မြန်မာနိုင်ငံ၏
အင်တာနက်စနစ်၌ အဓိကအားထားအသုံးပြု နေရသည့ှ်SE ME WE 3
အင်တာနေရှင်နယ် ဆက်ကြောင်းမှာ သက်တမ်း ၂၀ ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ကြောင်း
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။ ““SE ME WE 3 ရဲ့ သက်တမ်း ဟာ
20 Years လောက်ဖြစ်သွားပါပြီ။ သူတို့တွေအာမခံချက်ပေးတာကတော့ 30, 35 Years
လောက်ပဲပေး ထားတာပါ။ အခုဆိုရင် စင်ကာပူကနေ ကမကထပြုလုပ် ဆောင်ရွက်တဲ့ SE ME
WE 5 ကို ချိတ် ဆက်ဆောင် ရွက်နိုင်ဖို့ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်””ဟု
ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်း ပပြုလုပ်သည့် ကွန်ပျူတာအသင်းချုပ်နှင့်
ကွန်ပျူတာအသင်းများ၏ နှစ်ပတ်လည်အခမ်းအနား ၌ ပြောကြားခဲ့သည်။
SE ME WE 3
ဆက်ကြောင်းသည် နိုင်ငံပေါင်း ၃၄ နိုင်ငံမှီခို အသုံးပြုနေသည့်
ဆက်ကြောင်းတစ် ခုဖြစ်သည့်အပြင် သက်တမ်းအနေဖြင့်လည်း
ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် နိုင်ငံပေါင်း ၁၈ နိုင်ငံ တို့သည် SE ME WE 5
ဆက် ကြောင်းသစ်နှင့်ချိတ်ဆက်အသုံးပြုနိုင်ရန် သဘောတူညီစာချုပ်ကို ချုပ်ဆိုနိုင် ရန်ကြိုးပမ်းနေကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth သည် စတင်ချိတ်ဆက်
အသုံးပြုခါစက 45Mbps
သာရှိခဲ့သော်လည်း ယခုအခါ၌ 14G အထိရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယခင်က စင်ကာပူ၊
ဟောင်ကောင်နှင့် အရှေ့နိုင်ငံများမှသာ အင်တာနက်ဆက်ကြောင်းများကို
ချိတ်ဆက် အသုံးပြုခဲ့သော်လည်း ယခုအခါ၌ ကမ္ဘာအနောက်ဘက်ခြမ်းမှ လာရောက်သည့်
ဆက်ကြောင်းသစ်များနှင့် လည်း ချိတ်ဆက်အသုံးပြု လျက်ရှိသည်ဟုသိရသည်။ SE ME WE
3 ဆက်ကြောင်းသည် မကြာခဏပြတ်တောက်လေ့ရှိသည့် ဆက်ကြောင်းအဟောင်း
တစ်ခုဖြစ်သည့်အတွက် အခြားသော ဆက်ကြောင်းသစ်များနှင့် ချိတ်ဆက်နိုင်ရန်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အနေဖြင့် လွန်ခဲ့သော ၂၀၁၁
ခုနှစ် ကတည်းက စီစဉ်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သော်လည်း ယနေ့အချိန် အထိ သဘော တူညီမှုစာချုပ်ချုပ်ဆို နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့် အဆင့်ထိသာ ရှိသေးကြောင်းသိရသည်။
ref:IJ

No comments:
Post a Comment