ဖန်တီးသူကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်က Harrod Blank
အမည်ရ လူတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က သူ့မှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ ပတ်ပတ် လည် ကင်မရာတွေနဲ့ ကိုယ်ထည်ပြုလုပ်ထားတဲ့ ကားကို မောင်းနှင် ရတာ ဖြစ်ပါတယ်။ယင်းအိပ်မက်ကို တကယ် အကောင်အထည်ဖော်ဖို့စိတ်ကူပြီး သူငယ် ချင်း အချို့ ရဲ့ အကူအညီနဲ့ ဗန်ကားကို ကင်မရာများ တပ်ဆင် ပါတော့ တယ်။ ၁၉၉၅ ခုနှစ်တော့ အားလုံးပြီးစီးသွားပါတယ်။ ကင်မရာကို ကားမှာ ခိုင်အောင်တပ်ထားဖို့ဆိုတာ မလွယ်ကူပါဘူး။
သို့ပေမယ့် နောက်ဆုံးတော့ အောင်မြင်သွားပါတယ်။ ခရီးကြမ်းသွားလည်း ကင်မရာများ ပြုတ်မကျပါဘူး။ ယင်းကားနဲ့ပဲ အလှပြခရီးအဖြစ် နီးစပ်ရာမြို့ တွေတောင် လည်လိုက်ပါသေးတယ်။
သူပိုက်ဆံဖြုန်းပြီး ဖန်တီးလိုက်တဲ့ ကင်မရာကားဟာ ဘာပဲ ဖြစ်ဖြစ် နာမည်ကျော် လူသိများသွား ရပါတယ်။
From : ရိုးရာလေး သတင်း
YoYarLay
YoYarLay
No comments:
Post a Comment