Monday 1 October 2012

NLD ရှေ့ရေး .. ဗကပ အတွေး (၂၉.၉.၂၀၁၂)

(၁) ဤဆောင်းပါးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်) နာယက ဦးတင်ဦးက ‘ဒေါ်အောင် ဆန်းစုကြည်ကို အမြဲအား ကိုးနေလို့မဖြစ်’ ဟု ပြောတာကို ဖတ်ရလို့ ရေးလို့ရပြီဆိုပြီး ရေးခြင်းဖြစ်သည်။

(၂) ဒေါ်စု တယောက် လွှတ်တော်ပြေးတက်လိုက်။ အိမ်ပြန်ပြီး တညလောက်အိပ်။ ကော့မှူးကိုထွက် လုပ်နေရတာ။ ဒီကြားထဲ နိုင်ငံခြားထွက်တာတွေ တွေ့ပြီး ဒီ (၆၇) နှစ်အရွယ်နဲ့ ဘယ်လောက်ကြာကြာ လုပ်နိုင်မှာလဲလို့ စဉ်းစားမိသည်။ သူ ဗမာပြည်နိုင်ငံရေးထဲ ၀င်လာတော့တောင် အသက် (၄၀) ကျော်နေပြီ၊ သူ့အဖေလို လူငယ်ခြေတက်ဘ၀နဲ့ လုပ်ရတာ မဟုတ်။

ဒါ့ထက်အရေးကြီးတာက

- ပါတီဥက္ကဋ္ဌလုပ်နေသူက ပါတီလုပ်ငန်းမလုပ်နိုင်ဖြစ်လျှင် ပါတီစည်းလုံးရေး ပျက်ပြားတတ်သည်၊ ကြားနေရတဲ့ သတင်း တွေက မကောင်းပါ၊ ၁၉၆၂ အာဏာသိမ်းပွဲ ပြီးစက သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်အောင်ကြီးက ‘ဦးနုက ကိုယ့်ပါတီကို ပင် မထိန်းသိမ်းနိုင်တော့လို့ သူတို့စစ်အုပ်စုက တိုင်းပြည်ကို ၀င်ထိန်းဖို့ အာဏာသိမ်းရတာ’ ဟု ပြောခဲ့သည်။ (ဒီချုပ် ခေါင်းဆောင်များ သတိပြုကြဖို့ပါ။)

- စစ်တပ်အာဘော် ဂျာနယ်မှာတော့ ဒေါ်စုကို ဒီချုပ်ခေါင်းဆောင်မလုပ်ဘဲ (statesman) ပဲ လုပ်ဖို့   ဗြောင်ရေးနေပြီ။

(၃) ကြုံကြိုက်လို့ ရေးခွင့်ပြုပါ။

- ဒေါက်တာမောင်မောင်သမ္မတ လုပ်တုန်းက ပါတီစုံ ရွေးကောက်ပွဲလုပ်ပေးမည်ဆိုပြီး ရွေးကောက် ပွဲ ကော်မရှင်ဖွဲ့ပေး သွားသည်။ ထိုအခါက မိမိတို့ငြင်းပယ်ခဲ့သည်။ ဘာကြောင့်လဲ ‘၁၉၇၄ အခြေခံဥပဒေ’ အောက်ကို ဆွဲသွင်းနေလို့ ဖြစ် သည်။ သူဖျက်ပေးတာက အဲဒီအခြေခံဥပဒေထဲက ပုဒ်မတခုနဲ့ ပတ်သက်တာတွေကိုပဲ ဖျက်ပေးတာ ဖြစ်သည်။ တခြား ပုဒ်မတွေကို မဖျက်သိမ်း။

- န၀တ က ‘၁၉၉၀’ ရွေးကောက်ပွဲလုပ်ပေးတော့ ‘ရွေးကောက်ပွဲကော်မရှင်’ က ဒေါက်တာမောင်မောင် ဖွဲ့ပေးတဲ့ ကော်မ ရှင်ပါပဲ၊ (ဒါပေမဲ့) ‘၁၉၇၄ အခြေခံဥပဒေ’ ဖျက်သိမ်းပြီး ဖြစ်သည်၊ ဒါကြောင့် ‘ဗကပ’ က ‘ရွေးကောက်ပွဲ သပိတ်မမှောက်နဲ့ ဒီချုပ်ကို ပုံအောပြီး မဲပေးကြ’ လို့ ဆော်သြခဲ့သည်။

(၄) ‘၂၀၁၅ ရွေးကောက်ပွဲ’ ကို ‘၂၀၀၈ အခြေခံဥပဒေ’ အရ လုပ်မှာဖြစ်သလို ရွေးကောက်ပွဲကော်မရှင်က လည်း အခု လက်ရှိကော်မရှင်က လုပ်မှာဖြစ်သည်။ ဒါကြောင့် ‘ဗကပ’ က ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြမည်။

- ပြီးခဲ့တဲ့အတွေ့အညကံအရဆိုလျှင် မိမိတို့အနည်းစု ဖြစ်နိုင်သည်၊ ကိစ္စမရှိ၊ (ဗကပ ရဲ့ ကြံဆချက် ‘ဒီမို ၂၀၀၆’ ကိုတင်ပြတုန်းက (လမ်းပြမြေပုံ RM (၇) ချက်စလုံး အဆင့်တိုင်း တိုက်ဖျက်မည်ဟု လောဘတကြီး   ပြောခဲ့သူများကနောက်ဆုံးတော့ ဘာမှ မတိုက်ဖျက်နိုင်ခဲ့တဲ့ အတွေ့အကြုံကို ‘ဗကပ’ ရထားပြီ   ဖြစ်သည်။)

- အခု ပိုခက်လိမ့်မည်။ ‘၂၀၀၈ အခြေခံဥပဒေ’ ကို လက်ခံနေကြပြီ၊ ‘၂၀၁၅’ ကို မျှော်နေကြပြီ။ ၁၉၄၀ ကာလတုန်းက လည်း ရာခိုင်နှုန်းအများစု တပြည်လုံးဆိုပါစို့ ဂျပန် မျှော်ကြသည်၊ ‘ဗကပ’ မပါခဲ့ပါ။

- ‘၂၀၀၈ အခြေခံဥပဒေ’ အောက်ကို ခေါင်းငုံ့ဝင်ဖို့ ‘ဟ’ ပေးတဲ့ အပေါက်ထဲတိုးဝင်မိရင် ‘စည်းကမ်းပြည့်ဝ’ တဲ့ ဒီမိုကရေစီ ရဲ့ အနိုင်ကျင့်တာ ခံရလိမ့်မည်။ ဒီချုပ် လစ်ဟင်းလို့ ကျမ်းကိုင်ခဲ့ရပြီ။

(၅) ဦးတင်ဦးရဲ့ ‘ညည်းချင်း’ ကြားခဲ့ရပြီ၊ အခု ကိုယ့်ကိုယ်ကို ဝေဖန်ရေးသဘောတွေ့ရလို့ ရေးလိုက်ပြီ။

- ဒီချုပ်သက်တမ်း ရှည်စေချင်လို့

- ဒီတခါက ‘၁၉၉၀ အလံ’ ကို စွန့်လိုက်တာမျိုး။ ‘ရွှေဂုံတိုင်ရပ်တည်ချက်’ စွန့်လိုက်တာမျိုး မဟုတ်ဘဲ ဗမာ့နိုင်ငံရေးမှာ
ဖြစ်လေ့ရှိသလို ပုဂ္ဂိုလ်တဦးရဲ့ ခေါင်းဆောင်မှုလည်း မရှိရော တပါတီလုံး ဆန်ကွဲကြဲသလိုအဖြစ်မျိုး ဒီချုပ် မတိုးစေချင် လို့ စေတနာနဲ့ ရေးပါသည်။

ပြည်သူ့အာဏာ ဂျာနယ်

(၂၉- ၉ – ၂၀၁၂)

No comments:

Post a Comment