Sunday 11 November 2012

ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ


ရန်ကုန်၊ နိုဝင်ဘာ ၁၁

ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ် ကန်တောင်ကျေးရွာ အနီးရှိ ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

“ခုတောင် ငလျင်က ပြန်လှုပ်နေတယ်” ဟု ၄င်း က နေ့လည် ၁၂နာရီ ၁၅မိနစ် တွင် ပြောကြားသည်။

ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ပြီး အခြေနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
 
ref:The Voice Weekly

No comments:

Post a Comment