မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်း ရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာ စိုက် ပျိုးရေနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
Saturday, 28 December 2013
ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း
နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက် လှူဒါန်းသွားခဲ့ကြောင်း သိရသည်။
ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး

အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်း သိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။
Friday, 27 December 2013
ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်
ရန်ကုန်မြို့တွင်း
ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်
ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့်
ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။
ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် သာရှိကြသည့်
ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့်
အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က သတင်းထုတ်ပြန်ထားသည်။
အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်
မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။
Thursday, 26 December 2013
KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော
KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက
ရှမ်းတိုင်းရင်းသား အများ စုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA
အင်ဘာပါတပ်စခန်းမှာ သင်တန်း တက်နေ ရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက
ပြောဆိုသည်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့
၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော
အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း
ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က
ထုတ်ပြန်သည်။ ဇန်နဝါရီလနှင့်
နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ
၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း
အစီရင်ခံစာက ဆိုသည်။
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း များနှင့်
ဆွေးနွေးပွဲပြု လုပ် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်
လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက် ရှိ သည့် နိုင်ငံရေးပါတီများနှင့်
တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ပြောကြားသည်။
မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်
မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ
ကိုင်ဆောင် အသုံးပြု သည့် သေနတ် မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့် ထံမှ
ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား
ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ
အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့် အသုံးပြု ခဲ့ပြီး တင်ဆက်ပြသမှုများအား
တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့်
ကူညီ ခဲ့ခြင်း သာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက် တွင် ပြောကြား ခဲ့သည်။
Wednesday, 25 December 2013
မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင်
ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ
ဝင်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ
ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင်
သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း
စိုးရိမ်စရာမရှိကြောင်း သိရသည်။
| ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရ မိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင် အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် . . . |
ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို
အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့
မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက
ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင်
မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။
Tuesday, 24 December 2013
သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်

ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန် သင်းခွေချပ်များ မှောင်ခို တင်ဆောင် လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ် -မြိတ် ရွှေလီ ရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။
တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်း ဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်းထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်ဟုဆို
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MEC Tel CDMA 800 မိုဘိုင်း ဖုန်း လိုင်းများကို Long Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
Christiano Ronaldo Profile နှင့် ဘဝအစိတ်အပိုင်းအချို့

နာမည်အပြည့်အစုံ - Cristiano Ronaldo dos Santos Aveiro
ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ် လွန်သူများအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေး မှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည်

အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့် ပင်ဆင်ရေးနှင့်
အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း
ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့
ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်
ဦးဉာဏ်ဝင်းက ပြောကြားသည်။
Subscribe to:
Posts (Atom)
![အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို
Thursday, December 26, 2013
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၄ ရက်က သမိုင်းမြို့မကျောင်းတိုက်တွင် ပြုလုပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစိုင်းညွန့်လွင်က " ကျွန်တော်တို့တွေ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပေါင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲလုပ်တယ်။နောက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်တယ်။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုလုပ်ပေးတာမရှိဘူး။ သူတို့ လုပ်ပေးတာက MPC က ကျွန်တော်တို့ကို ၁၁ ပါတီက လူ ၁၁ ယောက်ကို တွေ့ပေးတယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီနေ့အထိ နိုင်ငံရေးပါတီတွေဘက်ကို လှည့်လာတာမရှိဘူး။
အခုဖွဲ့စည်းပုံအခြေခံပြုပြင်ရေးဆိုလည်း ဒီလိုပါပဲ။ အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပွဲတွေလုပ်သလို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်တွေ့နိုင်ငံရေးမှာကျင်လည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးဖို့လိုနေတယ် " ဟု ဆိုသည်။
အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဦးစိုင်းညွန့်လွင်နှင့် စာရေးဆရာများဖြစ်သည့် ဦးဖေမြင့်၊ ဦးကျော်ဝင်း၊ Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု နှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
" အခြေခံဥပဒေကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့လိုနေပါပြီ။ ဒီဟာကို ၁၀၉ ဦး သဘောထားနဲ့ပြင်မှာလား၊ လူထုသဘောထားနဲ့ပြင်မှာလား၊ ဒါက အားလုံးမေးရမယ့် သဘောဖြစ်တယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လိုမူတွေကို အခြေခံထားပြီးရေးမလဲ ဆိုတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ပြင်ဆင်တယ်ဆိုတာရဲ့ရှေ့မှာ နိုင်ငံရေးသဘောတူညီချက်ရဖို့ လိုတယ်။ အားလုံးပြောနေတဲ့ all inclusive ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ all inclusive ဖြစ်ပြီလို့ဆိုလို့ မရသေးပါဘူး " ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားနေသည့် ၂၅ နှစ်အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယခုထိတိုင်နိုင်ငံရေးပါတီများမှလိုလားသည့် တွေ့ဆုံဆွေးနွေးပွဲမျိုးကို အစိုးရမှ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
@[114803668557265:274:Eleven Media Group]
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn2/s403x403/1503847_689181984455776_1050255047_n.jpg)

