Friday 14 December 2012

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင် ကစားနည်း အောင်ပွဲရရေး ကြိုတင်လေ့ကျင့် ပြင်ဆင်


အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) များကို ၁၉၅၉ ခုနှစ်မှစ၍ ကျင်းပ လာခဲ့ရာ ယခု (၂၇) ကြိမ်မြောက် ဆီးဂိမ်းကို မြန်မာ နိုင်ငံတွင် လက်ခံ ကျင်းပမည် ဖြစ်သည်။

အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်၌ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၅ ဦး စက်တင်ဘာ ၁ ရက်မှစ၍ စခန်းဝင် လေ့ကျင့်လျက် ရှိသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် စစ်တုရင် အားကစားနည်း ငါးမျိုး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ရာ အပြည်ပြည် ဆိုင်ရာ စစ်တုရင်၊ ကျပန်း စစ်တုရင်၊ အမြန်ရွှေ့ စစ်တုရင်၊ အာဆီယံ စစ်တုရင်နှင့် မြန်မာ့ရိုးရာ စစ်တုရင် အားကစား နည်းတို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment