Sunday 11 November 2012

ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်ခတ်


ယနေ့နံနက် ၇နာရီ ၄၂ မိနစ်အချိန်က ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၆.၈ ရှိ အင်အားပြင်းငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။

စစ်ကိုင်းမြို့တွင်လည်း ငလျှင်လှုပ်ခတ်ခဲ့ပြီး နေအိမ်အချို့၏ အုတ်နံရံများ အက်ကွဲသွားခဲ့ကြောင်း သိရှိရ သည်။ အသေးစိတ်အခြေအနေများသိရှိရပါက ဆက်လက် ဖော်ပြသွားပါမည်။

ယနေ့နံနက် မြန်မာစံတော်ချိန် ၇နာရီ၄၃မိနစ်အချိန်ခန့်က ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချက်စ်တာ စကေး ၇.၀ပြင်းအားရှိသော မြေငလျှင်တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း မန္တလေးမြေ ငလျှင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါငလျှင်ကြောင့် ရွှေဘိုမြို့လယ် လမ်းလယ်ဘုရားအနီးရှိ တိမ်လွှာလျှပ်စစ်ပစ္စည်းဆိုင် အပေါ် ထပ် ပြိုကျခဲ့ပြီး၊ စစ်ကိုင်းမြို့တွင် အဆောက်ဦးအချို့ နံရံများအက်ကွဲ ခဲ့ကြောင်း ဒေသခံ များ ထံမေးမြန်းချက် များအရသိရသည်။

ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက်၊ ရွှေပေါ်ကျွန်းဘုရားလည်း ငလျှင်ဒဏ်ခံခဲ့ကြောင်း မြို့ပေါ်ရှိနေအိမ်အချို့၏ အုတ်နံရံများ အက်ကွဲပြီး အချို့မှာ အနည်းငယ်ပြိုကျခဲ့သည်ဟု သိရှိရပါသည်။
အနောက်ဈေး ရပ်ကွက်ရှိ လောကမာရဇိန် ဘုရားစောင်းတန်းများလည်း ပြိုကျခဲ့ကြောင်း သိရှိရပါသည်။

ငလျင်ဒဏ်အား နေပြည်တော်၊ မိထ္တီလာမြို့များအထိ သိရှိခံစားခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment