တရုတ်ချေးငွေအကူအညီဖြင့်
ရထားစက်ခေါင်းအင်ဂျင်နှင့် ရထားတွဲများထုတ်လုပ်မည့် စက်ရုံနှစ်ရုံ
တည်ဆောက်ရန် တရုတ်- မြန်မာစီးပွားရေး စာချုပ်တစ်ရပ်အား ဇူလိုင် ၁၇ ရက်တွင်
လက်မှတ်ရေးထိုးခဲ့ သည်။
Friday, 19 July 2013
Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း

အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး မေ့သွား လို့ ပြန်လုပ်ယူလို့မရတော့တဲ့အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ စဉ်းစားလို့ မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။
လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ
လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ် များပေါ်တွင် လောင်းကစား များ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစု က ပြောကြ သည်။
အခွန်ရှောင်ခြင်းကို လျော့စေလိုသောကြောင့် သွင်းကုန်ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ဖြတ်ရခြင်းဖြစ်
လွန်ခဲ့သည့် ဇွန်လ ၄ ရက်မှစ၍
သွင်းကုန်ပို့ကုန်များအားလုံး၏ အခွန်နှုန်း ထားကို နှစ် ရာခိုင်နှုန်း
ဖြတ်ရခြင်းမှာ အခွန်ရှောင်ခြင်းကို လျော့ပါးစေရန် အဓိကရည် ရွယ်ကြောင်း
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ် သက်သော ကိုယ်ရေး အတ္ထုပတ္တိများ ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပ ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည် နယ် NDF ပါတီ ခေါင်းဆောင် ဖမ်းဆီး ခံရ
အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ၏ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာသည်
ယမန်နေ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်
ပုဒ်မ(၃)ခုဖြင့် အဖမ်းခံခဲ့ ရကြောင်း ယင်းပါတီ တာဝန် ရှိသူများထံမှ သိရသည်။
ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖွင့်မည်

ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာရောက်ဖွင့်လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရသိရသည်။
အိုင်တီပစ္စည်းက စိတ်ကျရောဂါဖြစ်စေ

မြန်မာပြည်မှာတော့ အဲ့လောက်သိပ်မဖြစ်သေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတော့ နည်းပညာ ပစ္စည်းများကို အလွန်အမင်း စွဲလမ်းနေကြပါပြီ။
အသားလွှာ တီလားဗီးယား ငါး အမျိုးအစားကို အမေရိကန်သို့ တင်ပို့ရန် USAID တိုက်တွန်း

အမေရိကန် နိုင်ငံသို့ ရေထွက် ပစ္စည်း တင်ပို့မှု တတိယ နေရာတွင် ရှိသော တီလား ဗီးယား ငါး အမျိုး အစားကို မြန်မာနိုင်ငံမှ အသားလွှာ ပြုလုပ် တင်ပို့ ရန် USAID မှ တိုက်တွန်းထားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
July 19 မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ ဗိုလ်ချုပ်၏မိန့်ခွန်း နဲ့ ဈာပနအစီအစဉ်တွေကို မကြည့်လိုက်ရသော မိတ်ဆွေများအတွက်
မြ၀တီ ရုပ်မြင်သံကြား
ည ၇: ၁၅ - လွတ်လပ်ရေးဖခင်ကြီး၏ မမေ့နိုင်သောမိန့်ခွန်းများ
ည ၇: ၁၅ - လွတ်လပ်ရေးဖခင်ကြီး၏ မမေ့နိုင်သောမိန့်ခွန်းများ
၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ
၂ဝ၁၃
ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း
ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာ ခန်းမ၌ ကျင်း ပပြုလုပ်ရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး
ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ
ဆက်ကပ် လှူဒါန်းကြသည်။

ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ

မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှုအမွေအနှစ်ဒေသများသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင်ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံမှုကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိုမိုတင်ပို့
ဆိုင်ကယ်ကယ်ရီ လိုက်ပို့သည့် အမျိုးသမီးအား ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့် ထုသတ် သူများအား ဖမ်းဆီး အရေးယူ
၁၇-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ နယ်၊ ကရသူရိ မြို့နယ်ခွဲရှိ
““ပိုကောင်း””ဆီအုန်းကုမ္ပဏီ အလုပ်သမားလိုင်းခန်းနေ
ဇင်မင်းမောင်(၂၄)နှစ်၏ဇနီးဖြစ်သူ မအေးသိန်း (၂၆)နှစ် သည်
၎င်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီအလုပ်သမား များဖြစ်သော မွန်ပြည်နယ်၊
ကျိုက်ထိုမြို့နယ်၊
နယ်စပ် အကြမ်း ဖက်မှု တား ဆီးနိုင် မည့် လုံခြုံရေး တပ်ဖွဲ့ အစား ထိုးရန် အမေရိကန် တိုက်တွန်း
ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့်
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်(န.စ.က) နေရာ တွင်
အကြမ်းဖက်မှုများ ကာကွယ်တားဆီးပေးနိုင်သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခုကို
အစားထိုးတာဝန်ပေး သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
ဒဲရစ်မစ်ချဲလ်က ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

မုံရွာမြို့မှ ကလေး-တမူးသို့ပြေးဆွဲနေသော ရွှေမြန်မာလူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယကုန်ပစ္စည်းများ အကောက်ခွန်မဲ့သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး မိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
![]() |
| ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် |
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မနေရာအတွက် ယှဉ်ပြိုင်ကြရာ၌
တစ်ကယ်တမ်း သတ္တိရှိ သည်ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက်
ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စား လှယ်လောင်း ရှေ့နေ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ
NDF ပါတီမှ ဖားကန့်မြို့နယ်
ကိုယ်စားလှယ်လောင်း ရှေ့နေဒေါ်ဘောက်ဂျာ အား ဇူလိုင်လ ၁၈ ရက် ညနေ ၅ နာရီကျော်
အချိန်တွင် ၎င်း၏နေအိမ်ရှိရာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် အိမ်အမှတ်
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း အား အမျိုးသား လွှတ်တော်မှ ပြည်သူ့ လွှတ်တော် သို့ ပြန်လည်ရောက်ရှိပါက အဆိုပြန်လည်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု သူရဦးရွှေမန်း အတည်ပြု
ပြည်သူ့လွှတ်တော်မှ အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့ထားပြီး
ဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား
အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပြန် လည်ရောက်ရှိပါက
အဆိုပြန်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌသူရဦးရွှေမန်း က အတည်ပြု ပြောကြားခဲ့သည်။
မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွား
![]() |
| အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို) |
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းမှ
မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု
အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)



