Tuesday 16 June 2015

ရွှေ့ပြောင်းအခြေချသူများအရေး အီးယူဆွေးနွေးမည်

မြေထဲပင်လယ်ရှိ ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းကို ဖြေရှင်းရေး အီးယူပြည်ထဲရေးဝန်ကြီးများ ဆွေးနွေးရန်ရှိသည်။ သဘောတူညီ ချက်မရရှိပါက ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် အီတလီက ခြိမ်းခြောက်နေသည်။
လူဇင်ဘတ်ရှိ ဆွေးနွေးပွဲများတွင် အဓိကပြသနာတစ်ခုမှာ ခိုလှုံခွင့် ရှာဖွေသူများကို အီးယူ ၂၈ နိုင်ငံတစ်ဝန်း ပိုမိုညီမျှစွာ ချထာမည့် အစီအစဉ်တစ်ခုဖြစ်သည်။


သဘောတူညီချက်မရရှိပါက အီတလီအနေဖြင့် ဥရောပကို ထိခိုက်စေမည့် Plan B ကိုကျင့်သုံးရလိမ့်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မတ်တီယိုရင်းဇီက ပြောကြားခဲ့ သည်။ အကျပ်အတည်းက အီတလီ၊ ဂရိနှင့် မော်လ်တာနိုင်ငံတို့၏ အရင်းအမြစ်များအပေါ်ဝန်ပိနေသည်။

ဂျာမနီနှင့် သြစတြီးယားအပါအ၀င် အီးယူနိုင်ငံအချို့က ခိုလှုံခွင့်ရှာဖွေသူ ၆၀,၀၀၀ကို နိုင်ငံပေါင်း ၂၅ နိုင်ငံတစ်ဝန်း ခွဲဝေယူသည့် သဘောတူညီချက်ကို ထောက် ခံသော်လည်း ရွှေ့ပြောင်းခြေချသူများအား ၄င်းတို့အခြေမချချင်သည့် နိုင်ငံများသို့ အဓမ္မမရွှေ့ပြောင်းသင့်ဟု နိုင်ငံအချို့က စောဒကတက်လျက်ရှိသည်။ ယူကေ၊ ဒိန်းမတ်နှင့် အိုင်ယာလန်တို့မှာမူ ဒုက္ခသည်ခွဲဝေလက်ခံခြင်းမှ ကင်းလွတ်မှုရှိသည်။

ယခုနှစ် ယခုအချိန်အထိ ရွှေ့ပြောင်းအခြေချသူ ၁,၈၀၀ကျော်မှာ မြေထဲပင်လယ်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။ ၂၀၁၄ခုနှစ် အလားတူကာလကထက် သေဆုံးမှုအဆ ၂၀ မြင့်မားလာခဲ့သည်။ အများစုမှာ စစ်ဒဏ်သင့် လစ်ဗျားနိုင်ငံမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး လှေများပေါ်တွင် ၀န်ပိုများစွာတင်ရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဗြိတိန်၏ HMS Bulwark အပါအ၀င် ရေတပ်သင်္ဘောများက ရေနစ်သေမည့် အန္တရာယ်ရှိသော လူထောင်ပေါင်းများစွာကို ကယ်တင်ခဲ့ကြသည်။ သို့သော်လည်း ရွှေ့ပြောင်းအခြေချသူများကို ဥရောပတစ်ဝန်း နေရာချထားရေးနှင့် လူကုန်ကူးကွန်ရက်များကို နှိမ်နင်းရေး အစီအစဉ်များနှင့် ပတ်သက်၍ သဘောတူညီမှုမရသေးပေ။
mizzima

No comments:

Post a Comment