ပေါ်တူဂီနှင့် ရီးယဲလ် တောင်ပံ ကစားသမား ခရစ္စတီ ယာနို ရော်နယ်ဒို သည်
ပြိုင်ဘက်အာဂျင်တီးနား တိုက်စစ်မှူး လီယိုနယ်မက်ဆီ ကဲ့သို့ပင် အလွန် ခြေစွမ်းကောင်းသော ကစားသမား ဖြစ်သည်ဟု မန်ယူနည်းပြ ဖာဂူဆန်က အခိုင်အမာ
ပြောကြားထားကြောင်း သိရသည်။ ရော်နယ်ဒို သည်၂ဝဝ၉ ခုနှစ် ဇွန်လ တွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာခဲ့သူ
ဖြစ်သည်။ သို့သော် ယခု အချိန်တွင် နည်းပြ ဖာဂူဆန်သည် အဆိုပါ ရီးယဲ ကစား
သမားနှင့် ပြန်လည် လက်တွဲခွင့် ရရေး ကို စောင့်ဆိုင်းလျက် ရှိသည်။
နည်းပြ ဖာဂူဆန်သည် ရော်နယ်ဒိုအား ပေါင်သန်း ၈ဝ ဖြင့်ခေါ်ယူရန် မျှော်မှန်းထားပြီး အဆိုပါ ကစားသမား သည် ၎င်းနည်းပြလုပ်သော သက်တမ်းတစ်လျှောက် ဘာကာမှမက်ဆီကဲ့သို့ပင် အကောင်းဆုံး ကစား သမားတစ်ဦးဖြစ်သည်ဟုယူဆထားကြောင်းသိရသည်။ ရော်နယ်ဒိုနှင့် မက်ဆီတို့ နှစ်ဦးကြားမည်သို့သော ကွာခြားချက်မျိုးမှမရှိကြောင်း၊ ၎င်းတို့ နှစ်ဦးလုံးသည် ကမ္ဘာ့အကောင်းဆုံးကစားသမားများ ပင် ဖြစ် ကြောင်း ဖာဂူဆန်က ပြောကြား ထားသည်။
မြ၀တီ

No comments:
Post a Comment