Monday 15 June 2015

လုပ်သားရှားပါးပြီး လုပ်အားခ မြင့်တက်နေ၍ တောင်သူအများစု လက်စားဖြင့် ပေါင်းထိုးမြက်နုတ် လုပ်ကိုင်နေရ

 ပြီးခဲ့သည့် မေလလယ် ခန့်မှစတင် စိုက်ပျိုးခဲ့သည့်အောင် လံနယ်နှင့် ဆင်ပေါင်ဝဲနယ်ရှိ သီး နှံစိုက်ခင်းများမှာ ယခုအချိန်ပေါင်း ထိုးမြက်နုတ်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး စိုက်ခင်းလုပ်သား ရှားပါးကာ လုပ်အားခဈေးနှုန်း မြင့်မားနေ၍ တောင်သူအချင်းချင်း လက်စားလိုက်ခြင်းဖြင့်ပေါင်းထိုးမြက်နုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
‘‘ရွာမှာက လူငယ်ပိုင်းကိုမ ရှိသလောက်ဖြစ်နေတာ။ ပေါင်း ထိုးမြက်နုတ်ကလည်း မနက်စာ ပြန်တောင်သုံးထောင်လောက်၊ နေကုန်ဆိုငါးထောင်လောက်ဖြစ် နေတော့လည်း ဘယ်သွားကိုက် တော့မလဲ။ အိမ်နီးနားချင်း၊ ဆွေ မျိုးချင်းစုပြီး လက်စားလိုက်ပြီး လုပ်နေကြရတာပဲ’’ဟု ဆင်ပေါင် ၀ဲနယ် ရွာမည်းညို ကျေးရွာနေ တောင်သူ ဦးတင်ဆွေက ပြော ကြားသည်။

လုပ်အားခဈေးကောင်းရနေ သော လောက်ကိုင်ဒေသသို့ သွား ရောက် လုပ်ကိုင်ကြသူ များနေ ခြင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံ များသို့ သွားရောက်ကြသူ များနေ ခြင်းတို့ကြောင့် ဒေသတွင်းလုပ် သားရှားပါးလာရခြင်းဖြစ်ကြောင်း အောင်လံနယ် စမ်းကလေးကျေး ရွာမှ ဒေသခံ တောင်သူများက ပြောသည်။

အောင်လံမြို့နယ် ကြက်ရုံး ကလေးကျေးရွာမှ ဒေသခံလယ် ယာလုပ်သားတစ်ဦးကမူ ‘‘အရင် ၇၀၀ တန်ဆန်က အခု ၁,၀၀၀ဖြစ် နေတာ၊ ဈေးနှုန်းက တအိအိနဲ့ တက်နေတော့ ၁,၅၀၀၊ ၂,၀၀၀ လောက်က မိသားစုဘယ်လိုစားမ လဲ။ တစ်နေ့အနည်းဆုံးသုံးထောင် ရမှ သားအဖငါးယောက်စား လောက်ရုံပဲ’’ ဆိုပါသည်။

လက်စားလိုက်ခြင်းဆိုသည်မှာ နေ့ရက်အလိုက်ကိုယ့်အခင်းသူ့အခင်း တစ်လှည့်စီပေါင်းထိုးမြက်နုတ်လိုက်ပါဆောင်ရွက်ပေးရခြင်းဖြစ်သည်။
7 day

No comments:

Post a Comment