ်တပ်မှ ဇန်နဝါရီ ၁၉ ရက်နေ့ ၀၆၀၀ နာရီမှ စတင်ကာ အပစ်အခတ် ရပ်စဲပြီး ကေအိုင်အေကို မတိုက်တော့ဘူးလို့ ထုတ်ပြန်ခဲ့သော်လည်း လိုင်ဇာအနီးဝန်းကျင်ကို ဆက်လက် ထိုးစစ် ဆင်နေကြောင်း မီဒီယာနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ သတင်းများ အရ ဖော်ပြနေပါ သည်လို့ ပြောကြားထားတာကတော့ ကျွန်တော့်အနေဖြင့် အမေရိကန်သံရုံးကို အနည်းငယ် တုန့် ပြန်ပြောကြား လိုပါတယ်။ အစိုးရသတင်းစာနဲ့ ရုပ်မြင်သံကြားတွေ မှာ နေ့စဉ်နေ့တိုင်း လိုလို ဖော်ပြနေ တဲ့ ကေအိုင်အေရဲ့ လုပ်ရပ်တွေ အကြောင်းကိုတော့ ဘာမှမသိဘူးလား၊ မဖတ်မိဘူးလား၊ မကြည့်မိဘူး လား၊ အဲဒါတွေကရော မီဒီယာ မဟုတ်ဘူးလားလို့ မေးချင်ပါတယ်။ အစိုးရက အပစ်အခတ် ရပ်စဲ လိုက်ပြီ လို့ ကြေညာပြီးနောက်ပိုင်း ကေအိုင်အေက ကာမိုင်းရဲစခန်းကို စီးနင်းတိုက်ခိုက်တာတွေ၊ ဖားကန့်မြို့ နယ်ရှိ ကျောက်မျက်ကုမ္ပဏီနှစ်ခုကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ အရပ်သား များ အား  ပြန်ပေး ဆွဲတာတွေ၊ ပြန်လည်ထွက်ပြေးတဲ့သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ မူဆယ်-လားရှိုး ကားလမ်းမပေါ်ရှိ နမ့်အွန်ရွာအနီး မိုင်းထောင်ဖောက်ခွဲခြင်းတွေ လုပ်ခဲ့တဲ့ ကေအိုင်အေရဲ့ အကြမ်းဖက် လုပ်ရပ် သတင်းတွေ ကို သံရုံးအနေနဲ့ မသိရှိရအောင် သတင်းခေတ်ကြီးမှာ အဲဒီလောက်ထိ အဆင့်အတန်းနိမ့်တဲ့ သံရုံးလား လို့ မေးလိုက်ချင်ပါတယ်။ နောက်ပြီး သံရုံးကြေညာချက်မှာ ကေအိုင်အေရဲ့ စတင်တိုက်ခိုက်မှုနဲ့ အကြမ်း ဖက် လုပ်ရပ်တွေကိုတော့ ဖော်ပြမထားဘဲ တပ်မတော်က တစ်ဘက်သတ် တိုက်ခိုက်နေ သယောင် ဖော်ပြ ထားတဲ့အတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးဟာ ကေအိုင်အေကို ချဉ်းကပ်နေ တာ လားလို့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

 လူသားချင်းစာနာထောက်ထားသောအားဖြင့် ကချင်ပြည်တွင်းစစ်မှာ စစ်တပ်ကတိုက်လေယာဉ်/ ရဟတ် ယာဉ်တွေ အသုံးပြုတာနဲ့ပတ်သက်ပြီး မသုံးသင့်ကြောင်း အမေရိကန်နိုင်ငံက ဝေဖန်ပြောကြား တာ ကို တွေ့လိုက်ရပါသေးတယ်။ ကျွန်တော်သူတို့ကို ပြန်ပြီးမေးခွန်းထုတ်ချင်တာကတော့ အမေရိကန်ရဲ့ အာဖဂန်၊ အီရတ်၊ လစ်ဗျားနိုင်ငံတို့ထိ ကျူးကျော်ပြီး တိုက်လေယာဉ်၊ ဗုံးကြဲလေ ယာဉ်၊ မောင်းသူမဲ့လေ ယာဉ်တွေနဲ့ ဗုံးမျိုးစုံသုံး တိုက်ခိုက်ခဲ့တာတွေ၊ အိုစမာဘင်လာဒင်ကို သတ်ဖြတ်နှိမ်နင်းတုန်းက သက် ဆိုင်ရာနိုင်ငံကို အသိမပေးဘဲ တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး ဝင်ရောက်လုပ်ကြံ သတ်ဖြတ်တာတွေကို သတင်းခေတ်ကြီးမှာ တစ်ကမ္ဘာလုံးက သိရှိပြီးဖြစ်ပါတယ်။ ဒါ့ပြင် ယခုလက်ရှိ ပါကစ္စတန်မှာ အစိုးရက အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေကို UAV တွေ သုံးပြီး တိုက်ခိုက်နှိမ် နင်းနေတဲ့အတွက် အပြစ်မဲ့တဲ့မိန်းမနဲ့ကလေးငယ်တွေ မကြာခဏသေဆုံးဒဏ်ရာရနေတာတွေကိုတော့ အမေရိကန်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားပြီး မလုပ်သင့်ပါဘူးလို့ တားမြစ်ခဲ့တာ မတွေ့မိပါ ဘူး။

စစ်တပ်က သူတို့ဒီနေရာတွေကို ဒီလိုကိစ္စတွေကြောင့် သွားပါမယ်(ကေအိုင်အေစခန်းကုန်းကို သိမ်းဖို့ သွားတာ မဟုတ်ဘူးနော်၊ ရှေ့တန်းမှာ ရိက္ခာပြတ်ပြီးငတ်နေတဲ့စစ်သားတွေကို ရိက္ခာပို့ဖို့သွားတာ)၊ မတိုက် ခိုက်ပါနဲ့လို့ ကြိုတင်အသိပေးပြီးမှသွားတာကို အင်အားအလုံးအရင်းနဲ့ စောင့်ကြိုတိုက်ခိုက်တယ်။ အင်အား နည်းတဲ့ စစ်တပ်စခန်းငယ်တွေကို ကေအိုင်အေက အင်အားနှစ်ထပ်၊ သုံးထပ်ချထားပြီး ဝိုင်းရံ ပိတ်ဆို့ ထား တယ်၊ စစ်သားတွေ အရှင်ဖမ်းဆီးခံရတာတွေကို ဂုဏ်ယူစွာနဲ့ မီဒီယာတွေကနေတဆင့် ပြသတယ် ၊ သေကြေပျက်ဆီးဒဏ်ရာရတာတွေကို သက်ဆိုင်ရာမိသားစုတွေ ပိုမိုဝမ်းနည်း ပူဆွေး ရအောင် ကြိမ်ဖန်များစွာ မီဒီယာတွေကနေတဆင့် ပြသပြောဆိုတယ်။ အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေး လုပ်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းတာကိုလည်း လက်မခံ။ ဒါတွေအားလုံး သည်းမခံနိုင်တဲ့အဆုံးကျမှ စစ်တပ်က ရိက္ခ ပို့ဖို့နဲ့ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ ရှေ့တန်းတပ်တွေကို ကယ်ထုတ်ဖို့ရဟတ်ယာဉ်ကို အသုံးပြုခဲ့တာပါ။ ဒီလိုနေရာမှာ ရဟတ်ယာဉ်မသုံးဘဲ အဲယားပုဂံတို့၊ အဲယားမန္တလေးတို့ သုံးရမှာလား လို့ မေးလိုက် ချင်ပါ တယ်။ ဒါကို လူသားချင်း စာနာထောက်ထားတတ်တဲ့ သူတွေစဉ်းစားချင့်ချိန်ကြဖို့ နှိုင်းယှဉ်ပြရခြင်းဖြစ်ပါ တယ်။

 လူသားချင်းစာနာထောက်ထားသောအားဖြင့်သော်လည်းကောင်း၊ ထိုဒေသရှိ အရပ်သားများ၏ ဘေးကင်း လုံခြုံရေးကို အမေရိကန်ပြည်ထောင်စုအနေဖြင့် များစွာစိုးရိမ်ပူပန်သောကြောင့်သော်လည်းကောင်း စာနာ စိတ် အမှန်တကယ်ရှိလျှင်ဆိုရင်ဖြင့် ထိုဒေသရှိ အပြစ်မဲ့အရပ်သားများအား အတင်းအဓမ္မစစ်သား စုဆောင်းခြင်းမပြုရန်၊ ဒေသခံများ သွားလာအသုံးပြုလျက်ရှိသော ရထားလမ်း၊ ကားလမ်း၊ တာဝါတိုင်များ၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း မပြုလုပ်ရန် ကေအိုင်အို/ကေအိုင်အေတို့ကို ကြေညာချက်ထုတ် တားဆီးပေးနိုင်အောင် ဦးစွာလုပ်ပါအုံးလို့ ပြောလိုက်ချင်ပါတယ်။

အငြိမ်းစားစစ်သည်ဟောင်းတစ်ဦး
from -ဦးဘခက် facebook

No comments:

Post a Comment