Monday 1 October 2012

ABSDF ပါဂျောင်(၃၈)ဦးသတ်ဖြတ်မှုသည် နိုင်ငံတကာရာဇဝတ်မှုသာဖြစ်သည်



ABSDF ပါဂျောင်(၃၈)ဦးသတ်ဖြတ်မှုသည် နိုင်ငံတကာရာဇဝတ်မှုသာဖြစ်သည်ဆိုတဲ့ခေါင်းစဉ်နဲ့ဆာင်းပါးတ ပုဒ်ကို ၂-၁၀-၂၀၁၂ ရက်ထုတ် NEWS WATCH WEEKLY ဂျာနယ်အတွဲ (ရ) ၊အမှတ်(၆၅) မှာရေးသားထားပါတယ်။ဆောင်းပါးရှင်ကတော့ မောင်ဌေးဦး(စိန်ဂျွန်း)ဆိုသူဖြစ်ပါတယ်။ 

မတရားလူမဆန်စွာညှင်းပန်းသတ်ဖြတ်ခံရသူများအတွက် တရားလမ်းကြောင်းမှလွဲမှားသွား၍ အမှန်တရား များ၊တရားမျှတမှုများ၊အပြည့်အဝခံစားခွင့်မရမည်ကိုစိုးရီမ်ကြောင့်ကျမိသဖြင့် ဤဆောင်းပါး ကိုရေး သား ရခြ င်းဖြစ်ကြောင်းအစချီကာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)၊လူသားမျိုးနွယ်အားဆန်.ကျင် ကျုးလွန် မှု(Crime against humanity) နှင့် စစ်ရာဇဝတ်မှု(War Crime)တို.သည်နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များနှင့်အတူ နုရင်ဘတ်အပြည်ပြည်ဆိုင်ရာစစ်ရာဇဝတ် ခုံရုံးမှအဓိပ္ပါယ်ဖွင့်ဆိုထားသော စစ်ဖြစ်ပွါးနေချိန်(သို.)ငြီမ်းချမ်းချိန်တွင် ကျုးလွန်သော လူသား မျိုးနွယ် အားဆန်.ကျင်သောရာဇဝတ်မှုများသည်ပြစ်မှုကျုးလွန်ရာနိုင်ငံဥပဒေတွင်အဆိုပါပြစ်မှုများကိုပြ ဌါန်း မထား လျှင်လည်း ဤနိုင်ငံတကာဥပဒေနှင့်သက်ဆိုင်ကြောင်းဖော်ပြထားသည်ဟု ဆိုပြီးလူပေါင်း တ ရာကျော်ကိုစစ်ထောက်လှမ်းရေး ဟုစွပ်စွဲဖမ်းဆီးကာ ၃၈ ဦးကိုအပြင်းအထန် ညှင်း ပ န်းနှိပ်စ က်၍ လူသားမဆန်ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည်သာမန်လူသတ်မှုအမျိုးအစားမဟုတ်ကြောင်း ထင်ရှား သည်။်

အပြည်ပြည်ဆိုင်ရာစစ်ရာဇဝတ်မှုဖြင့်တရားစွဲလိုပါက စွဲဆိုနိုင်ခွင့်ရှိသူများမှာ နိုင်ငံတော်အစိုးရမှ လည်းကောင်း၊လုံခြုံရေးကောင်စီမှလည်းကောင်း၊ကုလ အထွေထွေအတွင်းရေးမှုး၏တင်ပြချက်အပေါ် လုံခြုံရေးကောင် စီ၏ထောက်ခံချက်ဖြင့်လည်းကောင်း တရားစွဲဆိုနိုင်သည်၊ထိုကြောင့်ပါဂျောင်စခန်း တွင်ကျောင်း သားကျောင်းသူပေါင်း တရာကျော်ကိုစစ်ထောက်လှမ်းရေးဟုစွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကို အပြင်း အထန်ညှင်းပန်းနှိပ်စက်၍လူသားမဆန်ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည် လူသား မျိုးနွယ်အား ဆန်. ကျင်သောရာဇဝတ်မှု(Crime against humanity)ဖြစ်သည်ဟုသူယုံကြည်ကြောင်းနှ င့်မြန်မာ တရားသူကြီးများပါဝင်သောအပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် အပြည်ပြည်တဆိုင် ရာတရားဥပဒေစံနှုန်းများနှင့်အညီကြားနာစစ်ဆေးမှုပြုနိုင်မှသာ စွပ်စွဲခံရသူများရော၊နစ်နာဆုံးရှုံးခဲ့ရသူ များအတွက်ပါတရားမျှတမှုကိုခံစားရမှာဖြစ်ကြောင်း၊ထိုကြောင့်နစ်နာသူမိသားစုဝင်များ၊လွတ်မြောက်လာသောကျောင်း သားဟောင်း များအနေနှင့်ကော်မရှင်ဖွဲ.စုံစမ်းစစ်ဆေးရန်တောင်းဆိုနေမှုထက် အပြည်ပြည် ဆိုင်ရာ ရာဇဝ တ် မှု ခုံရုံးတခုမြန်မာနိုင်ငံတွင်လာရောင်ဖွင့်လှစ်၍အမှုကိကြားနားစစ်ဆေးပေးပါရန် နိုင်ငံတော် သမ္မတကြီး အား ၎င်း၊ကုလ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းထံသို.၎င်း၊ကုလ လုံခြုံရေးကောင်စီဥက္ကဌ ထံလိပ်မူ ၍တောင်းဆိုခြင်းကတရားနည်းလမ်းမှန်ကန်လီမ့်မည်ဟုယူဆကြောင်း မတရားပြုကျင့်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ပေါက်စေခြင်းအကျိုးဌာရေးသားထားကြောင်း --------ဟုရေးသားဖော်ပြ ထား ပါသည်

No comments:

Post a Comment