Monday 1 October 2012

ပြည်ပခရီးသွားများ ရခိုင်ရှေးဟောင်း နယ်မြေများသို့ ဝင်ရောက်ခွင့်ရပြီ



1/Oct/2012


ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့တွင် ယာယီပိတ်ထားခဲ့သော ပြည်ပခရီးသည် ဝင်ရောက်ခွင့် ကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ
အခြေအနေများတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာမည့် ပြည်ပခရီးသွား ဧည့်သည်များအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ လာရောက် လည်ပတ်ခွင့်ကို ယာယီရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီလို ဝင်ရောက်ခွင့် ယာယီရပ်တန့်ထားခဲ့တာက စစ်တွေကို ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေ မတော်တဆများ တစ်ခုခု ဖြစ်သွားရင် နိုင်ငံမှာ တာဝန်ရှိတဲ့အတွက်ပါ။ လက်ရှိ အခြေအနေမှာလဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီ့ထက် တည်ငြိမ်မှုရအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ ယခင်က ဝင်ရောက်ခွင့်ကို ယာယီကန့်သတ်ထားခဲ့တဲ့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် ဒေသတွေကိုလဲ အခုဆိုရင် သွားလာခွင့်ပြုလိုက်ပြီ” ဟု ယင်းက ပြောသည်။ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်ခြောက်ခုတွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ပြန်လည်သုံးသပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ “ခရီးသွားလုပ်ငန်း ယာယီပိတ်လိုက်တုန်းကဆိုရင် ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ စက်လှေတွေ အပါအဝင် ဒေသခံလုပ်ငန်းရှင်တွေ တော်တော်အခက်တွေ့ခဲ့ပါတယ်။ အခုလို ပြန်ဖွင့်ပေးလိုက်တော့ ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်သူတွေအတွက် ပိုအဆင်ပြေသွားတာပေါ့” ဟု စစ်တွေမြို့တွင် ဖွင့်လှစ်ထားသည့် ရွှေသဇင်ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေက ပြောကြားသည်။ ယခုကဲ့သို့ ပြည်ပခရီးသွားများကို ဝင်ထွက်ခွင့်ပြုလိုက်သည့်အတွက် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြရသော ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်လာစေရန် အတွက် မျှော်လင့်နေကြကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် ဧပြီမှ ယခုနှစ် မတ်အထိ ကောက်ယူခဲ့သော စစ်တမ်းအရ တရုတ်နိုင်ငံက ၆၅၁၂၁ ဦး၊ ထိုင်းနိုင်ငံက ၆၄၂၆၇ ဦး၊ ပြင်သစ်နိုင်ငံက ၂၂၆၆၄ ဦး၊ ဂျာမနီနိုင်ငံက ၁၆၃၃၁ ဦးနှင့် ဗြိတိန်နိုင်ငံမှ ၁၄၇၅၈ ဦး ဝင်ရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

News from : ခေတ်လူငယ်

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့တွင် ယာယီပိတ်ထားခဲ့သော ပြည်ပခရီးသည် ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ

အခြေအနေများတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာမည့် ပြည်ပခရီးသွား ဧည့်သည်များအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ လာရောက် လည်ပတ်ခွင့်ကို ယာယီရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီလို ဝင်ရောက်ခွင့် ယာယီရပ်တန့်ထားခဲ့တာက စစ်တွေကို ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေ မတော်တဆများ တစ်ခုခု ဖြစ်သွားရင် နိုင်ငံမှာ တာဝန်ရှိတဲ့အတွက်ပါ။ လက်ရှိ အခြေအနေမှာလဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီ့ထက် တည်ငြိမ်မှုရအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ ယခင်က ဝင်ရောက်ခွင့်ကို ယာယီကန့်သတ်ထားခဲ့တဲ့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် ဒေသတွေကိုလဲ အခုဆိုရင် သွားလာခွင့်ပြုလိုက်ပြီ” ဟု ယင်းက ပြောသည်။ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်ခြောက်ခုတွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ပြန်လည်သုံးသပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ “ခရီးသွားလုပ်ငန်း ယာယီပိတ်လိုက်တုန်းကဆိုရင် ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ စက်လှေတွေ အပါအဝင် ဒေသခံလုပ်ငန်းရှင်တွေ တော်တော်အခက်တွေ့ခဲ့ပါတယ်။ အခုလို ပြန်ဖွင့်ပေးလိုက်တော့ ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်သူတွေအတွက် ပိုအဆင်ပြေသွားတာပေါ့” ဟု စစ်တွေမြို့တွင် ဖွင့်လှစ်ထားသည့် ရွှေသဇင်ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေက ပြောကြားသည်။ ယခုကဲ့သို့ ပြည်ပခရီးသွားများကို ဝင်ထွက်ခွင့်ပြုလိုက်သည့်အတွက် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြရသော ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်လာစေရန် အတွက် မျှော်လင့်နေကြကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် ဧပြီမှ ယခုနှစ် မတ်အထိ ကောက်ယူခဲ့သော စစ်တမ်းအရ တရုတ်နိုင်ငံက ၆၅၁၂၁ ဦး၊ ထိုင်းနိုင်ငံက ၆၄၂၆၇ ဦး၊ ပြင်သစ်နိုင်ငံက ၂၂၆၆၄ ဦး၊ ဂျာမနီနိုင်ငံက ၁၆၃၃၁ ဦးနှင့် ဗြိတိန်နိုင်ငံမှ ၁၄၇၅၈ ဦး ဝင်ရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

News from : ခေတ်လူငယ်

No comments:

Post a Comment