Wednesday, 17 June 2015

ထိုင်းရောက် မြန်မာများကို အကာအကွယ်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ထိုင်းသံအမတ်လက်ခံ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာတိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို ထိုင်းလူမျိုး ခြောက်ဦးက မဖွယ်မရာပြု ကျင့်ခဲ့သည့်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကျူးလွန်သူကို ထိုင်းဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုဆန္ဒပြပွဲကို ဇွန်လ ၁၆ရက်က ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း သံရုံးရှေ့တွင် ခွင့်မပြု၍ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြခဲ့သည်ဟု သာသနစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်သည်။
"ခွင့်ပြုမိန့်ကို ဒဂုံရဲစခန်းကိုတင်တော့ တာဝန်မှူးက ကားလမ်းပိတ်ဆို့မှု အခက်အခဲရှိတယ်ဆိုပြီး လူမရှိ သူမရှိတဲ့ ကွင်းကို ခွင့်ပြုမိန့်ပေးတယ်" ဟု ဆရာတော်က မိန့်ကြားသည်။

အခြေခံဥပဒေကို သတ်မှတ်ကာလအမီ ပြင်ဆင်ရန်နှင့် မဲခွဲရာတွင် စက်ခလုတ် မသုံးရန် အကြံပြု

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် သတ်မှတ်သည့် အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် မဲခွဲဆုံးဖြတ်ရာတွင် သံသယရှိဖွယ်အချက်များ ပေါ်ပေါက်နိုင်သည့် စက်ခလုတ် နှိပ်သည့်နည်းကို မသုံးဘဲ ရှင်းလင်းစွာ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၃၄ ဦးတို့ ဆန္ဒမဲပေးရာတွင် စက်ခလုတ်နှိပ် အသုံးပြုပါက သံသယရှိဖွယ်ရာ အချက်များ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။ ထို့ကြောင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် အများပြည်သူနှင့် နိုင်ငံတကာကလည်း စောင့်ကြည့်နေကြမည် ဖြစ်ပါ၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရှင်းလင်းစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါသည်” ဟု ဆန္ဒမဲပေးသည့် စနစ်နှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့သည်။

မကြာမီ သြစတြေးလျ တစ်ဒေါ်လာ စင်ကာပူ တစ်ဒေါ်လာဖြစ်လိမ့်မည်ဟု သြစတြေးလျဘဏ် ခန့်မှန်း

သြစတြေးလျ ထိပ်တန်းဘဏ်ကြီးမှ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အားပျော့ လာနေသည့် သြစတြေးလျဒေါ်လာသည် လာမည့် ၆ လ (သိှု့မဟုတ်) ၁၂ လတွင် စင်ကာပူဒေါ်လာနဲ့ တန်ဖိုးချင်း ညီမျှသွားမည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ်အစောပိုင်းက အမာဆုံးဆင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၃၄ နှုန်းကနေ အကြီးအကျယ် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး မရေရာမှုများ ရှိနေသည့်တိုင် ထိုင်းနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ကြွယ်ဝနေဆဲဟုဆို

အစိုးရ အသုံးစရိတ်များ ကျဆင်းပြီး စားသုံးသူယုံကြည်မှု အားပျော့လာသော်လည်း Maybank Investment Bank ၏ စီအီးအို ဂျွန်ချောင်းကမူ ထိုင်းနိုင်ငံတွင် အခွင့်အလမ်းများ ကြွယ်ဝဆဲဟု ယုံကြည်နေသည်။အရှေ့တောင်အာရှရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးမားဆုံး ထိုင်းနိုင်ငံသည် နိုင်ငံရေး မသေချာ မရေရာမှုများနှင့် အိမ်ထောင်စု အကြွေးမြင့်မားမှုကဲ့သို့ လေဆန်ကို ရင်ဆိုင်နေရသော်လည်း မဟာမဲခေါင်ဒေသသို့ ဝင်ပေါက်ဖြစ်နေသည့် နိုင်ငံ၏ တည်နေရာကြောင့် ရင်းနှီးမြှုပ်နှံချင်စရာ နေရာတစ်ခု ဖြစ်နေသည်။

ရာစုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုကို မြောက်ကိုရီးယား ကြုံတွေ့နေ

 မြောက်ကိုရီးယားနိုင်ငံသည် ရာစုနှစ်အတွင်း အဆိုးဝါးဆုံးမိုးခေါင်မှုကို ကြုံတွေ့နေရလျက် ရှိသည်ဟု
နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြပြီး ဆင်းရဲသည့်နိုင်ငံအတွက် စားနပ်ရိက္ခာပြတ်လပ်မှု စိုးရိမ်စိတ်များ ဖြစ်ပွားပေါ်ပေါက်နေရသည်။
ဆိုးရွားသည့် မိုးခေါင်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ ဆန်အများဆုံး ထွက်ရှိရာ အဓိကပြည်နယ်တွင် ဆိုးဝါးစွာ ပျက်စီးမှုများဖြစ်နေကြောင်း ကိုရီးယား ဗဟိုနယူးစ် အေဂျင်စီ KCNA က သတင်းဖော်ပြသည်။

ပါလက်စတိုင်း အစိုးရ ၂၄ နာရီအတွင်း နှုတ်ထွက်မည်

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏ အစိုးရအဖွဲ့သည် ၂၄ နာရီအတွင်း နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်ကြောင်း ဖာတက်ရှ် တာဝန်ရှိသူများက ပြောသည်။
"၂၄ နာရီအတွင်းမှာ ပါလက်စတိုင်း အစိုးရအဖွဲ့ နှုတ်ထွက်မှာ ဖြစ်ပါတယ်” ဟု အဘတ်စ်၏ ဖာတက်ရှ်လှုပ်ရှားမှု ပါတီမှ အကြီးတန်း အရာရှိကြီးတစ်ချို့က ပြောခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ရာမယ်လက်ရှ် အနောက်ဖက်ကမ်းမြို့တွင် ၁၅ ကြိမ်မြောက် ဖာတက်ရှ် တော်လှန်ရေးကောင်စီ အစည်းအဝေးကျင်းပရာ၌ အဘတ်စ်က ယင်းသို့ ပြောခဲ့ခြင်းဖြစ်ကြောင်းကို ကိုးကား၍ တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။

Tuesday, 16 June 2015

“အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို တင်ဒါ ခေါ်တာ ဘာဖြစ်သွားသလဲ”

အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်နေတဲ့ အမှိုက်သိမ်း လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့၊ အမှိုက်သိမ်းခ သုံးဆကနေ လေးဆ ကောက်ခံမယ့်ကိစ္စ လူထုသဘောထား ဆန္ဒကောက်ခံတဲ့ကိစ္စ အဖြေထွက်လာပါပြီ။ ဒီကိစ္စ သဘောထား ဆန္ဒပေးသူ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်ဟာ အမှိုက်သိမ်းတာကို ကိုယ့်ဖာသာကိုယ်ပဲ ဆက်လုပ်မယ်ဆိုပြီး မြို့တော်ဝန်က ပြောလာပါပြီ။ ရန်ကုန်မြို့တော်က အမှိုက်သိမ်းတဲ့ကိစ္စ စည်ပင်က ခုလို ကိုင်တွယ်ဖြေရှင်းပုံဟာ မှန်ကန်ပါရဲ့လား။ အမှိုက်သိမ်းတဲ့ကိစ္စ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုင်းရင်းသားမဲ ဘယ်သူယူမလဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် လပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ် ရှိနေသည်။
တိုင်းရင်းသားဒေသ ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီများမှာလည်း အပြိုင်းအရိုင်း ရှိလှသည်။ ပြည်နယ်များတွင် တိုင်းရင်းသားပါတီများက တစ်ခုထက်မက ရှိနေကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ လေးဆယ်ကျော် ရှိနေပြီး။ နိုင်ငံရေးပါတီ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ရှိလေသည်။ သို့သော် အများစုမှာ တိုင်းရင်းသား နိုင်ငံရေးပါတီငယ်များသာ ဖြစ်သည်။

ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလီယံ တန်ဖိုးရှိ အဲဘတ်စ်လေယာဉ် အစင်း ၅၀ မှာယူ

 ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလီယံ ဝန်းကျင် တန်ဖိုးရှိ အဲဘတ်စ် ခရီးသည်တင်လေယာဉ် အစင်း ၅၀ ကို မှာယူလိုက်ပြီဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက ပါရီလေကြောင်းပြပွဲတွင် ဇွန် ၁၅ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။မှာယူသည့် လေယာဉ်များတွင် Airbus A330-300 Regionals လေယာဉ်အစင်း ၂၀ နှင့် Airbus A320ceos လေယာဉ် အစင်း ၃၀ ပါဝင်ကြောင်း အဲဘတ်စ်က ပြောကြားခဲ့သည်။ ထို့အပြင် ဆော်ဒီလေကြောင်းလိုင်းသည် Regionals များကို ပထမမဆုံး ပျံသန်းမည့် လေကြောင်းလိုင်း ဖြစ်မည်ဟုလည်း အဲဘတ်စ်က ပြောကြားခဲ့သည်။ အလယ်အလတ် အရွယ်အစားရှိ ယင်းလေယာဉ် သည် ခရီးသည် ၄၀၀ အထိ တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၅,၀၀၀ အကွာအဝေးထိ ပျံသန်းနိုင်သည်။
mizzima

ဟိုတယ်ခရီး ကျွမ်းကျင်ပညာရှင်များအသင်းက ဟိုတယ်ကျွမ်းကျင် ဝန်ထမ်းရှားပါးမှုကို ဖြေရှင်းမည်ဟုဆို

 မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်းများအား ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံရှိ ဟိုတယ် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုကို ဖြေရှင်းသွားမည်ဟု အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းရန်နိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်လာပြီး နှစ်စဉ်ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများ တည်းခိုနေထိုင်ရန် ဟိုတယ်များလည်း ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးလျှက်ရှိသည်။

ထိုင်းက မြန်မာနှင့် စွမ်းအင်ကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

 ထိုင်း စွမ်းအင်ဝန်ကြီး နာရွန်ချိုင်း အက်ခရာဆနီးသည် မြန်မာ့ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနတို့နှင့် ယနေ့ နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၏ ပေါ်လစီနှင့် မဟာဗျူဟာ ညှိနှိုင်းကွပ်ကွဲရေးရုံးမှ ဒါရိုက်တာ ဆာရာဝပ် ကူတာသစ်က ပြောကြားကြောင်း ဇွန် ၁၅ ရက်က သည်နေရှင် သတင်းတစ်ရပ်အရ သိရှိရသည်။
ဤနားလည်မှုစာချွန်လွှာ သဘောတူညီချက်များထဲတွင် နယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ ပိုက်လိုင်းများ ဖြန့်ချမှု၊ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး၊ ရေနံချက်လုပ်ငန်းများ တိုးတက်ရေးနှင့် ရေနံထွက်ပစ္စည်းများ ပူးတွဲထုတ်လုပ်ရေးကဲ့သို့သော ရေစုန် ရေဆန် ရေနံလုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ပါဝင်မည်ဖြစ်သည်။

ရွှေ့ပြောင်းအခြေချသူများအရေး အီးယူဆွေးနွေးမည်

မြေထဲပင်လယ်ရှိ ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းကို ဖြေရှင်းရေး အီးယူပြည်ထဲရေးဝန်ကြီးများ ဆွေးနွေးရန်ရှိသည်။ သဘောတူညီ ချက်မရရှိပါက ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် အီတလီက ခြိမ်းခြောက်နေသည်။
လူဇင်ဘတ်ရှိ ဆွေးနွေးပွဲများတွင် အဓိကပြသနာတစ်ခုမှာ ခိုလှုံခွင့် ရှာဖွေသူများကို အီးယူ ၂၈ နိုင်ငံတစ်ဝန်း ပိုမိုညီမျှစွာ ချထာမည့် အစီအစဉ်တစ်ခုဖြစ်သည်။

အငှားအိမ်ရာဆောက်လုပ်ရန် ရန်ကုန်တိုင်းအစိုးရ ကျပ်သန်း နှစ်သောင်း ထောက်ပံ့ငွေရထား

 နေစရာအခက်အခဲရှိပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေးအတွက် အငှားအိမ်ရာ စီမံကိန်းများ အကောင် အထည်ဖော်ရန် ထောက် ပံ့ငွေအဖြစ် ကျပ်ငွေဘီလီယံ ၂၀(ကျပ်သန်း နှစ်သောင်း) ရရှိထားသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
 ကျပ်ငွေဘီလီယံ ၂၀ကို ပြည်ထောင်စုအစိုးရအဖွဲ့က  ထောက်ပံ့ငွေအဖြစ် ယခုဘဏ္ဍာနှစ်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အငှားအိမ်ရာများဆောက်လုပ်သွားမည်ဟု ဝန်ကြီးက ပြောသည်။
 အဆိုပါ ထောက်ပံ့ငွေများဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၄၁/၂ အမှတ် ၂ လမ်းမကြီးနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ အစိုးရမြေဖြစ်သော ဧကပေါင်း ၁၂ဒဿမ ၅၃၄ ပေါ်တွင် အငှားအိမ်ရာများ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ကာ အငှားချထားပေးမည်ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူ ရှစ်သောင်းကျော် လိုအပ်သော်လည်း အင်အား အပြည့်မရနိုင်ဟုဆို

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျွမ်းကျင်သည့် စောင့်ကြည့်လေ့လာသူ အရေအတွက် ရှစ်သောင်းကျော် လိုအပ်သော်လည်း  လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများအရ လိုအပ်သည့် အင်အားအပြည့်အ၀မရနိုင်ဟု  Forward Institute ၏ရွေးကောက်ပွဲ အသိပညာပေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (VEP)မှ အမှုဆောင်ဒါ ရိုက်တာ ဦးသန့်စင်အောင်က  ဇွန် ၁၆ ရက်ကပြောသည်။

ချင်းပြည်နယ် စစ်ရှောင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဟုဆို

 အစိုးရတပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၅၀ ကျော်တို့ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ လိုအပ်နေကြောင်း ချင်းပြည်နယ် ပျဉ်ဆိုကျေးရွာ ကူညီထောက်ပံ့ရေး ကော်မတီမှ တွဲဖက်ဘဏ္ဍာရေးမှုး ဆလိုင်ကျော်အောင်က ဇွန်လ ၁၆ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖားကန့်တွင် အစိုးရတပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဘက်သို့ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီက တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံများနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။
 KIA တပ်ရင်း ၆ ရှေ့တန်းစခန်းရှိရာ နမ်ဂျန်ခခူး (Nam Jan hka hku) တပ်စခန်းရှိရာအနီးသို့ အစိုးရ စစ်တပ် ခမရ တပ်ရင်း ၄၂၄ တပ်ဖွဲ့တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လမ်းကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Monday, 15 June 2015

မြန်မာဘောလုံးအင်္ကျီနှင့် စတစ်ကာများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းကောင်း

ဆီးဂိမ်းပြိုင်ပွဲတွင် မြန် မာဘောလုံးအသင်းကို အားပေး ရန် မြန်မာနိုင်ငံ အလံ၊ တံဆိပ်ရိုက်အင်္ကျီနှင့် စတစ်ကာ မှာယူသူအများစုမှာ စင်ကာပူရောက် မြန်မာများဖြစ်ပြီး အကြိုဗိုလ်လုပွဲစဉ်တွင် ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း ရန်ကုန်တံဆိပ်ရိုက်လုပ်ငန်းများထံမှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပ နေသည့် (၂၈) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာယူ-၂၃ ဘောလုံးအသင်းကို အားပေးရန် မြန်မာနိုင်ငံအလံပါဘောလုံးအင်္ကျီ၊ အလံ၊ ခေါင်းစည်း၊ မာဖလာ၊ ပါးကပ်စတစ်ကာစသည်တို့ကို ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံမှ မြန်မာဘောလုံးပရိသတ်များက အများဆုံးအော်ဒါမှာယူနေကြောင်း အနန္တမေတ္တာတံဆိပ်ရိုက်ကြော်ငြာလုပ်ငန်းမှ ဦးစက်ဝင်းက ပြောသည်။

စတော့ရှယ်ယာကုမ္ပဏီဟုဆိုပြီး ရှယ်ယာဝင်များ၏ ကျပ်သန်း ၁,၆၀၀ ခန့် လိမ်လည်တိမ်းရှောင်မှုဖြစ်ပွား

ရန်ကုန်မြို့တွင် တရား ၀င်ခွင့်ပြုချက်မရဘဲ တရုတ်တိုင် ပေအခြေစိုက် စတော့ရှယ်ယာ ကုမ္ပဏီဟုဆိုကာ ရုံးခန်းလာဖွင့် ပြီး  အစုရှယ်ယာဝင်သူများ၏  ကျပ် သန်း ၁,၆၀၀ ခန့်( ဒေါ်လာ ၁ ဒသမ ၄၈ သန်း)ကို လိမ်လည်တိမ်းရှောင် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
Global Group ဟု အမည် ပေးထားသည့် အဆိုပါကုမ္ပဏီမှာ ဗဟိုဘဏ်က ထုတ်ပေးထား သော  ငွေလဲလှယ်ရေးကောင်တာ (Money Exchange) လိုင်စင်ရယူပြီး နိုင်ငံတကာတွင် နာမည်ကြီး သည့် စတော့ရှယ်ယာကုမ္ပဏီကြီး Standard Bullion ၏ ရုံးခွဲဟုဆို ကာ ဆူးလေဘုရားလမ်းရှိ ဆာကူ ရာတာဝါ၌ လွန်ခဲ့သော ၂ နှစ်ခန့်က စ၍  ရုံးခန်းဖွင့်လှစ်ခဲ့သည်။ထို့နောက် ရှယ်ယာရှင်များကိုဖိတ်ခေါ်ပြီး အနည်းဆုံးရှယ်ယာငွေ ကျပ်သိန်းငါး ဆယ် ထည့်ဝင်နိုင်ကာ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းပေးမည်ဟု စည်းရုံး ခဲ့သည်။အကျိုးအမြတ်များကို တစ်လလျှင်တစ်ကြိမ် နှစ်လလျှင်နှစ်ကြိမ် ပြန်လည်ထုတ်ပေးလေ့ရှိပြီး အစောပိုင်းတွင်အကျိုးအမြတ် များကိုလည်းပုံမှန်ပေးခဲ့သည်ဟု ရှယ်ယာရှင်များက ပြောသည်။

ကြက်သွန်နီဈေး ၁၀၀ ကျပ်ခန့်တက်

ကြက်သွန်နီလက်ကား ဈေးကွက်တွင် ကြက်သွန်နီအရွယ်အစားအလိုက် မူရင်းဈေးထက် ၁၀၀ ကျပ်ခန့် ဈေးတက်သွား ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ သတင်းရရှိသည်။လက်ရှိလက်ကားဈေးကွက် တွင် ကြက်သွန်နီ (အသေး) တစ် ပိဿာ ၄၀၀ ကျပ်ခန့်၊ ကြက်သွန် နီ (အလတ်) တစ်ပိဿာ ၄၆၅ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၅၁၀ ကျပ်ခန့်ဈေးရှိသည်။ မေလလယ်က ကြက်သွန်နီ (အသေး)တစ်ပိဿာ ၃၀၀ ကျပ်ခန့်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာ ၃၆၀ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၄၀၀ ကျပ်ခန့် ရှိခဲ့သည်။ ‘‘ဒေါ်လာဈေးတက်တော့ ပို့ကုန်သမားတွေကိုက်လို့ ကြက် သွန်နီတွေ အသွင်းများတယ်။ နွေ ကြက်သွန်စိုက်တောင်သူတွေက တော့ အခြေအနေကောင်းတယ်’’ ဟု ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း (ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင် ဟန်က ပြောသည်။

လုပ်သားရှားပါးပြီး လုပ်အားခ မြင့်တက်နေ၍ တောင်သူအများစု လက်စားဖြင့် ပေါင်းထိုးမြက်နုတ် လုပ်ကိုင်နေရ

 ပြီးခဲ့သည့် မေလလယ် ခန့်မှစတင် စိုက်ပျိုးခဲ့သည့်အောင် လံနယ်နှင့် ဆင်ပေါင်ဝဲနယ်ရှိ သီး နှံစိုက်ခင်းများမှာ ယခုအချိန်ပေါင်း ထိုးမြက်နုတ်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး စိုက်ခင်းလုပ်သား ရှားပါးကာ လုပ်အားခဈေးနှုန်း မြင့်မားနေ၍ တောင်သူအချင်းချင်း လက်စားလိုက်ခြင်းဖြင့်ပေါင်းထိုးမြက်နုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
‘‘ရွာမှာက လူငယ်ပိုင်းကိုမ ရှိသလောက်ဖြစ်နေတာ။ ပေါင်း ထိုးမြက်နုတ်ကလည်း မနက်စာ ပြန်တောင်သုံးထောင်လောက်၊ နေကုန်ဆိုငါးထောင်လောက်ဖြစ် နေတော့လည်း ဘယ်သွားကိုက် တော့မလဲ။ အိမ်နီးနားချင်း၊ ဆွေ မျိုးချင်းစုပြီး လက်စားလိုက်ပြီး လုပ်နေကြရတာပဲ’’ဟု ဆင်ပေါင် ၀ဲနယ် ရွာမည်းညို ကျေးရွာနေ တောင်သူ ဦးတင်ဆွေက ပြော ကြားသည်။