Tuesday, 3 November 2015

အတူတွဲရိုက်တဲ့ ရုပ်ရှင်စက်မှုလုပ်သားတစ်ဦးစီကို ငွေကျပ်သုံးထောင် နေ့စဉ်ထောက်ပံ့မယ့် ပြေတီဦး

စက်မှုလုပ်သားများ၏ လိုအပ်ချက်ကို တတ်နိုင်သ လောက် ဖြည့်ဆည်းပေးသည့် သဘောဖြင့် နိုဝင်ဘာ ၂ ရက်မှ စတင်၍ အတူတွဲဖက်အလုပ်လုပ် သော စက်မှုလုပ်သားများကို တစ် ဦးလျှင် ကျပ်သုံးထောင်စီထောက် ပံ့မည်ဟု ပြေတီဦးက ပြောသည်။‘‘စက်မှုလုပ်သားတွေဆိုတာ ကျွန်တော်တို့အတွက် ရဲဘော်ရဲ ဘက်တွေပါ။ သူတို့ရတဲ့အနုပညာ ကြေးက နည်းလို့ တိုးတောင်းပေ မယ့် ပရိုဂျူဆာတွေဘက်က လည်း အခက်အခဲတွေရှိတော့ တိုးမပေးနိုင်ဘူး။ အဲဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီ ပေးတာပါ’’ဟု ပြေတီဦးက ပြော သည်။ယင်းအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်က ရိုက်ကူးနေသော ‘ကပ္ပိယ’ ရုပ်ရှင်ဇာတ်ကားရိုက် ကွင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး ရိုက်ကွင်းရှိသည့်နေ့တိုင်း ယင်း အစီအစဉ်အတိုင်း လုပ်ဆောင် မည်ဟု ၎င်းက ဆိုသည်။ပြေတီဦးအနေဖြင့် ယခင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ လှုပ်ရှားမှုများမရှိခဲ့သော်လည်း နိုဝင်ဘာ ၁ ရက်က သုဝဏ္ဏမြို့ဦး စေတီဝင်း၌ ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏  အောင်နိုင်ရေးဟောပြောပွဲသို့  ဇနီးအိန္ဒြာကျော်ဇင်နှင့်အတူ    သွားရောက် အားပေးခဲ့သည်။
7 day

အများပိုင်ကုမ္ပဏီအသစ်များ ရှယ်ယာ ထုတ်ရောင်းနိုင်ရန် သီးသန့်စံနှုန်း မကြာမီ ထုတ်ပြန်မည်

အများပိုင်ကုမ္ပဏီအသစ် များအနေဖြင့် ရှယ်ယာများရောင်း ချနိုင်ရန် စံနှုန်းသတ်မှတ်ချက်များ မကြာခင် သီးသန့်ထုတ်ပြန်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချရန်စံနှုန်း သတ်မှတ်ချက် ၁၇ ချက် ထုတ်ပြန် ထားရာ၌ အမြတ်ငွေ ၂ နှစ်ရှိရမည်ဟူသော အချက်ကြောင့် တည် ထောင်စ ကုမ္ပဏီနှင့် ကုမ္ပဏီအ သစ်များ ပါဝင်ခွင့်မရ၍ ယခုကဲ့ သို့ ထပ်မံထုတ်ပြန်ရခြင်း ဖြစ် ကြောင်း ချေးငွေသက်သေခံလက် မှတ်ရောင်းချရေး လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
‘‘အခုစံနှုန်းသတ်မှတ်ထား တာ ဖွဲ့ပြီးသား ကုမ္ပဏီတွေအ တွက် ထုတ်ထားတာ။ အသစ်ဖွဲ့ ထားတဲ့ကုမ္ပဏီအတွက်မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ နှစ် အမြတ်ရှိရမယ်ဆိုတော့ အသစ်ဖွဲ့မယ့်ကုမ္ပဏီမှာ မရှိနိုင်ဘူး။ ၁၇ ချက်က ရှိပြီးသား၊ အလုပ်ဖြစ်ပြီး သားတွေအတွက် ထုတ်ထားတာ’’ ဟု၎င်းက ဆက်လက်ပြောသည်။

ဆီနိုင်းတွင် ပျက်ကျသည့် လေယာဉ်သည် လေထဲတွင် အပိုင်းပိုင်းအစစ ဖြစ်သွားဟု ရုရှားပညာရှင်များဆို

ပြီးခဲ့သည့် သီတင်းပတ်က ဆီနိုင်းကျွန်းဆွယ်ပေါ် ဖြတ်ပျံစဉ် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်သည် လေထဲတွင်ပင် အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့ကြောင်း ရုရှား စုံစမ်းရေး အရာရှိများက ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၁ ရက်က ဆီနိုင်းကျွန်းဆွယ်၏ အီဂျစ် ထိန်းချုပ်ထားရာ အပိုင်းကို ဖြတ်ပျံစဉ် လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဆီးရီးယားတွင် မိမိတို့ကို လေကြောင်းမှ တိုက်ခိုက်သည့်အတွက် ရုရှားခရီးသည်တင် လေယာဉ်တစ်စီးကို လက်စားချေကာ ပစ်ချခဲ့ကြောင်း ကြေညာသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ရုရှားအစိုးရက ကျွမ်းကျင်သူများ စေလွှတ်ကာ အကြောင်းရင်းကို စုံစမ်းနေစေခြင်း ဖြစ်သည်။

Monday, 2 November 2015

သမ္မတ ဦးသိန်းစိန်၏ လုံခြုံရေး အထူးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ကြိုတင်မဲပေး

သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့သွာရန် ခရီးစဉ်ရှိသဖြင့်၎င်း၏ လုံခြုံရေး တာဝန်များဆောင်ရွက်ရမည့် လုံခြုံရေး အထူးတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၂၁၈ ဦးသည် ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲသို့ ကြိုတင်မဲပေးရန် နိုဝင်ဘာ ၂ ရက်က လျောက်ထားခဲ့သည်။
နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ရာဇဌာနီလမ်းအမှတ် (၂)ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (အထူးတာဝန်တပ်ဖွဲ့)မှ အရာရှိ ၆၄ ဦးနှင့် တပ်ဖွဲ့ဝင် ၁၅၄ ဦးတို့သည် ဇေယျာ သိဒ္ဓိရပ်ကွက် ကော်မ ရှင်ရုံးတွင် ကြိုတင်မဲပေးရန် လျောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထူးတပ်ဖွဲ့ဝင်များသည် သမ္မတလုံခြုံရေးတာဝန် ထမ်းဆောင်ရကြောင်းသိရပြီး သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ခရီးစဉ်ရှိသဖြင့် ကြိုတင်မဲပေးရန် လာရောက် လျှောက်ထားခြင်းဖြစ်ကြောင်း ဇေယျ သိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအကုန်တွင် နေပြည်တော်နှင့် မနောမြေ တန်းဆင်းခဲ့ရ

၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များ အပြီး၌ နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့ လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။ နောက်ဆုံးပွဲ မတိုင်ခင်၌ နေပြည်တော်၊ မနောမြေ၊ ရခိုင်အသင်းတို့ ရမှတ် တစ်မှတ်စီသာ ကွာဟ၍ တန်းဆင်းဇုန်အတွင်း၌ တည်ရှိနေသော်လည်း ရခိုင်အသင်းက ကမ္ဘောဇအသင်းကို ၃-၂ ဖြင့် အနိုင်ရကာ တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်အသင်းမှာမူ ဟံသာဝတီအသင်းကို ဖိကစားနိုင်ခဲ့သော်လည်း ချေပဂိုးပြန်လည်သွင်းနိုင်ခြင်း မရှိသည့်အတွက် ပွဲအပြီးတွင် ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို မနောမြေအသင်းသည် ရတနာပုံအသင်းကို ဗထူးကွင်း၌ ၃-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။
အခြားပွဲစဉ်များ၌ ဧရာဝတီအသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး တစ်ဖက် နှစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သလို မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့မှာလည်း ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဆန္ဒမဲပေးခွင့်လက်မှတ် ထုတ်ယူပြီ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးမည်

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် မိသားစုဝင်များသည် နိုဝင်ဘာလ(၈)ရက်တွင် မဲပေးရန် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို သမ္မတရုံးမှ ၀န်ထမ်းနှစ်ဦးက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ယူသွားပြီဖြစ်သည်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ယူမှုတွင် သမ္မတဦးသိန်းစိန်၏ မဲစာရင်းအမှတ်စဉ်သည် (၃၅၅) ဖြစ်ပြီး ၎င်း၏ ဇနီးဒေါ်ခင်ခင်ဝင်၏ မဲစာရင်းအမှတ် စဉ်မှာ (၃၅၀)ဖြစ်သည်။ နိုဝင်ဘာလ(၈)ရက် ရွေးကောက် ပွဲနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေး မည်ဖြစ်သည်။
ဇမ္မူသီရိမြို့နယ်သည် ၀န်ထမ်းအများစုနေပြီး ယင်းမြို့အနယ်အတွင်း ရွေးကောက်ပွဲနေ့တွင် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)ဟူ၍ မဲရုံနှစ်ရုံ ဖွင့်လှစ် သွားမည်ဖြစ်သည်။ သမ္မတနှင့်ဇနီးတို့၏ မဲဆန္ဒလက်မှတ်များပြင် သမ္မတရုံး အဖွဲ့ဝင်(၉၅)ဦးတို့၏ မဲဆန္ဒရှင် သက်သေခံလက် မှတ်များကို ဇေယျာသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သမ္မတရုံးမှ ၀န်ထမ်း(၂)ဦးမှ မဲဆန္ဒရှင် များ၏ တိုက်ဆိုင် စစ်ဆေး၍ သက်သေခံ လက်မှတ်များ ထုတ်နေသည်ကို တွေ့မြင်ရသည်။

ရန်လိုမှုကို ဘေးဖယ်ကာ ပူးပေါင်းဆောင်ရွက်မည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့ ထိပ်သီးဆွေးနွေးပွဲတွင် ပြော

 သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲတွင် သမိုင်းရန်ငြိုးများကို ဘေးချိတ်ကာ ဒေသတွင်းကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက် နောက်တစ်ကြိမ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်တို့က နိုဝင်ဘာ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်တွင် ကျင်းပခဲ့ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး၊ တရုတ်ဝန်ကြီးချုပ် လီကယ်ချန်းနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် မိနစ် ၉၀ကြာ   ဆွေးနွေးပွဲအတွင်း လွတ်လပ်သည့်ကုန်သွယ်ရေးမှသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်၏ ခြိမ်းခြောက်မှုအထိ များပြားကျယ်ပြန့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကန်ရေတပ်ကို တုန့်ပြန်သည့် တရုတ်က လက်နက်တပ်ဆင်သည့် ဂျက်လေယာဉ်များကို အငြင်းပွားရေပြင်ပေါ်သို့ စေလွှတ်

 တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းများအနီးသို့ အမေရိကန်ဖျက်သင်္ဘော ၀င်ရောက်ခုတ်မောင်းမှုက ပေကျင်းကို ဒေါသူပုန်ထစေခဲ့သည်။
ဒုံးကျည်များတပ်ဆင်ထားသည့် တရုတ်ရေတပ် ဂျက်တိုက်လေယာဉ်များက တောင်တရုတ်ပင်လယ်အတွင်းရှိ ဗီယက်နမ်အနီး အငြင်းပွားရေပြင်အထက် ဝေဟင်တွင် စစ်ရေးလေ့ကျင့်ခဲ့ရာ ဒေသတွင်း တွင် အမေရိကန်၏ ရန်စမှုဟု ပေကျင်းက ယူဆသည့် လုပ်ရပ်ကို တုန့်ပြန်ခြင်းဖြစ်နိုင်သည်။ South China Morning Post ၏ သတင်းတစ်ရပ်အရ တရုတ်ရေတပ်၏ စနေနေ့က ထုတ်ပြန်သည့် ဓာတ်ပုံများအရ လက်နက်တပ်ဆင်ထားသည့် ဂျက်တိုက်လေယာဉ်များမှာ ပရာဆယ် ကျွန်းစုအတွင်း ရှိ Woody Islandပေါ်မှ ပြေးလမ်းမှတစ်ဆင့် အတက်အဆင်းလုပ်၍ စစ်ရေးလေ့ကျင့်ခဲ့ကြသည်ဟု ဆိုသည်။အရှေ့တောင်ဖျားရှိ စပရတ်တလေကျွန်းစုများနှင့်အတူ ပရာဆယ်ကျွန်းစုမှာ တရုတ်နှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော သေးငယ်သော ဒေသတွင်း အိမ်နီးချင်းနိုင်ငံများကြား တိုး၍တင်း မာလာနေသော ပိုင်နက်အငြင်းပွားရာ အဓိကနေရာတစ်ခုပင်ဖြစ်သည်။ တရုတ်နိုင်ငံက အနီးပတ်ဝန်းကျင်နိုင်ငံများ၏ ရေပိုင်နက်နယ်နိမိတ်ကို လျစ်လျူရှုကာ ကျွန်းစုများကို သိမ်းပိုက်ခဲ့ပြီး စစ်ရေးရည်ရွယ်ချက်ဟု အများက ယူဆနေသည့် ကျွန်းတုများကိုလည်း ချဲ့ထွင်တည်ဆောက်နေခဲ့သည်။

Saturday, 31 October 2015

ဒဏ်ရာရ ကစားသမားများနေသော်လည်း အသင်း၏လေ့ကျင့်ရေး နည်းလမ်းများကို အာစင်ဝင်းဂါးကာကွယ်

ဒဏ်ရာရလူစာရင်းရှည်ထဲတွင် ချိန်ဘာလိန်နှင့် ဝဲလ်ကော့တ်တို့ထပ်မံပါဝင်လာသော်လည်း အသင်း၏လေ့ကျင့်ရေးနည်းလမ်းများကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကာကွယ်ပြောဆိုလိုက်သည်။အင်္ဂလန်ကစားသမားနှစ်ယောက်ဒဏ်ရာရခဲ့ခြင်းနှင့်ပတ်သက်ပြီး နယ်သာလန်လူမျိုးကြံ့ခိုင်ရေးပညာရှင် ရေမွန်ဗာဟေယန်က အာစင်ဝင်းဂါးကိုစွပ်စွဲပြစ်တင်ထားသည်။
ချိန်ဘာလိန်နှင့် ဝဲလ်ကော့တ်တို့သည် အင်္ဂါနေ့တွင် အာဆင်နယ်အသင်းက ရှက်ဖီးဝမ့်နက်စ်ဒေးကို ၃-၀ဂိုးဖြင့် ရှုံးသည့်ပွဲ၌ ဒဏ်ရာရခဲ့ကြ ခြင်းဖြစ်သည်။"အဲဒီလူ (ဗာယေယန်) ကိုကြည့်ရတာ အရာရာသူသိသူတတ်လို့ ထင်နေပုံပဲ။ ကျွန်တော်တို့ ကြံ့ခိုင်ရေးမှူးတွေနဲ့ ဆရာဝန်တွေထက် သူပိုသိ နေတာ အံ့သြစရာပဲ။ ဆေးအဖွဲ့ကို ကျွန်တော်ယုံကြည်သလို နည်းပြအဖွဲ့ကလည်း ကြံ့ခိုင်ရေးအစီအစဉ်တွေကို ကောင်းကောင်းလုပ်နိုင်မယ် လို့ ယုံကြည်ပါတယ်။ ပြောရရင် ပြင်ပဘဝလိုပဲပေါ့။ သူကျတော့ဖျားပြီး သူကျတော့ဘာလို့မဖျားလဲ။ ဒါကိုနားလည်ထားဖို့ လိုပါမယ်"ဟု အာစင် ဝင်းဂါးက ပြောသည်။

မန္တလေး သီရိမင်္ဂလာကားကြီးကွင်းကို ဒေါနဘွားအဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလကုန်ပြောင်းမည်

မန္တလေးမြို့၊ ၂၂ လမ်း၊ သီရိမင်္ဂလာကားကြီးကွင်းရှိ ယာဉ်လိုင်းများကို မန္တလေးတောင်အရှေ့ဘက် ဒေါနဘွား အဝေးပြေးကုန်တင် ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလအကုန်တွင် ပြောင်းရွှေ့ရမည်ဟု မန္တလေးတိုင်းဒေသကြီးမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မဇ္ဈိမကိုပြောသည်။

"ပြောင်းရွှေ့ရောက်ရှိလာမယ့် ယာဉ်လိုင်းတွေအတွက် ဂိတ်အခန်းအသစ်တွေ ထပ်ဖြည့်ဆောက်နေတယ်။ ရက်ပိုင်းအတွင်း ပြီးစီးပါလိမ့်မယ်။ နိုဝင်ဘာလကုန်လောက်တော့ အဆင်သင့်ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သီရိမင်္ဂလာကားကွင်းက ယာဉ်လိုင်းတွေပြောင်းရမယ်။ " ဟု ဝန်ကြီးဦးကျော်ဆန်း ကပြောသည်။

လက်ရှိအခြေအနေကို မော်ရင်ဟိုပြောင်းလဲနိုင်မည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ ယုံကြည်

 ရာသီအစဆိုးရွားသည့် ရလဒ်များရရှိနေပြီး ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်အထိ နီးစပ်နေသော်လည်း ချယ်လ်ဆီးနည်းပြမော်ရင်ဟိုအနေဖြင့် ထိုအခြေအနေများကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။
ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်နှင့်ပွဲစဉ်မတိုင်မီအထိ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားခဲ့ရာတွင် ငါးပွဲအထိရှုံးခဲ့ပြီး အဆင့် ၁၆ နေရာသို့ရောက်ရှိနေခဲ့ရသည်။ ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲတွင် စတုခ်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ထိုကဲ့သို့ ဆိုးရွားသောအခြေအနေများနှင့်ရင်ဆိုင်နေရသော်လည်း မော်ရင်ဟိုအနေဖြင့် ထိုအခြေအနေကို ပြောင်းလဲနိုင်လိ့မ်မည်ဟု ပယ်လီဂရီနီက ယုံကြည်နေသည်။

တောင်ကြီးမြို့တွင် ပညာရေးနှင့် ရဲဝန်ထမ်း အများဆုံး ကြိုတင်မဲပေး

တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ရွေးကောက်ပွဲကာလအတွင်း ခရီး ထွက်မည့် ၀န်ထမ်းများ၊ ရွေး ကောက်ပွဲကို လုံခြုံရေးယူပေးမည့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င်ဌာနဆိုင်ရာ ၀န်ထမ်းအချို့ ကြိုတင်ဆန္ဒမဲများစတင်ပေးနေပြီး ပညာ ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ မဲပေးမှု အများဆုံးဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံ မှ သတင်းရရှိသည်။
ရွေးကောက်ပွဲနေ့တွင် လုံခြုံ ရေးတာဝန်ယူဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ နှင့် ပညာရေးဌာနမှ ၀န်ထမ်းများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည် ဟု ရေအေးကွင်းရပ်ကွက်ကော်မ ရှင်(အဖွဲ့ခွဲ)ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။
‘‘၂၉ ရက်က စတင်ပြီးတော့ ဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်း တွေ၊ တာဝန်နဲ့ခရီးထွက်မယ့် ၀န် ထမ်းတွေ လုံခြုံရေးယူပေးရမယ့် ရဲတပ်ဖွဲ့တွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပြီးတော့ ကြိုတင်မဲရုံဖွင့်လှစ် ရခြင်းဖြစ်တယ်’’ဟု ဦးကျော်မြင့် က ပြောသည်။
ကြိုတင်ဆန္ဒမဲလာရောက် ပေးသူဦးရေ အတိအကျကိုမူ မ သိရှိရသေးဘဲ မဲရုံစောင့်ကြည့် လေ့လာရေးအဖွဲ့များကို လေ့လာ ခွင့်ပြုထားပြီး သက်ဆိုင်ရာနယ် မြေအလိုက် ပညာရေးနှင့် ရဲဝန် ထမ်းများ ကြိုတင်ဆန္ဒမဲပေးမှု အ များဆုံးရှိနေသည်ဟု ဦးကျော်မြင့် က ပြောသည်။

Thursday, 29 October 2015

ရှမ်းတောင်ပိုင်းမြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပဟု ကြေညာပြီးနောက်တစ်နေ့တွင် တိုက်ပွဲပိုမိုပြင်းထန်လာ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာပြီး နောက်တစ်နေ့၌  မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ရွေးကောက်ပွဲကော်မရှင်၏ အဆိုပါကြေညာချက်ကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ဒေသခံများကကန့်ကွက်နေကြသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းရှူး ကျေးသီးမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ဟိုပန်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင်ပင် SNLD က အဆိုပါ ထုတ်ပြန်ချက်အပေါ် တရား ၀င်ကန့်ကွက်ခဲ့သည်။

နီပေါတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတဖြစ်လာ

လွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုအရ နီပေါနိုင်ငံတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။

အသက် ၅၄ နှစ်ရှိ ဘစ်ဟ်ဟယာဒေဝီဘန်ဒါရီ သမ္မတ ဖြစ်လာခြင်းသည် နီပေါနိုင်ငံရေး သမိုင်းတွင် ကြီးကျယ်ထင်ရှားသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။ ယခုလအတွင်း လွှတ်တော်က အစိုးရ၏ အရေးအပါဆုံး ရာထူးနေရာများအတွက် လူသစ်များ ရွေးချယ် တင်မြှောက်ရာတွင် ဘန်ဒါရီသည် ဒုတိယမြောက် ဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းတွင် ကေပီရှာမာအိုလီကိုလည်း နီပေါလွှတ်တော်က ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခန့်အပ်ခဲ့သည်။

ရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ

 ရွေးကောက်ပွဲကျင်းပ ရန် ၁၁ ရက်သာ လိုတော့သည့်အ ချိန်တွင် ကျရောက်သော သီတင်း ကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီသို့ လာ ရောက်ဖူးမြော်သူများထဲတွင် ရွေး ကောက်ပွဲအေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ ရှိခဲ့သည်။

ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သူ ၃၇ဦးကို ရွေးကောက်ပွဲ နှင့်ပတ်သက်၍ 7Day သတင်းစာက ကျပန်းမေးမြန်းခဲ့ရာ ၁၂ဦးကရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံး ရန်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ်တက်လာရန် ဆုတောင်းခဲ့ပြီး ၁၀ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရန် ဆုတောင်းခဲ့ကြောင်းနှင့် ၁၅ ဦးက မိသားစုနှင့် ဆွေမျိုးများအတွက် ဆုတောင်း ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲ ဗဟုသုတအားနည်း

မန္တလေးတိုင်းဒေသကြီး တွင် ရွှေထွက်သည့်ဒေသတစ်ခု ဖြစ်သော သပိတ်ကျင်းမြို့နယ် ရွှေတောများအတွင်း နေထိုင် သည့် ရွှေလုပ်သားများသည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ဗဟုသု တအား နည်းနေကြောင်း အောက်တိုဘာ၂၇ရက်က သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း များသို့ သွားရောက်မေးမြန်းချက် အရ သိရသည်။‘‘မသိပါဘူး။ တချို့ကျတော့ လည်း မဲပေးဖို့ ပြန်သွားကြတယ် ပြောတယ်။ ၀န်ထမ်းတွေကိုတော့ ကုမ္ပဏီက စီစဉ်ထားတယ်ပြော တယ်။ မဲဆွယ်စည်းရုံးတာတွေ မလာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြားဖူးပါတယ်။ အဒေါ်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ မဲဘယ်သူ့ကို ပေးရတယ်။ ဘာလို့ပေးရတယ်ဆိုတာ မသိဘူး။ အဒေါ်တို့ ကတော့ စစ်ကိုင်းနယ်ဘက်က ဒီကိုလာလုပ်တာပါ’’ဟု  ကုမ္ပဏီ ကွင်းအတွင်း နေထိုင်သူ ရွှေလုပ် သားမိသားစုဝင်တစ်ဦးက ပြော သည်။

တော်ဝင်မိသားစု၏ ပုံရိပ်ကို အလွဲသုံးစား ပြုသူများအား ထပ်မံ ဖမ်းဆီးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကြေညာ

တော်ဝင်မိသားစု၏ ဂုဏ်ဒြပ်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။

လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်

လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။

အမေရိကန် စစ်တပ်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွား၍ အရှုပ်အထွေးများ ဖြစ်ပေါ်

အမေရိကန် စစ်ဘက်သုံး လေသင်္ဘောတစ်စီး  ထိန်းချုပ်မှု လွတ်သွားခဲ့သည့်နောက် မေရီလန်းနှင့် ပင်ဆယ်လ်ဗေးနီးယားတို့တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Monday, 26 October 2015

၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့ စိန်ခေါ်သံ

ဂေါ်ဇီလာအယ်လ်နီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံး သော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုးနေပြီ ဖြစ်ပါ တယ်။ သေဆုံးသူပေါင်း ၂,၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ်ပျက် စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက် ပျက်စီးသေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်ပွား ခဲ့ပြီးနောက် ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။