Tuesday 5 February 2013

ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်များ အများအပြား ကျက်စားလျက်ရှိသော မုတ္တမ ပင်လယ်ကွေ့အား မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Photo: ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်များ အများအပြား ကျက်စားလျက်ရှိသော မုတ္တမ ပင်လယ်ကွေ့အား မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ  
Tuesday, February 05, 2013 

ဆောင်းခိုငှက်နှင့် ရေပျော်ငှက်များ အများအပြား ကျက်စားလျက်ရှိသော မုတ္တမပင်လယ်ကွေ့အား မြန်မာနိုင်ငံ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ရေတိမ် ဒေသများနေ့ World Wetlands Day 2013 အထိမ်း
အမှတ်နှင့် မုတ္တမ ပင်လယ်ကွေ့အား Ramsar Site အဖြစ် သတ်မှတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ ပေါကြွယ်ဝခဲ့မှုနှင့် သဘာဝအလျှောက်
ပြောင်းလဲလာမှုများကို လူတွေရဲ့ ဆောင်ရွက်မှုတွေကြောင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် ရေတိမ်ဒေသများ လျော့နည်းလာခြင်း တဖြည်းဖြည်း တိမ်းကောပျောက်ကွယ်လာခြင်းများ ဖြစ်ပေါ်လာရပြီး ရေတိမ်ဒေသတွေ
ကနေ ရရှိနိုင်သော သယံဇာတတွေနှင့် ဂေဟစနစ် တန်ဖိုးတွေ လက်လွှတ်ဆုံးရုံးနေရကြောင်း သိရှိရသည်။

ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်တွေသာမက ရေတိမ်ဒေသများက ရရှိသော ဂေဟစနစ် ၀န်ဆောင်မှုများ Wetland Ecosystem Services နှင့် ရေတိမ်ဒေသများကို စနစ်တကျ မှန်ကန်စွာ အသုံးပြုနိုင်ရေး Wise Use 0f Wetland ကိုပါ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ နိုင်ငံတကာ သဘောတူညီချက်အရ ၁၉၇၅ ခုနှစ်တွင် တရားဝင်အဖြစ် ပေါ်ထွက်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ပြီး  ကမ္ဘာ့ဒေသ အသီးသီးတွင် Ramsar Site ပေါင်း ၂၀၈၃ နေရာ သတ်မှတ်နိုင်ခဲ့ပြီး ခန့်မှန်းချေ ဧရိယာ ဟက်တာသန်းပေါင်း ၁၉၇ ပမာဏ ရှိသော ရေတိမ်ဒေသများကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဂေဟစနစ်များ ဖြစ်သော အင်းလေးကန်ဒေသ၊ အင်းတော်ကြီးဒေသ၊ မိုးယွန်းကြီးအင်း ဘေးမဲ့တော၊ မိန်းမလှကျွန်းဘေးမဲ့တောများတွင် ကမ္ဘာ့ရေတိမ်ဒေသနေ့ မတိုင်မီ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်စေရန် ပိုစတာများ စတစ်ကာများနှင့် လက်ကမ်းစာစောင်များအား မြန်မာနိုင်ငံ ငှက်ဝါသနာရှင် အသင်းများနှင့် ပူးပေါင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဒေသများတွင် ဆောင်ခိုငှက်များ ပျံသန်းနားခိုရာ လမ်းကြောင်းမှာ ကျရောက်ပြီး အဓိက လမ်းကြောင်းနှစ်ခုဖြစ်သော Central Asian Flyway နှင့် East Asian Australasian Flyway တို့အတွင်း ပါဝင်ပြီး နှစ်စဉ် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များ ဆောင်းရာသီ ကာလတွင် ကျရောက်ကျက်စားလျက် ရှိပြီး ရုရှားနိုင်ငံ ကမ်ချက်တာ ကျွန်းဆွယ်ဒေသမှာ ကျက်စားသော ရေညှောင့်နှုတ်ဝိုင်းငှက် Spoon-billed Sand piper ငှက်မျိုးစိတ်သည် Critically Endangrerd မျိုးသုန်းလုနီးပါး အန္တရာယ် ကျရောက်နေသော ရေပျော်ငှက်မျိုးစိတ် ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင်
ကောင်ရေ ၁၄၀ မှ ၄၀၀ ခန့်အတွင်းသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မိုးယွန်းကြီးအင်း တစ်နေရာတည်းကိုသာ Ramsar Site သတ်မှတ်ထားနိုင်သေးပြီး နိုင်ငံအတွင်းတွင် ထူးခြားသော
ရေတိမ်ဒေသများကို Ramsar Site အဖြစ် တိုးမြှင့်သတ်မှတ်
ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။

Eleven Media Group

ဆောင်းခိုငှက်နှင့် ရေပျော်ငှက်များ အများအပြားကျက်စားလျက် ရှိသော မုတ္တမပင်လယ်ကွေ့အား မြန်မာနိုင်ငံ ဒုတိယမြောက် Ramsar Site အဖြစ် သတ်မှတ်သွားရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ရေတိမ် ဒေသများနေ့ World Wetlands Day 2013 အထိမ်းအမှတ်နှင့် မုတ္တမပင်လယ်ကွေ့အား Ramsar Site အဖြစ် သတ်မှတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ ပေါကြွယ်ဝခဲ့မှုနှင့် သဘာဝအလျှောက်ပြောင်းလဲလာမှုများကို လူတွေ ရဲ့ ဆောင်ရွက်မှုတွေကြောင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် ရေတိမ်ဒေသများ လျော့နည်းလာခြင်း တဖြည်းဖြည်း တိမ်းကောပျောက်ကွယ်လာခြင်းများ ဖြစ်ပေါ်လာရပြီး ရေတိမ်ဒေသတွေ
ကနေ ရရှိနိုင်သော သယံဇာတတွေနှင့် ဂေဟစနစ် တန်ဖိုးတွေ လက်လွှတ်ဆုံးရုံးနေရကြောင်း သိရှိရသည်။

ဆောင်းခိုငှက်များနှင့် ရေပျော်ငှက်တွေသာမက ရေတိမ်ဒေသများက ရရှိသော ဂေဟစနစ် ၀န်ဆောင်မှုများ Wetland Ecosystem Services နှင့် ရေတိမ်ဒေသများကို စနစ်တကျ မှန်ကန်စွာ အသုံးပြုနိုင်ရေး Wise Use 0f Wetland ကိုပါ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ နိုင်ငံတကာ သဘောတူညီချက်အရ ၁၉၇၅ ခုနှစ်တွင် တရားဝင်အဖြစ် ပေါ်ထွက်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ဒေသ အသီးသီးတွင် Ramsar Site ပေါင်း ၂၀၈၃ နေရာ သတ်မှတ်နိုင်ခဲ့ပြီး ခန့်မှန်းချေ ဧရိယာ ဟက်တာသန်းပေါင်း ၁၉၇ ပမာဏ ရှိသော ရေတိမ်ဒေသများကို ထိန်းသိမ်းကာကွယ်
စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဂေဟစနစ်များ ဖြစ်သော အင်းလေးကန်ဒေသ၊ အင်းတော်ကြီးဒေသ၊ မိုးယွန်းကြီး အင်း ဘေးမဲ့တော၊ မိန်းမလှကျွန်းဘေးမဲ့တောများတွင် ကမ္ဘာ့ရေတိမ်ဒေသနေ့ မတိုင်မီ ဒေသခံပြည်သူ များ၏ ပူးပေါင်းပါဝင်စေရန် ပိုစတာများ စတစ်ကာများနှင့်လက်ကမ်းစာစောင်များအား မြန်မာနိုင်ငံ ငှက်ဝါသနာရှင် အသင်းများနှင့် ပူးပေါင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ ရေတိမ်ဒေသများတွင် ဆောင်ခိုငှက်များ ပျံသန်းနားခိုရာလမ်းကြောင်းမှာ ကျရောက်ပြီး အဓိက လမ်းကြောင်းနှစ်ခုဖြစ်သော Central Asian Flyway နှင့် East Asian Australasian Flyway တို့အတွင်း ပါဝင်ပြီး နှစ်စဉ်ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များ ဆောင်းရာသီ ကာလတွင် ကျရောက်ကျက်စား လျက်ရှိပြီး ရုရှားနိုင်ငံ ကမ်ချက်တာ ကျွန်းဆွယ်ဒေသမှာ ကျက်စားသော ရေညှောင့်နှုတ်ဝိုင်းငှက် Spoon-billed Sand piper ငှက်မျိုးစိတ်သည် Critically Endangrerd မျိုးသုန်းလုနီးပါးအန္တရာယ် ကျရောက်နေသော ရေပျော်ငှက်မျိုးစိတ် ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင်ကောင်ရေ ၁၄၀ မှ ၄၀၀ ခန့်အတွင်းသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မိုးယွန်းကြီးအင်း တစ်နေရာတည်းကိုသာ Ramsar Site သတ်မှတ် ထားနိုင်သေး ပြီး နိုင်ငံအတွင်းတွင် ထူးခြားသောရေတိမ်ဒေသများကို Ramsar Site အဖြစ် တိုးမြှင့်သတ်မှတ်ဆောင် ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment