Saturday 10 November 2012

ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ



အောင်လံ၊ နိုဝင်ဘာ ၁၀

သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။
အောက်တိုဘာလ ၃ဝရက်နေ့တွင် အောင်လံ NLD ပါတီဝင်များ မုန့်ဟင်းခါးနှင့် ပါတီဝတ်စုံ များ ရောင်းချနေစဉ် ဂေါပက အဖွဲ့များက ခြိမ်းခြောက်ခြင်း ၊ မတရား ကန့်ကွက်ခြင်း၊ ကျူးကျော် ဝင်ေ ရာက်ခြင်း ၊ အဓမ္မ အနိုင်အထက် ပြုကာ ဓါတ်ပုံနှင့် ဆိုင်းဘုတ်များကို ဖြုတ်ချခြင်း များ ပြုလုပ် ခဲ့သည့် အပြင် ချက်ပြုတ်ထားသော မုန့်များ မရောင်းရဘဲ ဆုံးရှုံးရခြင်း တို့ကြောင့် အောင်လံမြို့ NLD ပါတီညီလာခံ ကျင်းပရေးက်ာမရှင် ဥက္ကဋ္ဌ ဦးရန်နောင်ထွန်း က တရားလို ပြုလုပ်၍ တရားရုံး ဦး တိုက် လျှောက် ထားခဲ့ကြောင်း ၄င်းထံမှ သိရသည်။
 
ref:thevoiceweekly

No comments:

Post a Comment