Tuesday 24 June 2014

ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ဂိတ်ပိုင်ရှင်များ စတင်ဆန္ဒပြမည်

မန္တလေးမြို့ရှိ စတင်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်သော ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နားစခန်းမှ ဂိတ်ခန်းပိုင်ရှင်များက စတင်ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မန္တလေးမြို့ အမရပူရမြို့ နယ် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းတွင် ဂိတ်ခန်းငှားရမ်းခများ နှစ်ဆမြင့်တက်လိုက်၍ မကျေနပ်သဖြင့် ဂိတ်ပိုင်ရှင်များက ဇန်န၀ါရီ ၁၀ ရက် တွင် ကုန်တင်ယာဉ် ရပ်နားစခန်းဝင်းအတွင်း၌ ဆန္ဒပြခွင့်တင်ခဲ့ရာဆန္ဒထုတ်ဖော်ရန် ကွင်းပြီးစီးသွား ပြီဖြစ်သဖြင့် ယင်းကွင်းတွင် ပင်ဆန္ဒပြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးမှအသိပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအဝေးပြေးကုန်စည် ပို့ဆောင် ရေး လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးဦးသွင် စိုးကပြောသည်။ ဇွန်လ ၂၄ ရက်မှ စတင်ကာ ဆန္ဒဖော် ထုတ်ရန်စီစဉ်ခဲ့သော်လည်း ဆန္ဒပြခွင့်ရရန်ရုံးပြောင်းတင်ရသဖြင့် ဇွန်လ ၂၆ ရက် ၀န်းကျင်မှ ဆန္ဒပြခွင့် ရနိုင်ကြောင်း၊ လူဦးရေ ၅၀၀ ခန့်ဖြင့် ငါးရက်ကြာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း အတွင်းရေးမှူးက ပြော သည်။

‘‘ဂိတ်ခန်းဈေးကို စည်ပင်က ခုတောင်းနေတဲ့ဈေးလည်းမဟုတ်၊ အရင်နှစ်ကဈေးမျိုးလည်း မဟုတ်ဘဲ ညှိနှိုင်းဈေး တစ်ခုဖြစ်အောင် တောင်းဆိုသွားမှာပါ’’ဟု အတွင်းရေးမှူးကဆိုသည်။
ဆန္ဒဖော်ထုတ်မည့်ရက်များတွင် ဂိတ်ခန်းများအားလုံးပိတ်ထားကြမည်ဖြစ်ကြောင်း ဂိတ်ခန်း လုပ်ငန်းရှင်များ ကပြောသည်။ ပခုက္ကူမြို့မှ ပဲနှမ်းကုန်သည် တစ်ဦးဖြစ်သူ ဦးဇင်မင်းထွန်းက ‘‘ဒီနေ့သွားတာ ကုန်တွေက လက် မခံတော့ဘူး။ အဲဒါကြောင့် ခွကျ နေတာ။ ကုန်တင်ဖို့ရာ အခက်အ ခဲဖြစ်နေတယ်’’ဟုပြောသည်။
ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းအသစ်သည် မန္တလေးမြို့၏ တောင်ဘက်စွယ် တော်မြတ် စေတီတော်အနီးတွင် တည်ရှိသည်။ မန္တလေးမြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများကို ဖြေလျှော့ရန်အတွက် မြို့တွင်း ယာဉ်ရပ်နားစခန်းများမှ ကုန်တင် ယာဉ်ဂိတ်စခန်းအားလုံးကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာပြောင်းရွှေ့စေခဲ့သည်။ယခုလက်ရှိပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကုန်တင် ဂိတ်ခန်းပေါင်း ၂၂၄ ခန်း ငှားရမ်းထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရ ရှိသည်။
7 Day Daily

No comments:

Post a Comment