Wednesday 26 September 2012

"ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့် များ မြန်မာသို့ လာရောက်ရန် စိတ်ဝင်စား"

Wednesday, 26 September 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေ ရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ်ရရှိခဲ့ခြင်းကြောင့် အမေရိကန်နိုင် ငံသားများ မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားလာကြကြောင်း ခရီးသွားလုပ်ငန်း များမှ သိရသည်။
''အမေရိကန် ဧည့်က အရင် ကထက် ၅ဝ ရာခိုင်နှုန်းလောက်ကို တက်လာ တာ'' ဟု သင်္ဂဇာ ခရီးသွားလုပ်ငန်းမှ ဦးတင်ထွန်းအောင်က ပြောသည်။
ထို့အပြင် အမေရိကန်နိုင်ငံသားများကို အစ္စလာမ် နိုင်ငံအချို့သို့ ခရီး သွားလာခွင့် တားမြစ်ထား ခြင်းကြောင့် မြန်မာနိုင်ငံသို့ အမေရိကန်ဧည့် ပိုဝင်လာကြောင်း ခရီး သွားလုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။
အမေရိကန် အစိုးရသည် နိုင်ငံသားများ၏ လုံခြုံရေးအတွက် ခရီးသွားခွင့် တားမြစ်ထားသည့် နိုင်ငံများ ထုတ်ပြန်လေ့ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတွင်း လုံခြုံaရး ကောင်းမွန်မှုကြောင့် ယခုနှစ် ခရီးသွားဧည့် ပိုမိုတိုးလာခြင်းဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ပြောသည်။ အမေရိကန်သားတို့ သည် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင် စားလာခြင်းကလည်း အမေရိကန် ဧည့်ဝင်ရောက်မှု တိုးတက်ရာတွင် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း ပတ္တမြားမြေ ခရီးသွားလုပ်ငန်းမှ ဦးအေးကျော်က ပြောသည်။
''အမေရိကန်တွေက တစ် နိုင်ငံလုံးကို သွားဖို့ စိတ်ဝင်စား တယ်။ အခုဆို ကချင်ကလည်း စစ်ဖြစ်နေတယ်။ မြောက်ဦးကိုလည်း ခရီးသွားခွင့် ပိတ်ထားတဲ့အတွက် မန္တလေးတို့၊ ဟဲဟိုးတို့ကို သွားကြ တယ်'' ဟု ၄င်းက ပြောသည်။
အမေရိကန် နိုင်ငံသားများ သည် ယခင်နှစ်များစွာက မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်မှု နည်းပါးခဲ့သည်။ သို့သော် ၂ဝ၁၁ ခုနှစ်မှစ၍ အစိုးရသစ်၏ အပြောင်း အလဲများကြောင့် အမေရိကန်က ၄င်းတို့ နိုင်ငံသားများအား မြန်မာ နိုင်ငံသို့ ခရီးသွားလာခွင့်ကို ပြန်လည်ဖွင့်ပေး ခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသားများ ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်မှုပိုမိုများပြားလာကြခြင်
း ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment