Friday 14 December 2012

ရန်ကုန်တက္ကသိုလ်မွမ်းမံရေး ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှုးမြို့နယ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင် ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ရန်ကုန် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
"ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေး က်ာမတီ"က ဦးဆောင်ပြုလုပ်တဲ့ ဒီကနေ့အခမ်း အနားမှာ ကော်မတီဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရန်ကုန် တက္ကသိုလ် ပြန်လည်ပြုပြင်ရေး ၊ လိုအပ်တဲ့ ရန်ပုံငွေ အလှူငွေ စတဲ့ကိစ္စရပ်တွေအပါအဝင် ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။

တစ်နာရီဝန်းကျင်ကြာ ဆွေးနွေးပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်းယဆောင်၊ စစ်ကိုင်းဆောင် နဲ့ ဘွဲ့နှင်းသဘင် ခန်းမကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ "ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက် အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို ဒေါက်တာ မောင်မောင်ဝင့် ၊ ဒေါက် တာ အောင်ကျော်၊ ဒေါက်တာ တင်ထွန်း ၊ ဦးဇော်ဌေး ၊ ဒေါက်တာ မြင့်ဇူမင်း ၊ ဒေါက်တာ ခင်စောငွေ တို့အပါ အဝင် ပါမောက္ခချုပ်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

No comments:

Post a Comment