အမေရိကန် နိုင်ငံအနေဖြင့် မကြာသေးမီက အာရှ ဒေသသို့ မဟာ ဗျူ ဟာပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အရှေ့အလယ် ပိုင်း ဒေသတွင် ၎င်းတို့၏ တည်ရှိနေမှုအားထိန်းသိမ်းသွား မည် ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး
လီယွန် ပန်နက်တာ က ဒီဇင်ဘာလ ၁၁ ရက်နေ့ ကူဝိတ် နိုင်ငံသို့ ခရီးစဉ် အတွင်း
ပြော ကြား ခဲ့ ပါသည်။
အမေရိကန် နိုင်ငံသည် အာရှ- ပစိဖိတ် ဒေသတွင်
ခေတ်မီ စစ်လက်နက် ပစ္စည်းများ အပါအဝင် ၎င်းတို့၏ စစ်ရေယာဉ် စုအား တပ်ဖြန့်
ချထားနိုင်ရေး စီစဉ်ထားကြောင်း၊ ဒုတိယ မြောက် လေယာဉ်တင် သင်္ဘော အား
ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း အရှေ့အလယ်ပိုင်း ဒေသတွင် လေယာဉ်တင်သင်္ဘော တစ်စီး အား ၂ လကြာ ထားရှိသွားမည် ဖြစ်ကြောင်း လီယွန် ပန်နက်တာက
ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံ အနေဖြင့် အာရှ- ပစိဖိတ်ဒေသ
တစ်ဝန်းလုံး၌ စစ်သင်္ဘော များနှင့် အမေရိကန် တပ်ဖွဲ့ ဝင် ၅ဝ,ဝဝဝ ခန့်
ထားရှိပြီး ဖြစ်ကြောင်း ပန်နက်တာက ထပ်လောင်း ပြောကြားခဲ့ပါ သည်။
အမေရိကန် နိုင်ငံသည် အာရှ- ပစိဖိတ် ဒေသတွင် ခေတ်မီ စစ်လက်နက် ပစ္စည်းများ အပါအဝင် ၎င်းတို့၏ စစ်ရေယာဉ် စုအား တပ်ဖြန့် ချထားနိုင်ရေး စီစဉ်ထားကြောင်း၊ ဒုတိယ မြောက် လေယာဉ်တင် သင်္ဘော အား ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း အရှေ့အလယ်ပိုင်း ဒေသတွင် လေယာဉ်တင်သင်္ဘော တစ်စီး အား ၂ လကြာ ထားရှိသွားမည် ဖြစ်ကြောင်း လီယွန် ပန်နက်တာက ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံ အနေဖြင့် အာရှ- ပစိဖိတ်ဒေသ တစ်ဝန်းလုံး၌ စစ်သင်္ဘော များနှင့် အမေရိကန် တပ်ဖွဲ့ ဝင် ၅ဝ,ဝဝဝ ခန့် ထားရှိပြီး ဖြစ်ကြောင်း ပန်နက်တာက ထပ်လောင်း ပြောကြားခဲ့ပါ သည်။
No comments:
Post a Comment