Saturday 10 November 2012

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မယ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

 
တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် မြို့လုံးကျွတ် မဟာဘုံ ကထိန် ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၉ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် တန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပ သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီနှစ်တန်ဆောင်တိုင်ပွဲကို အရင်နှစ်ကထက် ထူးထူးခြားခြား ပိုပြင်ထားပါတယ်။ Miss တန်ဆောင် တိုင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲက ဒီ နှစ်မှ ပထမဦးဆုံးအကြိမ် ကျင်းပတာပါ”ဟု ပွဲဖြ စ်မြောက်ေ ရးေ က်ာမတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲကို အဝေရာကုန်း၌ ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကာလ အတွင်း နေ့ လွှတ် အ ရုပ်မျိုးစုံ (ခြေနှစ်ချောင်း၊ ခြေလေးချောင်း အုပ်စုလိုက်၊ တစ်ကောင်ချင်း၊ သင်းကွဲ၊ ရေသတ္တ၀ါ) ပြိုင်ပွဲ၊ ညမီးပုံးပျံ (ညမီးကြီးယမ်းဖောက်ခွဲမှုအလှ)၊ စိန်နားပန်ရောင်စုံ မီးပဒေ သာ သရုပ်ဖော်) ပြိုင်ပွဲများ၊ မီး ပဒေသာ အလှပြိုင်ပွဲနှင့် မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲများစွာဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ် သည်။

ထို့အပြင် အားကစားပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲများ၊ စူဠာမုနိဘုရားကုန်းတော်အတွင်း မသိုး သင်္ကန်း ရက်ပြိုင်ပွဲ၊ အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

“တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက်လက်မှတ်ကြိုတင်မှာကြတာအခုဆိုတော်တော်ရောင်းရတယ်။ တော င်ြ ကီး ပွဲက ပြင်ဦးလွင်ပွဲ ထက် လူသိပိုများတယ်။ ကျွန်မတို့ ဆီက ငါးညအိပ် ခြောက်ရက် ခရီး စီစဉ်ပေး တယ်” ဟု စိန်ဝင်းနှင့် ရောင်းရင်းများခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲသည် ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း စိတ်ဝင် စားေ သာ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း၊ ပြည်ပခရီးသွားများ အနေဖြင့် Package Tour အပြင် FDI Tour များ ပါ လာရောက် ကြောင်း၊ ယခုနှစ်သည် ခရီးသွား ရာသီပွင့်လင်းလာမှုကြောင့် ပိုမို လာရောက်နိုင်ကြောင်း Tun Myanmar ကုမ္ပဏီမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးထွန်းမြတ်ကပြောသည်။
 
ref:7daynews

No comments:

Post a Comment