Sunday, 11 November 2012
ရွှေဘိုငလျင် ပျက်စီးမှု နောက်ဆက်တွဲ အချက်အလက်များ
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘို အရှေ့
မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင်
လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရသည်အနက် ယနေ့
မွန်းတည့်ချိန် အထိ သိရှိရသော အချက် အလက်များမှာ အောက်ပါ အ တိုင်း
ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ
တစ်ဆင့် သိရ ရခြင်း ဖြစ် ပါ သ ည်။
ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်
ကန်တောင်ကျေးရွာ အနီးရှိ ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး
ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်ခတ်
ယနေ့နံနက် ၇နာရီ ၄၂ မိနစ်အချိန်က ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၆.၈ ရှိ အင်အားပြင်းငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။
Saturday, 10 November 2012
ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ
အောင်လံ၊ နိုဝင်ဘာ ၁၀
သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင်
NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက
တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။
တမလွန်ဘ၀မှ အချစ်ကြီးသူ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မယ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့်
မြို့လုံးကျွတ် မဟာဘုံ ကထိန် ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၉ ရက်
(တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး
ယခုနှစ်တွင် တန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပ သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့၊သစ်တောရပ်၊ ကမ္ဘောဇ လမ်း၊တွင် မီးလောင်မှူတစ်ခု ဖြစ်ပွား
နိုဝင်ဘာ ၈ရက်နေ့ ည၁၁း၀၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ သစ်တောရပ်၊
ကမ္ဘောဇ လမ်း၊ အိမ် အမှတ် (၁၂၀)တွင်မီးလောင် ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။
မီးလောင် ကျွမ်းမှုဖြစ်ပွားရ သည့် အကြောင်း ရင်း မှာ တောင်ကြီး
တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ၀င်ရန်ညမီးကြီး အမျိုး
အစားဖြစ်သဖြင့်စေတန် မီးအဖွဲ့ က ယမ်းစပ်ခြင်း များပြုလုပ် နေကြောင်း၊
ယင်းသို့ ယမ်းစပ်စဉ် ၊စမ်းသပ်ပြီး လွတ်တင် လိုက်သည့် မီးရှုး တစ်ခု မှာ
ဓာတ်ကြိုးနှင့်ထိပြီး ၊ယမ်းစပ် နေ သည့် ယမ်းပုံပေါ်သို့ပြန်ကျကာ
ယမ်းစပ်နေသူများပါ ထိစဉ် ပေါက် ကွဲလောင် ကျွမ်းခဲ့ကြောင်း
တောင်ကြီးမြို့မီးသတ်အဖွဲ့က သွားရောက်ငြိမ်းသတ်ရာ ည ၁၁း၂၅
တွင်မီးငြိမ်းခဲ့ကြောင်း သစ်တော ရပ်ကွက်နေသူတစ်ဦးကပြောသည်။
နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ
ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ
ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြော င့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ
ဗိုလ် ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့
ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ က ပေါက်တောမြို့နယ်သို့ လာရောက် ဖြေရှင်း
ပေးခဲ့သည် ဟုသတင်းရရှိသည်။
အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ရာထူးမှနုတ်ထွက်
အမေရိကန်ဗဟိုထောက်လှမ်းရေးအဟိုတယ်ခန်းက မလောက်၊ ဝန်ဆောင်မှုက ညံ့
ပြည်တွင်းပြည်ပ ဧည့်အဝင်များသည့် ဒေသများတွင် ဟိုတယ်ခန်း မလုံလောက်သည့်အပြင် ဝန်ဆောင်မှု တချို့ ညံ့ဖျင်းသောကြောင့် တည်းခိုလိုသည့် ဧည့်သည်များ အခက်အခဲ တွေ့နေသည့်အပြင် ရကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ပိုင်ရှင်များ သိန်း သောင်းချီရှုံး
မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော မြန်မာနေရှင်နယ်လိဂ် ဘောလုံး အသင်း များ မှာ နှစ်စဉ် ငွေကျပ်သိန်း သောင်းချီ အရှုံးပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
Friday, 9 November 2012
မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်
ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင် ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုးညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။
Subscribe to:
Posts (Atom)






