Wednesday 17 June 2015

ပါလက်စတိုင်း အစိုးရ ၂၄ နာရီအတွင်း နှုတ်ထွက်မည်

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏ အစိုးရအဖွဲ့သည် ၂၄ နာရီအတွင်း နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်ကြောင်း ဖာတက်ရှ် တာဝန်ရှိသူများက ပြောသည်။
"၂၄ နာရီအတွင်းမှာ ပါလက်စတိုင်း အစိုးရအဖွဲ့ နှုတ်ထွက်မှာ ဖြစ်ပါတယ်” ဟု အဘတ်စ်၏ ဖာတက်ရှ်လှုပ်ရှားမှု ပါတီမှ အကြီးတန်း အရာရှိကြီးတစ်ချို့က ပြောခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ရာမယ်လက်ရှ် အနောက်ဖက်ကမ်းမြို့တွင် ၁၅ ကြိမ်မြောက် ဖာတက်ရှ် တော်လှန်ရေးကောင်စီ အစည်းအဝေးကျင်းပရာ၌ အဘတ်စ်က ယင်းသို့ ပြောခဲ့ခြင်းဖြစ်ကြောင်းကို ကိုးကား၍ တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။

ဂါဇာကမ်းမြောင်တွင် ပိတ်ဆို့ခံရမှုနှင့် စစ်ပွဲများဖြစ်နေရာ အစိုးရ၏ အာဏာပိုင်စိုးမှု မရှိခြင်းကို ပြသနေပြီးဖာတက်ရှ်နှင့် ဟားမတ်စ်တို့ကြားက အငြင်းပွားမှု၏ အဓိကအချက်လည်းဖြစ်သလို ပထမဆုံး ပါလက်စတိုင်း ပေါင်းစည်းအစိုးရ နှုတ်ထွက်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

"အစိုးရက ၂၄ နာရီအတွင်းမှာ နှုတ်ထွက်မှာပါ။ ဘာကြောင့်နှုတ်ထွက်ရလဲဆိုတော့ အစိုးရအာဏာအားနည်းလာပြီး ဂါဇာမှာ အစိုးရလုပ်ကိုင်ခွင့်ကို ဟားမတ်စ်တို့က ခွင့်ပြုမှာ မဟုတ်လို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ဖာတက်ရှ်၏ ဥပဒေပြုရေး အဖွဲ့အဖြစ်လုပ်ကိုင်နေတဲ့ တော်လှန်ရေးကောင်စီ အတွင်းရေးမှူးချုပ် အမင်မာဘူလ်က ပြောခဲ့သည်။

အစိုးရသစ်ကို ၂၄ နာရီအတွင်း ဖွဲ့စည်းမှာဖြစ်ကြောင်း မာဘူလ်ကပြောခဲ့သော်လည်း အမည်မဖော်သည့် အစည်းအဝေး တက်ရောက်သူ တစ်ဦးက ရက်အတန်ငယ် ကြာဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

REF : Press TV

No comments:

Post a Comment