Tuesday 24 June 2014

မွတ်စလင်ညီနောင်များအဖွဲ့အား ထောက်ခံခဲ့မှုဖြင့် အယ်လ်ဂျာဇီးယား သတင်းထောက်သုံးဦးကို ထောင်ဒဏ်ချမှတ်

မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံအားပေးမှုပြုခဲ့သည်ဟူသော စွဲချက်ဖြင့် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနမှ သတင်းထောက်သုံးဦးကို အီဂျစ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ပိတ်ပင်ခံထားရသော အစ္စလာမ္မစ်အဖွဲ့အစည်းများ ၏ သတင်းမှားများကို ဖော်ပြခဲ့မှုဖြင့် အယ်လ်ဂျာဇီးယားသတင်းဌာနမှ သတင်းထောက် ပီတာဂရေ့တီး၊ မိုဟာမက်ဖာ့ရှ်မီနှင့် ဘဟာမိုဟာမက်တို့အား စွဲချက်တင်ကာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသား သတင်းသမားများသုံးဦး အပါအဝင်ဖြစ်သော တရားခွင်သို့ မလာ ရောက်နိုင်သူ တစ်ဦးကိုလည်း ထောင်ဒဏ် ၁ဝ နှစ်စီကျခံစေရန် အပြစ်ပေးခဲ့သည်။ယင်းတရားစီရင်ချက်နှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ပြင်းထန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘရော့က ဘီဘီစီသို့ ပြောကြားသည်။ အီဂျစ်အစိုးရ၏ ပြစ်ဒဏ်ချမှတ်ခံရသူ ပီတာဂရေ့စ်သည် ဘီဘီစီသတင်းဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံသားတစ်ဦးလည် ဖြစ်သည်။ 

Photo: မွတ်စလင်ညီနောင်များအဖွဲ့အား ထောက်ခံခဲ့မှုဖြင့်
အယ်လ်ဂျာဇီးယား သတင်းထောက်သုံးဦးကို ထောင်ဒဏ်ချမှတ်
Tuesday, June 24, 2014

မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံအားပေးမှုပြုခဲ့သည်ဟူသော စွဲချက်ဖြင့် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနမှ သတင်းထောက်သုံးဦးကို အီဂျစ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။ 

ပိတ်ပင်ခံထားရသော အစ္စလာမ္မစ်အဖွဲ့အစည်းများ၏ သတင်းမှားများကို ဖော်ပြခဲ့မှုဖြင့် အယ်လ်ဂျာဇီးယားသတင်းဌာနမှ သတင်းထောက် ပီတာဂရေ့တီး၊ မိုဟာမက်ဖာ့ရှ်မီနှင့် ဘဟာမိုဟာမက်တို့အား စွဲချက်တင်ကာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသား သတင်းသမားများသုံးဦး အပါအဝင်ဖြစ်သော တရားခွင်သို့ မလာရောက်နိုင်သူ တစ်ဦးကိုလည်း ထောင်ဒဏ် ၁ဝ နှစ်စီကျခံစေရန် အပြစ်ပေးခဲ့သည်။

ယင်းတရားစီရင်ချက်နှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ပြင်းထန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘရော့က ဘီဘီစီသို့ ပြောကြားသည်။ အီဂျစ်အစိုးရ၏ ပြစ်ဒဏ်ချမှတ်ခံရသူ ပီတာဂရေ့စ်သည် ဘီဘီစီသတင်းဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံသားတစ်ဦးလည် ဖြစ်သည်။ 

ဘီဘီစီ။
The Mirror Daily
ဘီဘီစီ။
The Mirror Daily

No comments:

Post a Comment