Wednesday 26 September 2012

အိန္ဒိယ ကုမ္ပဏီမှ ဘင်္ဂလီတစ်ဦး ရခိုင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်

Wednesday, 26 September 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjnhh6DxbMBeTV9Vr6ZlyzBHhHy2G8VGzShQH7E09NmpzMCsrHxnU3uCuUZcanItNLEENyNn4lVjOKauwEElcCHMrIUaVQkc-KFI7DPxIuxcaHiBi9c3B8biuxfe0nrPWfryPTFDyf7s8/s1600/DSCF2073+copy.jpg


ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ၊ စည်ပုတ်ကေထောင့်မှ (ဘ)ဦးမောင်ကြချမ်း (မ)ဒေါ်ဗွီစိကေတို့ သမီးဖြစ်သူ အသက်(၁၇)နှစ် ရှိသော မရွှေဇင်အေးအား အိန္ဒိယကုမ္ပဏီ
၏ အလုပ်သမားဖြစ်သော ဘင်္ဂလီတစ်ဦးဖြစ်သူ အာလီကူးမားသည် ယင်းမိန်း ကလေးကို ယနေ့မနက်(၉)နာရီတွင် အဓမ္မမုဒိန်းကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။


" အဲဒီဘင်္ဂလီက မရွှေဇင်အေးကို မနက်စောစော အလုပ်လုပ်ဖို့ဆိုပြီး ခေါ်
သွားပါတယ်။ ပြီးတော့ မရွှေဇင်အေးကို ခါးကိုဖက်ကာ ဆွဲလားယမ်းလား
လုပ်နေတုန်း ဗမာမန်နေဂျာက တွေ့သွားတဲ့အတွက် ဟန့်တားနိုင်ခဲ့ပါတယ်။
 မုဒိန်းကျင့်မခံလိုက်ရဘူး။

အဲဒီအမှုကို ဒီနေ့ ညနေ(၃)နာရီလောက်က ကျောက်ဖြူလူငယ်တွေက ကွင်းဆင်းကာ
သက်သေဖြစ်သူ မရွှေရွှေအေးနဲ့ ကျောက်ဖြူမြို့မှ ရဲစခန်းတွင် အမှုဖွင့်ပေးခဲ့ကြပါတယ်။ " ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

Arakan Times

No comments:

Post a Comment