Thursday 26 December 2013

ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား

Photo: ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား
Thursday, December 26, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့်အသုံးပြုခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက်တွင် ပြောကြားခဲ့သည်။
    
" ကျွန်တော်တို့နိုင်ငံက သမ္မတကြီးက တရုတ်နိုင်ငံသမ္မတကြီး မြန်မာနိုင်ငံမှာ ဆီးဂိမ်းကြီးလုပ်မယ်၊ နည်းပညာအကူအညီပေးပါဆိုပြီး ပြောတော့ ကူညီတာပါ။ ကျွန်တော်တို့ ယဉ်ကျေးမှုကတော့ ဒီလိုမျိုးရှိ တယ်ဆိုပြီး တရုတ်နိုင်ငံသား ပညာရှင်တွေကို ပြောပြပြီးတော့ သူတို့နဲ့ညှိနှိုင်းလုပ်ခဲ့တာပါ။ သူတို့ကို တရုတ်နိုင်ငံအစိုးရက စေလွှတ်တဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံယဉ်ကျေးမှုဝန် ကြီးဌာနစကားကိုပဲ နားထောင်ရမယ်ဆိုတာမျိုးနဲ့ စေလွှတ်လိုက်တာပါ '  ဟု ဦးအေးမြင့်ကြူက ဆိုသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီရာတွင် ငွေနှင့်မဟုတ်ဘဲ နည်းပညာအကူအညီဖြင့် ပထမဆုံးကူညီခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရပိုင် CCEG ကုမ္ပဏီမှ ပညာရှင်များလာရောက်ကူညီခဲ့ခြင်း ဖြစ်ကာ တရုတ်နိုင်ငံသားများ၏ နေထိုင်မှုစရိတ်၊ စားသောက်စရိတ်များအား တရုတ်နိုင်ငံမှသာ ကျခံခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်များကိုပင် တရုတ်အစိုးရကုမ္ပဏီမှ ကျခံခဲ့ခြင်းဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် အဓိကကုန်ကျသည့် စရိတ်များမှာ အခမ်းအနားအစီအစဉ်များတွင် တင်ဆက်ဖျော်ဖြေသှု ကျောင်းသားကျောင်းသူများအပါအ၀င် လူ ဦးရေ ၈၀၀၀ ကျော်အတွက် တစ်နေ့လျင် ထမင်းကျွေးစရိတ် လူတစ်ဦး ၃၂၀၀ကျပ် နှင့် ဖျော်ဖြေရာတွင် ၀တ်ဆင်သည့် အ၀တ်အစားများနှင့် သယ်ယူပို့ဆောင်စရိတ်၊ ဖျော်ဖြေမှုများအတွက် ရိုက်ကူးသည့် ကင်မရာအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းခြောက်သောင်းကျော် စသည့် ကုန်ကျစရိတ်များသာဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံမှ နည်းပညာများ အကူအညီပေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည့်ဝသောထောက်ပံ့ကူညီမှုအား အဆက်ပြတ်နေသော နည်းပညာခြားနားမှု အနေအထားကြောင့် အပြည့်အ၀ရရှိခဲ့ခြင်းမရှိကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ၏ နည်းပညာအကူအညီများကြောင့် မြန်မာနိုင်ငံ၏ ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများသည် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ မလုပ်ကိုင်သင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီး ထိုကဲ့သို့ကွဲပြားခြားနားသည့် အမြင်များပေါ်တွင်လည်း တုန့်ပြန်လိုမှုမရှိကြောင်း ဦးအေးမြင့်ကြူက ပြောကြားခဲ့သည်။

Eleven Media Group 

မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့် အသုံးပြု ခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီ ခဲ့ခြင်း သာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက် တွင် ပြောကြား ခဲ့သည်။


" ကျွန်တော်တို့နိုင်ငံက သမ္မတကြီးက တရုတ်နိုင်ငံသမ္မတကြီး မြန်မာနိုင်ငံမှာ ဆီးဂိမ်းကြီးလုပ်မယ်၊ နည်းပညာအကူအညီပေးပါဆိုပြီး ပြောတော့ ကူညီတာပါ။ ကျွန်တော်တို့ ယဉ်ကျေးမှုကတော့ ဒီလိုမျိုးရှိ တယ်ဆိုပြီး တရုတ်နိုင်ငံသား ပညာရှင်တွေကို ပြောပြပြီးတော့ သူတို့နဲ့ညှိနှိုင်းလုပ်ခဲ့တာပါ။ သူတို့ကို တရုတ်နိုင်ငံ အစိုးရက စေလွှတ်တဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံယဉ်ကျေးမှုဝန် ကြီးဌာန စကားကိုပဲ နားထောင်ရမယ်ဆိုတာမျိုးနဲ့ စေလွှတ်လိုက်တာပါ ' ဟု ဦးအေးမြင့်ကြူက ဆိုသည်။


တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီရာတွင် ငွေနှင့်မဟုတ်ဘဲ နည်းပညာအကူအညီဖြင့် ပထမဆုံးကူညီ ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရပိုင် CCEG ကုမ္ပဏီမှ ပညာရှင်များလာရောက်ကူညီ ခဲ့ခြင်း ဖြစ်ကာ တရုတ်နိုင်ငံသားများ၏ နေထိုင်မှုစရိတ်၊ စားသောက်စရိတ်များအား တရုတ်နိုင်ငံမှသာ ကျခံခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်များကိုပင် တရုတ်အစိုးရကုမ္ပဏီမှ ကျခံခဲ့ခြင်းဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။


ဆီးဂိမ်းပြိုင်ပွဲတွင် အဓိကကုန်ကျသည့်စရိတ်များမှာ အခမ်းအနားအစီအစဉ်များတွင် တင် ဆက်ဖျော်ဖြေသှု ကျောင်းသားကျောင်းသူများအပါအ၀င် လူ ဦးရေ ၈၀၀၀ ကျော်အတွက် တစ်နေ့လျင် ထမင်းကျွေးစရိတ် လူတစ်ဦး ၃၂၀၀ကျပ် နှင့် ဖျော်ဖြေရာတွင် ၀တ်ဆင်သည့် အ၀တ်အစားများနှင့် သယ်ယူပို့ဆောင်စရိတ်၊ ဖျော်ဖြေမှုများအတွက် ရိုက်ကူးသည့် ကင်မရာအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းခြောက်သောင်းကျော် စသည့် ကုန်ကျစရိတ်များသာဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြော သည်။


တရုတ်နိုင်ငံမှ နည်းပညာများ အကူအညီပေးရာတွင် မြန်မာနိုင်ငံ အနေဖြင့် ပြည့်ဝသောထောက်ပံ့ ကူညီမှုအား အဆက်ပြတ်နေသော နည်းပညာခြားနားမှု အနေအထားကြောင့် အပြည့်အ၀ ရရှိခဲ့ခြင်း မရှိကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။


တရုတ်နိုင်ငံ၏ နည်းပညာအကူအညီများကြောင့် မြန်မာနိုင်ငံ၏ ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား များသည် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ မလုပ်ကိုင်သင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီး ထိုကဲ့သို့ကွဲပြားခြားနားသည့် အမြင်များပေါ်တွင်လည်း တုန့်ပြန်လိုမှုမရှိကြောင်း ဦးအေးမြင့်ကြူက ပြောကြား ခဲ့သည်။


Eleven Media Group
 
မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

No comments:

Post a Comment