
အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာ နည်းပြရာထူးက နုတ်ထွက်ပြီလို့ ပရင်ဒယ်လီ က အတည်ပြုခဲ့ပါတယ်။ အီတလီဟာ အဖွင့်ပွဲစဉ်မှာ အင်္ဂလန်ကို အနိုင်ခဲ့ရလို့ (၁၆)သင်းအဆင့် တက် ရောက် ခွင့် အတွက် အခြေအနေကောင်းခဲ့ပေမယ့် ကော်စတာရီကာ၊ ဥရုဂွေးတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး နောက် အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။










