သွေးတိုးရောဂါ ဆိုသည်မှာ အပေါ်သွေး ဖိအား ၁၄ဝ နှင့် အထက်၊ အောက်သွေး ဖိအား ၉ဝ နှင့် အထက် ရှိသော သွေးဖိအား အခြေအနေကို ခေါ်သည်။
Wednesday, 8 April 2015
ရန်ကုန်မြစ်၏အလှအပကို ကြည့်ရှုခံစားနိုင်သည့် ဆိပ်ကမ်းသာပန်းခြံကို ခြံခတ်ပိတ်ဆို့ထားသော အေးရှားဝေါလ်ထံမှ ရန်ကုန်မြို့တော် စည်ပင် ပြန်လည်သိမ်းယူ
ရန်ကုန်တိုင်းဒေ သကြီး ကြည့်မြင်တိုင်မြို့နယ် ဗား ကရာကမ်းနားလမ်းပေါ်ရှိ ရန်ကုန် မြစ်၏ အလှအပကို ကြည့်ရှုခံစားနိုင် သည့်ဆိပ်ကမ်းသာ ပန်းခြံနေရာကို ခြံခတ်ပိတ်ဆို့ထားသည့် အေးရှား ဝေါလ်ထံမှ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီက စည်ပင်ပိုင် မြေအဖြစ်ကြေညာ၍ ပြန်လည်သိမ်း ယူခဲ့ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကော်မ တီဝင် ဦးခင်လှိုင်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံသို့ ကိုးကန့်တပ်ဖွဲ့ တက်မည်

ဧပြီလအတွင်း NCCT က ဦးဆောင်ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ညီလာခံ တွင် လက်ရှိအချိန် ၌ အစိုးရနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဟူသီတွေကိုတိုက်နေတဲ့ ဆော်ဒီမဟာမိတ်အဖွဲ့ကို လက်နက်ထောက်ပံ့မယ်

ယီမင်နိုင်ငံက ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီတွေကို တိုက်ခိုက် နေကြတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို လက်နက်တွေ ပို့ဆောင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ အမေရိကန်က ပြောပါ တယ်။
အစွန်းချွတ်ဆေးများကြောင့် ကလေးငယ်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်

အစွန်းချွတ်ဆေးကို မီးဖိုချောင်နှင့်ရေချိုးခန်းထဲတွင် လွန်စွာအားကိုးရသော ပိုးသတ်ဆေးအဖြစ် အသုံးပြု နိုင်သော်လည်း ကလေးသူငယ်များ တိုက်ရိုက်ထိတွေ့ မိလျင် ကူးစက်ရောဂါများ ပိုမိုလွယ်ကူစွာ ဖြစ်ပွားစေသည့် ကျန်းမာရေး ပြဿနာ ရှိနေကြောင်း နယ်သာလန်၊ ဖင်လန်နှင့် စပိန် နိုင်ငံတို့ မှ ပူးပေါင်း သုတေသီများက ဆိုသည်။
အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

တစ်ခါထိုင်ရင် သုံးလေးနာရီကျော် ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။
တိုက်ပွဲတွေ ရပ်တန့်အောင် လုပ်ပြီးမှ အပစ်ရပ် လက်မှတ်ထိုးနိုင်မယ်

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေအကြား ရရှိထားတာဟာ အပစ်ရပ် မူကြမ်းသာဖြစ်ပြီး မူကြမ်းပါအကြောင်းရာတွေကို လိုအပ်တဲ့ အကောင်အထည်ဖော်မှုရမှသာ အပြီးသတ် လက်မှတ် ရေးထိုး နိုင် မှာ ဖြစ်တယ် လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ထုတ်ပြန် လိုက်ပါ တယ်။
ယီမင်ရဲ့မြို့တော် ကြက်ခြေနီဝန်ထမ်းတွေ စရောက်

ကျန်းမာရေးဝန်ထမ်းတွေ တင်ဆောင်လာတဲ့ လေယာဉ်ဟာ ယီမင်နိုင်ငံမြို့တော် Sana’a မြို့ကို ရောက် သွားပြီလို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ရွေးကောက်ပွဲ အောင်မြင်ဖို့နဲ့ ဖွဲ့စည်းပုံပြင်ဖို့ ဘယ်ဟာ ပိုအရေးကြီးသလဲ

၂၀၁၅ ခုနှစ် နှစ်ဝက်အတွင်းသို့ ဝင်ရောက်လာတော့မည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် အရေးကြီးအကြောင်း အရာနှစ်ခု သို့တည်းမဟုတ် မလုပ်မဖြစ် လုပ်ရမည့် အကြောင်းအရာနှစ်ခုရှိလာသည်။ ထိုအချက်နှစ်ခုမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်သည်။
မီဒီယာဖိနှိပ်ရေးမူဝါဒကို အရှိန်မြှင့်လာသည့် ထိုင်းအာဏာသိမ်းစစ်အစိုးရ

ထိုင်းအာဏာသိမ်း စစ်အစိုးရက စစ်အုပ်ချုပ်ရေး အမိန့် ရုပ်သိမ်းပြီး ပုဒ်မ (၄၄) အမိန့် ပြောင်းလဲထုတ်ပြန် လိုက်ခြင်းဖြင့် နိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ပိတ်ဆို့ရန် ခြေလှမ်းမှာ ပိုမို ခိုင်မာ မြင်သာလာစေခဲ့ပြီ ဖြစ်သည်။
အရေးပါ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အရာရောက်ဖို့ နိုင်ငံရေးပါတီတွေတိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်း ရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ အခုလို ဆွေးနွေးမှုတွေဟာ အရေးပါတဲ့ ဆွေးနွေးပွဲဖြစ်သလို အရာရောက်ဖို့လည်း လိုတယ်လို့ နိုင်ငံရေးပါတီ ခေါင်း ဆောင်တချို့က သုံးသပ် ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး အခြေခံအဆောက်အအုံကဏ္ဍအတွက် နှစ်စဉ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံကြား လိုအပ်နေ
ရန်ကုန် ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ အရေးပါသည့် လမ်းပိုင်းတစ်ခုကို မပြုပြင်မီတွေ့ရစဉ်(ဓာတ်ပုံ-နွဲ့ယဉ်အေး)
မြန်မာနိုင်ငံငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး နှစ်စဉ် GDP တိုးတက်နှုန်း ရှစ်ရာခိုင်နှုန်းရရှိရန်အတွက် အခြေခံအဆောက်အအုံကဏ္ဍအတွက် တစ်နှစ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံ အကြား လိုအပ်ချက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ADB ဘဏ် မှ ၂ဝ၁၇-၂ဝ၂၁ ငါးနှစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းရာ၌ အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဗင်ဖရက်ဗင်ကလိုင်က ပြောကြားသည်။
သာယာဝတီထောင်၌ဖမ်းဆီးထားသော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၀န်းရံပြည်သူများအား တတိယအကြိမ်ရုံးထုတ်သည့်နေ့တွင် ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရန် ဗကသကျောင်းသားများ တရားရုံးရှေ့ဆန္ဒပြ

အချုပ်ကားဖြင့်ခေါ်ဆောင်လာသည့် ကျောင်းသားများအား လာရောက်နှုတ်ဆက်နေကြစဉ်
လက်ပံတန်းမြို့နယ်တွင် မတ်လအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုကြောင့် သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။
အပစ်ရပ်အလွန်ခယောင်းလမ်းကို လက်ချင်းချိတ်ကျော်ဖြတ်ကြ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လွတ်လပ်ရေးရပြီးကတည်း က အမြစ်တွယ်ခဲ့သော ပြည်တွင်း စစ်ကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းလျက် သူနိုင်ကိုယ်နိုင်ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးသည် အချည်းနှီးပင် ဖြစ်သည်။ အပစ် အခတ်ရပ်စဲရေးသည် ပြည်တွင်း စစ်ချုပ်ငြိမ်းရေး၏ ကနဦးခြေ လှမ်းဖြစ်ပြီး နောင်လာမည့် ခြေ လှမ်းများနှင့်အတူ ခယောင်းလမ်း ရှည်ကြီးကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ အပစ်ရပ်အလွန်၊ ခြေ လှမ်းများပိုစိပ်လေ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် တိုင်းရင်း သားခေါင်းဆောင်များအကြား လက်ချင်းချိတ်ထားရေးသည် ဗျူဟာမြောက် ပိုအရေးကြီးလေ ဖြစ် သည်။
မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်ရောက်
စံမောင်သန်း

( ယခု ဓါတ်ပုံများမှာ နိရဉ္စရာက လက်ခံရရှိခဲ့သော ကာကွယ်ရေး ဦးစီးချူုပ်ရုံးမှ ပေးပို့သော ဓါတ်ပုံများ ဖြစ်ကြပါသည်။)
မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဧပြီလ ၇ ရက်နေ့က ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အခြေခံ ပညာကျောင်းများသို့ ကွန်ပျူတာများ လှူဒါန်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။
ပြည်တွင်းထုတ်ဓာတ်ဆီ အစိုးရဈေးချသော်လည်း ဈေးကွက်တွင်း မကျ

ပုဂ္ဂလိကစက်သုံးဆီဆိုင်တွင် ဆီဖြည့်နေသော ယာဉ်များ(ဓာတ်ပုံ−နစ်ကီ)
ပြည်တွင်းထုတ်ဓာတ်ဆီ ကို အစိုးရက အရောင်းဆိုင်များသို့ ဈေးနှုန်းလျှော့ချဖြန့်ချိပေးခဲ့သော် လည်း ပုဂ္ဂလိကအရောင်းဆိုင် အများစုမှာ ယခင်ဈေးနှုန်းအတိုင်း သာ ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီကို ဧပြီ ၃ ရက်မှစ၍ တစ်ဂါလန်လျှင်ကျပ် ၄၅၀ ခန့်လျှော့ချဖြန့်ချိပေးခဲ့ သော်လည်း ပုဂ္ဂလိကအရောင်းဆိုင်အများစုတွင် ဧပြီ ၇ ရက်အထိ ဈေးနှုန်း ပြောင်းလဲမှုမရှိသေးသည်ကိုတွေ့ရကြောင်း ယာဉ်မောင်း များက ပြောသည်။
ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံသူအချို့ ဦးခေါင်းတွင် ဒဏ်ရာများရရှိထားဟု မိသားစုဝင်များပြောကြား

ဧပြီ ၇ ရက် ရုံးထုတ်ချိန်တွင် တွေ့ရသည့် မဖြိုးဖြိုးအောင်နှင့် မအိသဉ္ဇာမောင် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ပင်မကျောင်းသား သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ရိုက်နှက်ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ၀န်းရံသူအချို့တွင် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာရရှိ၍ စိုးရိမ်ဖွယ်ရာရှိနေကြောင်း လက်ပံ တန်းမြို့နယ် တရားရုံးတွင် ဧပြီ ၇ ရက် ရုံးထုတ်စဉ် ၎င်းတို့၏ မိသား စုဝင်များက ပြောကြားသည်။
ရန်ကုန် ၄၅ မြို့နယ် အခြေခံ မဲဆန္ဒရှင်စာရင်း ကောက်ယူမှု အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လကုန်နှင့် နိုဝင်ဘာလဆန်းတွင် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပြီး ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲမှလည်း အခြေခံမဲဆန္ဒရှင်စာရင်းများကို အဆင့်သုံးဆင့်ခွဲ၍ ကောက်ယူနေကြောင်း သိရသည်။
ဒီမြေတွေ တရုတ်ပိုင်မြေဆိုတာမဟုတ်ပါဘူး
"အဖွားတို့ တစ်သက်လုံး ဒီရွာမှာနေလာတာ ဒီမြေတွေ တရုတ်ပိုင်ဆိုတာ တစ်ခါမှ မကြားခဲ့ဘူး" ကုန်းဆာကျေးရွာတွင် နေထိုင်သည့် အသက် (၉၀) အရွယ် ဒေါ်ငင်းဆိုင်အားတွေ့ဆုံမေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါသည်။ တွေ့ဆုံမေးမြန်းရာတွင် အဖွားအနေဖြင့် ရှမ်းဘာသာစကားကိုသာ ပြောဆိုတတ်သဖြင့် မြေးဖြစ်သူကိုစိုင်းနော်ခမ်းမှ ဘာသာပြန်ဆို ပေးထားပါသည်။
၄၈ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ သမ္မတအိမ်တော်တွင် ယနေ့ပြုလုပ်မည်
နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများပါဝင်သော ၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးတွင် ယနေ့ (ဧပြီ ၈ ရက်)ညနေ၌ ပြု လုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ချောမွေ့ရေး၊ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာစာချုပ်
(NCA) မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်းကိစ္စ၊ ရွေးကောက်ပွဲ မတိုင်မီကြားကာလ နိုင်ငံရေး တည်ငြိမ်ရေးတို့ကို ဆွေးနွေးမည့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသူများထံမှ သိရသည်။
‘‘အရင်တစ်ခါကလို ၄၈ ပွင့် ဆိုင်တွေ့ဆုံပွဲပဲ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေက ဥက္ကဋ္ဌတွေလည်း ပါမယ် ထင်တယ်’’ဟု တွေ့ဆုံပွဲသို့တက်ရောက်မည့် ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးနိုထန်ကပ် က ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ချောမွေ့ရေး၊ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာစာချုပ်
(NCA) မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်းကိစ္စ၊ ရွေးကောက်ပွဲ မတိုင်မီကြားကာလ နိုင်ငံရေး တည်ငြိမ်ရေးတို့ကို ဆွေးနွေးမည့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသူများထံမှ သိရသည်။
‘‘အရင်တစ်ခါကလို ၄၈ ပွင့် ဆိုင်တွေ့ဆုံပွဲပဲ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေက ဥက္ကဋ္ဌတွေလည်း ပါမယ် ထင်တယ်’’ဟု တွေ့ဆုံပွဲသို့တက်ရောက်မည့် ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးနိုထန်ကပ် က ပြောသည်။
Subscribe to:
Posts (Atom)


