Friday 14 December 2012

စစ်ကိုင်းပြတ်ရွေ့ အကြောင်း ငလျင်ဆိုင်ရာ Documentary မှတ်တမ်းရုပ်ရှင်ရိုက်ကူး


စစ်ကိုင်းပြတ်ရွေ့ အကြောင်း ငလျင်ဆိုင်ရာ  Documentary မှတ်တမ်းရုပ်ရှင်ရိုက်ကူး
================================
လှိုင်ထွေးအောင်
================================
နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သောစစ်ကိုင်း၊ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကို အခြေခံ၍ ငလျင်ဆိုင်ရာ စစ်ကိုင်း ပြတ်ရွေ့ Documentary  မှတ်တမ်းတင်ရုပ်ရှင်ကို MIRACLE POST Online Knowledge Center ဒီဇင်ဘာလ ၉ရက် နေ့မှ ၁၅ရက်နေ့အထိ ငလျင်ဒဏ်ခံဒေသများသို့ သွားရောက်၍ ကွင်းဆင်းရိုက်ကူးနေကြောင်းသိရသည်။ 
''ငလျင်လှုပ်လို့ ပျက်စီးသွားတဲ့နေရာတွေက ဒေသခံတွေနဲ့တွေ့ပြီးမေးတယ်။ အပျက်အစီးတွေကို မှတ်တမ်း တင်ရိုက်ယူတယ်။ ကျွန်တော်တို့အဓိက ထားရိုက်တာက လက်ရှိအပျက်အစီးတွေအပါအဝင် စစ်ကိုင်းပြတ်ရွေ့ ဆိုင်ရာ ဗဟုသုတတွေကို ပြည်သူတွေသိအောင် သတင်းပေးမျှဝေဖို့စိတ်ကူးနဲ့ လာရောက်ရိုက်ကူးတာပါ။ မန္တလေး တက္ကသိုလ်က ဆရာလည်းဖြစ်၊ ပညာရှင်လည်းဖြစ်တဲ့ ဆရာဦးနေလင်း၊ စစ်ကိုင်းက ငလျင်အကြောင်းစာအုပ် ရေးသားသူ မျိုးသူရ(စစ်ကိုင်း)တို့နဲ့လည်း စစ်ကိုင်းပြတ်ရွေ့ဆိုင်ရာ သိကောင်း စရာတွေအင်တာဗျူး လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဦးစီး ဦးဝဏကျော်က စစ်ကိုင်းပြတ်ရွေ့နဲ့ပတ်သတ်ပြီး ပြည်သူတွေ သိသင့်တယ် လို့ ပြောတဲ့ အတွက်ရုပ်သံအဖြစ်ရိုက်ကူးဖြစ်တာပါ။ အကျိုးစီးပွားအတွက် ရိုက်တာမ ဟုတ်ပါဘူး။''ဟု ထုတ်လုပ်မှု ဒါရိုက်တာ မင်းကြည်သိန်းကပြောသည်။

စစ်ကိုင်းပြတ်ရွေ့ ငလျင်ဆိုင်ရာ Documentary မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရာတွင် ကမ္ဘာကြီးစတင် ဖြစ်ပေါ် လာပုံ နှင့် ငလျင်ဗဟုသုတ၊ မြန်မာနိုင်ငံငလျင်လှုပ်ခဲ့သည့် သမိုင်းကြောင်း၊ လက်ရှိလှုပ်ခတ်ပြီးပျက်စီးမှု များနှင့် မည်သို့ ကြိုတင် ပြင်ဆင်သင့်သည် စသည့် အချက်များကို အဓိကအခြေခံ၍ရိုက်ကူးမည်ဖြစ်သည်။ ရိုက်ကူး ထုတ်လုပ် မှုကို အပိုင်း ၃ပိုင်းခွဲ၍ တင်ပြသွားမည်ဖြစ်သည်။ Documentary မှတ်တမ်းတင်ဇာတ်လမ်းတို အပိုင်း တစ်ပိုင်း အတွက် ပြသချိန် ၁၅မိနစ်မှ မိနစ် ၂ဝအတွင်းရှိမည်ဖြစ်ကြောင်းသိရသည်။နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သောစစ်ကိုင်း၊ မန္တလေး ငလျင်ကြီးဖြစ်ပေါ် ခဲ့မှုကို အခြေခံ၍ ငလျင်ဆိုင်ရာ စစ်ကိုင်း ပြတ်ရွေ့ Documentary မှတ်တမ်းတင်ရုပ်ရှင်ကို MIRACLE POST Online Knowledge Center ဒီဇင်ဘာလ ၉ရက် နေ့မှ ၁၅ရက်နေ့အထိ ငလျင်ဒဏ်  ခံဒေသ များသို့ သွားရောက်၍ ကွင်းဆင်းရိုက်ကူးနေကြောင်းသိရသည်။
''ငလျင်လှုပ်လို့ ပျက်စီးသွားတဲ့နေရာတွေက ဒေသ ခံတွေနဲ့ တွေ့ပြီးမေး တယ်။ အပျက်အစီးတွေကို မှတ်တမ်း တင်ရိုက်ယူတယ်။ ကျွန်တော်တို့အဓိက ထားရိုက်တာက လက်ရှိအပျက်အစီးတွေအပါအဝင် စစ်ကိုင်းပြတ်ရွေ့ ဆိုင်ရာ ဗဟုသုတတွေကို ပြည်သူတွေသိအောင် သတင်းပေးမျှဝေဖို့စိတ်ကူးနဲ့ လာရောက်ရိုက်ကူးတာပါ။ မန္တလေး တက္ကသိုလ်က ဆရာလည်းဖြစ်၊ ပညာရှင်လည်းဖြစ်တဲ့ ဆရာဦးနေလင်း၊ စစ်ကိုင်းက ငလျင်အကြောင်းစာအုပ် ရေးသားသူ မျိုးသူရ (စစ်ကိုင်း) တို့နဲ့လည်း စစ်ကိုင်းပြတ်ရွေ့ဆိုင်ရာ သိကောင်း စရာတွေအင်တာဗျူး လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဦးစီး ဦးဝဏကျော်က စစ်ကိုင်းပြတ်ရွေ့နဲ့ပတ်သတ်ပြီး ပြည်သူတွေ သိသင့်တယ် လို့ ပြောတဲ့ အတွက်ရုပ်သံအဖြစ်ရိုက်ကူးဖြစ်တာပါ။ အကျိုးစီးပွားအတွက် ရိုက်တာမ ဟုတ်ပါဘူး။''ဟု ထုတ်လုပ်မှု ဒါရိုက်တာ မင်းကြည်သိန်းကပြောသည်။

စစ်ကိုင်းပြတ်ရွေ့ ငလျင်ဆိုင်ရာ Documentary မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရာတွင် ကမ္ဘာကြီး စတင် ဖြစ်ပေါ် လာပုံ နှင့် ငလျင်ဗဟုသုတ၊ မြန်မာနိုင်ငံငလျင်လှုပ်ခဲ့သည့် သမိုင်းကြောင်း၊ လက်ရှိ လှုပ်ခတ်ပြီးပျက်စီးမှု များနှင့် မည်သို့ ကြိုတင် ပြင်ဆင်သင့်သည် စသည့် အချက်များကို အဓိက အခြေခံ၍ ရိုက်ကူးမည်ဖြစ်သည်။ ရိုက်ကူး ထုတ်လုပ် မှုကို အပိုင်း ၃ပိုင်းခွဲ၍ တင်ပြ သွားမည်ဖြစ် သည်။ Documentary မှတ်တမ်းတင်ဇာတ်လမ်းတို အပိုင်း တစ်ပိုင်း အတွက် ပြသချိန် ၁၅မိနစ်မှ မိနစ် ၂ဝအတွင်းရှိမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment