Wednesday 26 September 2012

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာ

Wednesday, September 26, 2012
သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး လုံခြုံရေးအဖွဲ့ Secret Service ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ဂရု စိုက်ပါတယ်။ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်း ဆောင်ရွက်ပါတယ်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းတွေ့၊ ကြိုဆိုဖို့ လုပ်တာကိုတောင် ခွင့်မပြုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ နာရီဝက်စောပြီး ဟိုတယ် ကို ရောက်လာတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခန်းတခုထဲမှာ အနားယူနေစေပြီး သတ်မှတ်အ ချိန်ရောက်မှ သမ္မတအခန်းရှေ့ကို လုံခြုံရေး အထပ်ထပ် အသင့်ပြင်ပြီးမှ ခေါ်ယူလာပါတယ်၊ အပြန်မှာ လည်း လုံခြုံရေး အဆင့်ဆင့်နဲ့ ခေါ်ထုတ်သွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့အတူ ပါလာတဲ့ ၀န်ကြီးတွေ၊ အရာရှိကြီးတွေ၊ လုံခြုံရေးအရာရှိကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနဘက်က တာဝန်ယူထား သူတွေကမှ မြန်မာမီဒီယာတွေကို ပိုပြီး ဖော်ရွေ ခင်မင်နေတာ တွေ့ရပါတယ်။

No comments:

Post a Comment