Monday 1 October 2012

သမ္မတဦးသိန်းစိန်ရဲ့ တစ်ပတ်ကြာ အမေရိကန်ခရီးစဉ်ဟာ မြန်မာနဲ့ အမေရိကန်အစိုးရတို့အကြား စာမျက် နှာသစ် ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း Xinhua သတင်းမှ ဖော်ပြ

သမ္မတဦးသိန်းစိန်ရဲ့ တစ်ပတ်ကြာ အမေရိကန်ခရီးစဉ်ဟာ မြန်မာနဲ့ အမေရိကန်အစိုးရတို့အကြား စာမျက် နှာသစ် ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း Xinhua သတင်းမှာ သုံးသပ်ရေးသားထားပါတယ်။ စက်တင်ဘာ ၂၄ ကနေ ၃၀-ရက် အထိ သွားရောက်ခဲ့တဲ့ ဥိးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ နှစ်ပေါင်း ၄၆ နှစ်အတွင်း   မြန်မာထိပ်တန်းခေါင်း ဆောင်တစ်ဦးရဲ့ ပထမဆုံး အမေရိကန်ခရီးစဉ် ဖြစ်ပါတယ်။ 
 သမ္မတဦးသိန်းစိန် နယူးယောက်ကိုရောက်ပြီး the Mark Hotel မှာတည်းနေစဉ် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဖုန်းခေါ်နှုတ်ဆက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ကလည်း သူနဲ့သူ့အစိုးရဟာ ဒီမိုကရေစီပြောင်းလဲရေးကို ဆက်လုပ်မဲ့အကြောင်း ထပ်မံကတိပေးခဲ့ပါတယ်။
 ဒါ့အပြင် မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကို အချိန်တိုအတွင်းမှာဘဲ အမေရိကန်အစိုးရက အသိအမှတ်   ပြုလိုက်တာ ဟာ သူနဲ့သူ့အစိုးရကို အပြောင်းအလဲတွေဆက်လုပ်ဖို့ တွန်းအားပေးသလိုဖြစ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က နိုင်ငံ ခြားရေးဝန်ကြီး ကလင်တန်ကို ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment