၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိတ်-ရန်ကုန် ခရီးစဉ်အဖြစ်
ပျံသန်းခဲ့သည့် လေယာဉ်ခရီးစဉ် အမှတ် XY - AGA ဖော်ကာ F - 28 အမျိုးအစား
လေယာဉ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၈၀၀
နာရီအချိန် တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်အမှုထမ်း ၅ ဦး၊
ခရီးသည် ၇၀ ဦးတို့ဖြင့် ထွက်ခွာလာရာ ၀၈၃၀ အချိန်ခန့်တွင်
ညာဘက်အင်ဂျင်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက် ခဲ့ကြောင်း သိရှိရသည်။
ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား မြန်မာ့လေကြောင်းနှင့် အဲကမ္ဘောဇ (AIR KBZ) လေကြောင်း လိုင်း တို့မှ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ကျွမ်းကျင် အင်ဂျင်နီယာ များမှလေယာဉ်အားပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့လေကြောင်းပိုင် ဖော်ကာ F - 28 လေယာဉ်များ သည် သက်တမ်းအလွန်ကြာရှည်နေပြီဖြစ်ပြီး မကြာ ခဏ စက်ချို့ယွင်းမှုများဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သော နိုဝင်ဘာလအတွင်းကလည်း ရန်ကုန် မှ နေပြည်တော် သို့ ထွက်ခွာလာသည့် ဖော်ကာ F - 28လေယာဉ် တစ်စီး နေပြည်တော်လေ ဆိပ် တွင် ဘီး ချ၍ မရသဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။
မြန်မာ့လေကြောင်းအနေဖြင့် သက်တမ်းရင့်နေပြီဖြစ်သော ဖော်ကာ F 28 လေယာဉ်များအစား ဘရာဇီး နိုင်ငံလုပ် EMBRAER 190 လေယာဉ်များဖြင့် အစားထိုး ပြေးဆွဲရန်ပြင်ဆင်နေကြောင်း သိရှိရပြီး ၀ယ်ယူထားသည့် EMBRAER 190 လေယာဉ်တစ်စီး သည် ၂၀၁၂ ဒီဇင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာကြောင်း သိရှိရသည်။
မြန်မာ့လေကြောင်းသည် ပြည်တွင်းခရီးစဉ်များအတွက် ATR - 72 နှစ်စင်း၊ ATR - 42 တစင်း၊ ဖော်ကာ F - 28 သုံးစင်း၊ ဖော်ကာ F - 27 နှစ်စင်း စုစုပေါင်း ရှစ်စင်းဖြင့် ခရီးစဉ် ၂၅ ခုကို ပြေးဆွဲခဲ့ရာမှ ၂၀၁၀ ဒီဇင် ဘာလ ၁ရက်နေ့က ဖော်ကာ F-27 လေယာဉ်များနေရာ၌ တရုတ် နိုင်ငံလုပ် MA 60 လေယာဉ် သုံးစင်းဖြင့် အစားထိုးပြေးဆွဲခဲ့ပြီး ၊ ယခု ဖော်ကာ F – 28လေယာဉ်များ အစား EMBRAER 190 လေယာဉ် များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာ့ လေကြောင်းမှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
Mynamar Online News

No comments:
Post a Comment