Monday, 31 August 2015

ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများ ဥပဒေဘောင်အတွင်းမှ ဒီချုပ်ကန့်ကွက်မည်



ဥတ္တရသီရိမြိုနယ်၊မင်းကုန်းကျေးရွာအုပ်စု၊ဆယ်ကန်ရွာတွင် ရွေးကောက်ပွဲပညာပေးဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေသခံများကိုသြဂုတ်၃၀ရက်က တွေ့ရစဉ် (ဓာတ်ပုံ−NLD Chairperson)
 ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေးကာလမရောက်မီ စည်းမျဉ်းစည်းကမ်းနှင့်မညီသော မဲဆွယ်ခြင်းများပြုလုပ်ပါက ဥပဒေဘောင်အတွင်းမှ ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လွတ်လပ်ခွင့်ပေးရန် ထေရ၀ါဒကွန်ရက် တောင်းဆို


 နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန်အတွက် အစိုးရကို တောင်းဆို ကြောင်း ထေရ၀ါဒဓမ္မကွန်ရက်က သြဂုတ် ၃၀ ရက် နိုင်ငံတော်ဘာ သာနေ့တွင် ထုတ်ပြန်သည်။
ထေရ၀ါဒ ဓမ္မကွန်ရက်၏ဦးဆောင်မှုဖြင့် နိုင်ငံတော်ဘာသာ နေ့အခမ်းအနားများကို ၂၀၁၃ မှ စတင်ကျင်းပခဲ့သော်လည်း အစိုး ရအနေဖြင့် လွတ်လပ်စွာ ကျင်းပ ခွင့်မပြုဘဲ ကန့်သတ်မှုများ ရှိခဲ့ ခြင်း၊ နိုင်ငံတော် ဘာသာနေ့ဟု ခေါင်းစဉ်တပ်၍ ကျင်းပခွင့်မပြု ခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ကွန်ရက်သဘာပတိ  ဓမ္မစက္ကဦးမောင်မောင်က ပြော ကြားသည်။
ထေရ၀ါဒဓမ္မကွန်ရက်တွင် မြို့နယ်အဖွဲ့ခွဲများ၊ မနောဖြူ၊ ဗ လငါးတန်၊ မျိုးချစ်သွေး၊ ၀ံသပါ လ စသည့် လူမှုရေးပရဟိတအဖွဲ့ ပေါင်း ၁၀၀ ကျော်ဖြင့် ၂၀၁၃၌ စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

‘‘အစိုးရက အစစ အရာရာ စိုးရိမ်နေတာရှိပါတယ်။ ကျွန် တော်တို့က ရှင်းပြပါတယ်။ သူတို့ က ဒီပွဲကိုခွင့်ပြုချင်စိတ်မရှိဘူး။ ဒီနေ့ကိုတောင်မှ မေတ္တာအခါ တော်နေ့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ လုပ် ခွင့်ပေးတယ်။ နိုင်ငံတော်ဘာသာ နေ့ဆိုတာကို ခွင့်မပြုဘူး။ ဒါပေမဲ့ ဖမ်းချင်ဖမ်းဆို လုပ်ရတာ’’ဟု၎င်း ကပြောသည်။

အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်


ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။

ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။

အရပ်သားကို မဖွယ်မရာ ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် စခန်းမှူးတစ်ဦးတိုင်ကြားခံရ


ရဲစခန်းရှေ့တွင် ဆိုင်ကယ် စီးရင်း သူငယ်ချင်းအချင်းချင်း ဆဲ ဆိုသွားသည့် အရပ်သားတစ်ဦး ကို ဖမ်းဆီး၍ မဖွယ်မရာ ဆက် ဆံခဲ့သည်ဟုဆိုကာ သဲကုန်းမြို့ နယ် အင်းမနယ်မြေ ရဲစခန်းမှူး အား အရေးယူပေးရန် ပြည်ထဲ ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ် တို့ထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။သြဂုတ် ၂၄ ရက် ညပိုင်း တွင် အင်းမနယ်မြေရဲစခန်းရှေ့ ရန်ကုန်-ပြည်ကားလမ်းမကြီး ပေါ်တွင် မောင်ဆန်းနှစ်ဦးနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ကယ် မောင်းနှင်သွားရင်း အချင်းချင်း ဆဲဆိုသွားကြောင်း၊ ၎င်းတို့နှစ်ဦး ကို အင်းမနယ်မြေရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ကာ ရဲစခန်းသို့ ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖမ်းဆီးခံရသူ မောင်ဆန်းနှစ်ဦး၏ အဒေါ်ဒေါ်ခင်ခင်ညိုက ပြောသည်။

Saturday, 29 August 2015

အောင်သူကို ပြည်ပကလပ်များ ကမ်းလှမ်းမှုမရှိသေး


၂၀၁၄ အာဆီယံလူငယ်အကောင်းဆုံးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူက ပြည်ပထွက်ကစားရန် ဆန္ဒရှိသော်လည်း ပြည်ပ ကလပ်အသင်းများမှ ကမ်းလှမ်းမှုမရှိသေးကြောင်း သတင်းရရှိသည်။ ‘‘ပြည်ပထွက်ကစားဖို့  အတွက်  ဆန္ဒရှိပါတယ်။   ဒါပေမဲ့ ကမ်းလှမ်းမှုမရှိတဲ့အခါ ကစားချင် တယ်ပြောလည်း  အလကားပဲ။ ပြည်တွင်းက  ကစားသမားတွေ ပြည်ပထွက်ကစားတဲ့သူနည်း တော့  ပြည်ပကလပ်တွေကလည်း ကမ်းလှမ်းမှုမရှိဘူး။ အဖွဲ့ချုပ်ကို တောင်းဆိုချင်ပါတယ်။  ပြည်ပ ကလပ်တွေနဲ့ချိတ်ဆက်ပေးဖို့ အတွက်။ ဒါမှ ပြည်တွင်းကစားသမားတွေအတွက် လမ်းပွင့်သွားမှာ’’ဟုအောင်သူကပြောသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဇော်ဇော် ဈေးကွက်ရှာဖွေရေးကဏ္ဍကို အဓိကလုပ်ဆောင်မည်

အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် အချိန်ပိုင်းသာ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ဈေးကွက်ရှာဖွေရေးကဏ္ဍကို အဓိက   လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
သြဂုတ် ၂၂ရက်က ရန်ကုန် မြို့ နိုဗိုတယ်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်အ စည်းအဝေး၌ အာဆီယံဘောလုံး အဖွဲ့ချုပ်အမှုဆောင်အဖွဲ့ကို ပြန် လည်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော် ဇော်က ဒုတိယဥက္ကဋ္ဌအဖြစ် ရွေး ချယ်ခံခဲ့ရသည်။ လက်ရှိအာဆီယံ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဆန္ဒအရ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော်လည်း အချိန်ပိုင်းသာတာဝန်ယူရမည်ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောသည်။

မလေးရှားတွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ပြည်သူများ စုရုံးဆန္ဒပြ


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် ပြည်သူ ထောင်နှင့်သောင်းနှင့်ချီ စုရုံးကာ ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ် နုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။ဝန်ကြီးချုပ် နာဂျစ်ဘ်သည် ငွေကြေးအရှုပ်တော်ပုံတစ်ရပ် ပေါ်ပေါက်လာသည့်နောက် ပြည်သူများ၏ ဒေါသထွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မလေးရှားတွင် ဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြမှုများကို နှစ်ရက်ဆက်တိုက် ပြုလုပ်ရန် စီစဉ်ထားပြီး ဩဂုတ် ၂၉ ရက်တွင် ကွာလာလမ်ပူ၌ စုရုံးဆန္ဒပြကြခြင်း ဖြစ်သည်။နာဂျစ်ဘ်၏ ဘဏ်အကောင့်ထဲတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်မျှကို အမည်မသိ နိုင်ငံခြား အလှူရှင်များက ငွေလွှဲ ထည့်သွင်းပေးထားကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ယခုလို အခြေအနေမျိုး ကြုံလာခြင်း ဖြစ်သည်။ နိုင်ငံ၏ ကြွေးမြီစာရင်းများကို ပြန်လည်သုံးသပ်သည့် စုံစမ်းစစ်ဆေးမှု တစ်ခုတွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နာဂျစ်ဘ်ကမူ မိမိအနေဖြင့် မည်သည့် အမှားအယွင်းကိုမျှ ပြုလုပ်မထားဟု ငြင်းချက်ထုတ်ထားသည်။

လိပ်ကျွန်း လူသတ်မှုအတွက် တက္ကသိုလ်မှ ကျွမ်းကျင်သည့် ပါမောက္ခအဆင့်ရှိ ဘာသာပြန် လိုအပ်နေ


 ကော့သောင်း(လိပ်ကျွန်း) ဗြိတိန်လူမျိုးနှစ်ဦး အသတ်ခံမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး၏ အမှုတွင် ထိုင်းနှင့် မြန်မာနှစ်ဘာသာ ဘာသာပြန် လိုအပ်နေ သည်ဟု အမှုကို ကူညီဆောင်ရွက်ပေးနေ သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က မဇ္စျိမကို ပြောသည်။
လူသတ်မှုဖြင့် စွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ဘက်မှ တက္ကသိုလ်မှ ကျွမ်းကျင်သည့် ပါမောက္ခအဆင့်ရှိ ဘာသာပြန် လိုအပ်နေခြင်း ဖြစ်သည်။
“ ဘာသာပြန်ပေါ့၊ ထိုင်းဘာသာ၊ မြန်မာဘာသာနဲ့ပတ်သက်တဲ့ တကယ်တမ်း အထင်ကရဖြစ်တဲ့ တက္ကသိုလ် ပါမောက္ခလိုမျိုး တရားခွင်မှာ လာရောက်ကူညီပေးမယ်ဆိုရင်တော့ တရားခွင်ကလေး စားလောက် တဲ့လူ၊ မြန်မာလူမျိုးတွေ ဘယ်နှစ်မျိုး ရှိတယ်၊ ဘယ်လူမျိုးက ဘယ်လိုရှိတယ်ဆိုတာတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးအကြောင်း၊ လူမျိုးစုအကြောင်းတွေကို ကျကျနန ဘာသာပြန်ပေးနိုင် လို့ရှိရင် ပိုကောင်း သွားမယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အစ်ကိုဖြစ်သူ၏ အပြစ်အတွက် ညီမနှစ်ဦး မုဒိမ်းကျင့်ခံပြီး ပေးဆပ်ရန် အိန္ဒိယ ကျေးရွာကောင်စီတစ်ခု အမိန့်ချ


အစ်ကိုဖြစ်သူ၏ လူမှုရေး ဖောက်ပြန်မှုအတွက် ညီမနှစ်ဦးကို မုဒိမ်းပြန်ကျင့်ရန် ကျေးရွာအုပ်ချုပ်ရေး ကောင်စီတစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယတွင် ဒေါသတကြီး ဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်လာကြောင်း သိရသည်။
မိန်းကလေး နှစ်ဦး၏ အစ်ကိုသည် မျိုးရိုးအဆင့်အတန်း ပိုမြင့်သည့် မိသားစု တစ်ခုမှ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို ခိုးပြေးသွားသည့်နောက် မိန်းကလေးနှစ်ဦးက ကိုယ်စား အပြစ်ဒဏ် ခံယူရန် ကျေးရွာအုပ်ချုပ်ရေး ကောင်စီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ၏ ဟိန္ဒူဘာသာရေး အခြေပြု လူ့အဖွဲ့အစည်းတွင် မျိုးရိုးအဆင့်အတန်း ခွဲခြားဆက်ဆံမှုများ ပြင်းပြင်းထန်ထန် ကျန်ရှိနေဆဲ ဖြစ်သည်။
ကျေးရွာကောင်စီ ဆုံးဖြတ်ချက်အရ မုဒိမ်းကျင့်ခံပြီး အစ်ကို၏ အပြစ်ကြွေးကို ပေးဆပ်ရမည့် မိန်းကလေး နှစ်ဦးအနက် တစ်ဦးသည် ၁၅ နှစ်မျှသာ ရှိသေးသည်။ အဆိုပါ မိန်းကလေးနှင့် အစ်မဖြစ်သူ အသက် ၂၃ နှစ်အရွယ် မီနက်ရှီကူမာရီတို့သည် မုဒိမ်းကျင့်သည့် ပြစ်ဒဏ်ကို ခံယူပြီးပါက တစ်ကိုယ်လုံး ဗလာကျင်း အဝတ်ချွတ်ပြီး ကျေးရွာထဲ လှည့်လည်သွားလာကာ မိသားစုကိုယ်စား အရှက်ရစေရမည်ဟု အမျိုးသားများချည်း ပါဝင်ဖွဲ့စည်းထားသည့် ကျေးရွာကောင်စီက ဆုံးဖြတ်ခဲ့သည်။

ရေဘေးကြောင့် မထုတ်ပြန်နိုင်သည့် မဲစာရင်း စက်တင်ဘာလဆန်းတွင် ထုတ်မည်


သြဂုတ် ၂၃ရက်တွင် ထုတ်ပြန်ရန် ရည်ရွယ်ထားသော်လည်းရေဘေးကြောင့် မထုတ်ပြန်နိုင်ခဲ့သည့် တစ်နိုင်ငံလုံး မဲစာရင်းများကို စက်တင်ဘာလဆန်းတွင် ထုတ်ပြန် မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးစောဘလှိုင်က သြဂုတ် ၂၉ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက "ကော်မရှင်အစည်းအဝေးတွေမှာတော့ ရက်ကိုမပြောသေးဘူး။ စက်တင်ဘာလဆန်းပိုင်းလို့ပဲ သိရတယ်။ ဥက္ကဌကလည်း ရန်ကုန်ကိုရောက်နေပါတယ်။ ဒီတစ်ခါတော့ တစ်နိုင်ငံလုံး ကစာရင်းတွေ ကိုထုတ်မှာ" ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုအချက်အလက်ထိန်းသိမ်းရာဌာန(ဗဟိုဆာဗာ) အတွင်း တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင်စာရင်း ၃၂သန်းကျော်ရောက်ရှိနေပြီးဖြစ်ကြောင်း ဥက္ကဌ ဦးတင်အေးက ဆိုထား သည်။

စင်္ကာပူ ကြက်ခြေနီအသင်း ကရေဘေးကူရန် စစ်ကိုင်းတိုင်း ကိုလာမည်


စင်္ကာပူ ကြက်ခြေနီအသင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ မိသားစု ၁၂၀၀ကျော်အား ကူညီနိုင်ရန် အဖွဲ့နှစ်ဖွဲ့စေလွှတ် မည်ဖြစ်သည်။
ရှေ့ပြေးအသင်းတစ်ဖွဲ့က သြဂုတ် ၂၉ တွင် စင်္ကာပူမှ ထွက်ခွာမည်ဖြစ်သည်။ ဒေသခံလူမှုအဖွဲ့များနှင့်အတူ ပဲ၊ ဆန်၊ စာသုံးဆီ၊ စောင်များကို ဖြန့်ဝေပေးမည်ဖြစ်ပြီး ၄ ရက်ကြာမြင့်မည်ဟု စင်္ကာပူ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါမြို့နယ်သို့ ဒုတိယအသုတ်အဖြစ် ဆရာဝန် ၃ ဦး၊ သူနာပြု ၄ ဦးနှင့် ထောက်ကူဆေးလုပ်သား ၂ ဦး စုစုပေါင်း ၉ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့မှစ၍ ၆ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်မည်ဖြစ်သည်။

ငွေကြေး အခက်အခဲကြောင့် ဟင်္သာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းရွှေ့ဆိုင်း



မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ် စီမံကိန်းကို မတည်ငွေ အကျပ်အတည်း ကြောင့် တည်ဆောက်ရေး စီမံကိန်း ပြီးစီးမှုအားနောက် ၄ နှစ် သို့ ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။
ပြည်တွင်းလေကြောင်းဌာန၏ ရန်ကုန်မြို့ သြဂုတ် ၂၇ သတင်းစာရှင်းပွဲ၌ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ရင်းနှီးမြှုတ်နှံမည့်သူများအနေဖြင့် လေဆိပ်မှာသုံးရန် ODA ချေးငွေ ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ရဖို့လိုအပ်နေသည်ဟု ပြောသည်။ ယခင်က ၂၀၁၈ တွင်အပြီးတည်ဆောက်ရန် ရည်မှန်းထားသော်လည်း ယခုအခါ ၂၀၂၂ သို့ ရွှေ့လိုက်သည်။

တင်ဒါအောင် ကမ်းလွန်လုပ်ကွက် ၂၀ မှ နောက်ဆုံးစာချုပ်ရမည့် M-7 လုပ်ကွက် ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို


 သြစတြေးလျနိုင်ငံအ ခြေစိုက် Tap Energy (M-7)Pte လီမိတက်နှင့် မြန်မာနိုင်ငံမှ Smart E & P International ကုမ္ပဏီတို့ ပူးပေါင်း တူးဖော်လုပ်ကိုင်မည့် မုတ္တမကမ်းလွန် M-7 လုပ်ကွက် အတွက် မြန်မာအစိုးရက အမေရိ ကန်ဒေါ်လာ ငါးသန်းခွဲကျော်ရရှိ ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ယခုမုတ္တမကမ်းလွန်လုပ်ကွက် M-7 သည် ၂၀၁၃ တွင် တင်ဒါအောင်မြင်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၂၀ ၌ နောက်ဆုံးစာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသည့် လုပ်ကွက်ဖြစ်ပြီး သြဂုတ် ၂၆ ရက် က စာချုပ်ချုပ်ဆိုခဲ့သည်။စာချုပ်လက်မှတ် ရေးထိုးကြေးအဖြစ် ကန်ဒေါ်လာ ၅ ဒသမ ၂ သန်းနှင့် အချက်အလက်ကြေးအတွက် ကန်ဒေါ်လာ ၃ ဒသမ ၅ သိန်းကို မြန်မာအစိုးရက ရရှိပြီး သြစတြေးလျကုမ္ပဏီသည် လေ့လာရေးကာလ ၂ နှစ်၊ ရှာဖွေရေးကာလ ခြောက်နှစ်အတွင်းကန်ဒေါ်လာသန်းတစ်ရာကျော်ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။‘‘ဒီပိုက်ဆံတွေက ရှာဖွေရေးကာလ စတဲ့အချိန်မှာရမှာပါ’’ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဘာဝရေကန်ကျိုးပေါက်ကာ တွန်းဇံရှိ ရွာတစ်ရွာ ရွာလုံးကျွတ် မျောပါပျက်စီး


ချင်းပြည်နယ် တွန်းဇံမြို့ နယ်တွင် မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်ပေါ်ရှိ သဘာဝ ရေကန်တစ်ကန် ကျိုးကျကာ ရေစီးအရှိန်နှင့် ကျေးရွာတစ်ရွာ ရွာလုံး ကျွတ်နီးပါး  မျောပါသွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်က မိုးရွာသွန်းမှုကြောင့် တွန်းဇံမြို့နယ်ရှိ တွီခိန်ဇန် (ဟားခါးလေး)ကျေးရွာရှိ သဘာဝရေကန်တစ်ကန် ကျိုးကျသွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် တောင်ကျရေများ အရှိန်ဖြင့် စီး လာပြီး လူနေအိမ်များ မျောပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးမှ သ တင်းရရှိသည်။‘‘ရေတွေက ရွှံ့နွံရေတွေ ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ဖို့ကို တော်တော်ဒုက္ခရောက် နေတယ်။ ကျွန်တော်တို့ သတင်း ရသလောက်ကတော့ တစ်ဦး သေတယ်။ ကျန်တာတွေ အတည်မပြုနိုင်သေးဘူး’’ဟု တွီခိန်ဇန်ရွာ အနီး ရှာထော်ဇန် ရွာမှဒေသခံ တစ်ဦးက ပြောသည်။

ရေဘေးအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လေယာဉ်နှစ်စီးဖြင့် အလှူပစ္စည်းများ လာရောက်ပို့ဆောင်


 ရေဘေးသင့်ပြည် သူများ ပြန်လည်ထူထောင်ရေး တွင် အသုံးပြုနိုင်ရန် တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(PLA)မှ ယွမ်ငွေ ၁၀ သန်းတန်ဖိုးရှိ ကယ် ဆယ်ထောက်ပံ့ရေးပစ္စည်းများကို သြဂုတ် ၂၈ ရက်က နေပြည်တော် လေဆိပ်သို့ လာရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။ရေဘေးသင့်ပြည်သူများ အ သုံးပြုနိုင်ရန် ရွက်ဖျင်တဲ ၁၈၂ လုံး၊ မီးစက် ၁၈၂ လုံး၊ စောင်ပါကင် ထုပ် ၁၂၀ စုစုပေါင်း ၅၄ ဒသမ ၆၂တန် အလေးချိန်ရှိသည့် ကယ် ဆယ်ရေးပစ္စည်းများပါဝင်ပြီး သြ ဂုတ် ၂၈ ရက်၌ တရုတ်တပ်မတော် လေကြောင်းလိုင်း IL-76 Car-go ကုန်တင်လေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ပထမ ဆုံးအကြိမ် လာရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။ကယ်ဆယ်ရေးအထောက် အပံ့ပစ္စည်းတန်ချိန်ပေါင်း ၁၆၀ ကျော်ကို တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်မှ ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ထောက်ပံ့ရေးပစ္စည်း များကို သြဂုတ် ၂၉ နှင့် ၃၀ ရက် တို့တွင် ထပ်မံ ပို့ဆောင်မည်ဟု သတင်းရရှိသည်။

ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေးသောက်နေခြင်း အန္တရာယ်ရှိ


တိုင်းရင်းဆေးဝါးတစ်မျိုး ဖြစ်သည့် ဆရာခိုအနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရော ဂါအမျိုးမျိုးအတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည်မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ်အသုံးမပြုသင့်ကြောင်း တိုင်းရင်းဆေးသမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန်အ ချို့က သတိပေးပြောကြားသည်။အနာလိမ်းဆေးအဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊  ပျားဖယောင်းစသည့် ပစ္စည်း ရှစ်မျိုးပါဝင်ပြီး ယင်းအနက် ပရုတ်နှင့် ပျားဖယောင်းတို့မှာ လိမ်းဆေးတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း သောက်ဆေးအ ဖြစ် အသုံးပြုလေ့မရှိကြောင်း ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ သမားတော်တစ်ဦးကပြောသည်။

Friday, 28 August 2015

ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်


လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေး ကောက်ပွဲကော်မရှင်သို့ ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းထားသည်။ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်များအတွက် ဝန်ကြီး ၁၄ ဦးနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက် ဝန်ကြီးလေးဦး အသီးသီး အမည်စာရင်း ပေးသွင်းထား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။ သမ္မတရုံးဝန်ကြီးခြောက်ဦး စလုံး ရွေးကောက်ပွဲပြန်ဝင်ကြပြီး သမ္မတရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မအူပင်တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးစိုးမောင်က ရေစကြိုတွင်လည်း ကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီး ဦးစိုးသိန်းက ကယား ပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) တွင်လည်းကောင်း၊ သမ္မတရုံးဝန် ကြီးဌာန (၄) ဝန်ကြီး ဦးအောင်မင်း က ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၆) ဝန်ကြီး ဦးလှထွန်းက ကျောက်ပန်းတောင်းတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အတွဲတွေ သောင်းကျန်းနေသည်


ခပ်မြူးမြူး ဒစ္စကိုသီချင်း သံစဉ်အလိုက် လှုပ်ရှားနေကြသည်က အရွယ်စုံ၊ ရောင်စုံ၊ကျားမ အစုံ။ တွန့်လိမ်ကောက်ကွေးအောင် ကနေသူလည်းရှိသည်။   တစ် ယောက်နှင့်တစ်ယောက် ဖက်ရင်းတွဲကနေသူ    စုံတွဲများလည်းရှိ သည်။ ဘီယာပုလင်း၊ အရက်ပု လင်းခပ်တည်တည်ကိုင်မော့ သူမိန်းမ၊ ယောက်ျားများလည်း တစ်ပုံတစ်ပင်။ ညအချိန် မြင် ကွင်းမဟုတ်သလို နိုက်ကလပ် လည်းမဟုတ်ပါ။ နေ့ခင်းကြောင် တောင် ပြည်သူ့ရင်ပြင်ရှိ ရေ လွှာကြီးမှ မြင်ကွင်းတစ်ခုဖြစ်ပါ သည်။
အဆိုပါရေလွှာကြီးမှာ ရေ ကူးကန်ဟုဆိုရအောင်လည်း ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် ကူးလို့ရသည့် ရေကူးကန်မဟုတ်။ စိတ်ပြေလက်ပျောက်ဟုဆိုရ အောင်လည်း တဒုံးဒုံး တချမ်းချမ်း ဖြင့် လူအများသားမို့ အေးအေး ဆေးဆေးအပန်းဖြေလိုသူ မိသားစုအတွက် အာရုံနောက်မှာသေချာ ပါသည်။  ဒီဂျေသီချင်းဖွင့်သည်။ အရက်များ ခိုးရောင်းသည်။ နောက်ဆုံးတွင်တော့ ပျော်ချင်သူ လူငယ်များ၊ သမီးရည်းစားများအတွက် သီးသန့်နေရာတစ်ခုဖြစ်လာပါတော့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား


ဘူးသီးတောင်မြို့နယ် အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးတွင် ရက္ခိုင့်တပ်မတော် နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်တို့ သုံးနာရီခန့်ကြာအောင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။နှစ်နိုင်ငံ နယ်စပ်မိုင်တိုင် အမှတ် (၆၀) အနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။ ‘‘ထိခိုက်တာတော့ ကျွန် တော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ သူတို့မီဒီယာ တွေရေးတာတော့ တစ်ယောက် ဒဏ်ရာရတယ် ကြားတယ်။ ရွာ တွေမှာ ပြောတာတော့ သူတို့ ဘက်က နှစ်ယောက်ထပ်ကျတယ် ပြောတယ်’’ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ ရက္ခိုင့်တပ်မတော်အဖွဲ့ဝင်များက ၎င်းတို့ လှုပ်ရှားရာဒေသ အနီးဝန်းကျင်တွင် ရေဘေး ရင် ဆိုင်နေရသူများအား ထောက်ပံ့ ရေးပစ္စည်းများ သွားပို့စဉ် ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်က ကုန်ပစ္စည်းသယ်ယူရာ၌ အသုံးပြု သည့် လားနှင့် မြင်းအချို့ကို ဖမ်း ဆီးခြင်းကြောင့် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

မန္တလေးတွင် ခိုးကူးခွေရောင်းချမှုဖြင့် နစ်နာကြေး ကျပ်သိန်း ၉၃၀ ပေးဆောင်ရမည့် ဆိုင်ပိုင်ရှင် တိမ်းရှောင်နေဆဲ


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရားမဝင်ခိုး ကူးခွေအချပ် ၃,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ကျပ်သိန်း ၉၃၀ ပေးလျော်ရန် မန္တလေးခရိုင်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သော်လည်း တိမ်း ရှောင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အတွင်း ရေးမှူး ဦးသားစိုးက ပြောသည်။ချမ်းအေးသာစံမြို့နယ်တွင် ၂၀၁၃ ဇန်နဝါရီက ထွန်းနိုင် Mobile Phone နှင့် DVD အခွေ အရောင်းဆိုင်မှ တရားမဝင်ခိုးကူး ခွေမြန်မာသီချင်းအချပ်ရေ ၃၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၆)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ) အရ အ မှုဖွင့်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် တ ရားရုံးက မတ်လ ၅ ရက်တွင် ပြစ် မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို သော ဦးထွန်းနိုင်ကို ငွေဒဏ်ကျပ် တစ်သိန်းပေးဆောင်ရန်နှင့် မပေး ဆောင်နိုင်ပါက ထောင်ဒဏ်သုံး လကျခံရန် အမိန့်ချမှတ်ခဲ့ရာ ဦး ထွန်းနိုင်က ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ခဲ့သည်။ထို့အပြင် မြန်မာတေးဂီတ သီချင်းများကို တရားမဝင်ကူးယူ ၍ စီးပွားဖြစ်ရောင်းချခြင်းအပေါ် နစ်နာကြေးရလိုမှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦးထွန်းနိုင် ကို မန္တလေးခရိုင်တရားရုံး၌ ထပ်မံ တရားစွဲဆိုခဲ့ရာ နစ်နာကြေး ကျပ် သိန်း ၉၃၀ တိတိ ပေးဆောင်ရန် ၂၀၁၄ ဇူလိုင် ၃၀ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။