Tuesday 24 June 2014

ကားမှတ်ပုံတင်ကြေး အဆသုံးဆယ်အထိ တိုးကောက်တော့မယ်

မော်တော်ယာဉ်,  မှတ်ပုံတင် နှုန်းထား (တစ်နှစ်စာ) ကို အနည်းဆုံး ဆယ်ဆကနေ အဆသုံးဆယ် အထိ တိုးမြှင့် ကောက်ခံ တော့မယ်လို့ အစိုးရ ထုထ်ပြန်လိုက်ပါတယ်။ မော်တော်ယာဉ် စစ်ဆေးခတွေကို လည်း တိုးမြှင့် ကောက်ခံတော့မယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒတွေ လျော့ချလိုက်ပြီးတဲ့ နောက်မှာ မော်တော်ယာဉ်တွေ များပြားလာတဲ့ အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာပါတယ်။ မတော်တဆမှုတွေလည်း များလာပါတယ်။

အဲဒီ ပြဿနာကို ဖြေရှင်းဖို့ မော်တော်ယာဉ်မှတ်ပုံတင် နှုန်းထားတွေကို တိုးမြှင့် လိုက်ရတာလို့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(နေပြည်တော်) က အကြီးတန်း အရှိတစ်ဦးက ပြောပါတယ်။

တိုးကောက်မယ့် အစီအစဉ်ကို စတင်မယ့် ကာလကိုတော့ ပြောလို့ မရသေးဘူးလို့ သူက ဆိုပါတယ်။ မော်တော် ယာဉ်နဲ့ ဆိုင်ကယ်တွေ ပိုမို များပြားတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တော်တွေမှာ ပိုပြီး တိုးကောက်မှာ ဖြစ်ပါ တယ်။ နှုန်းထားတွေကို အုပ်စု သုံးစုခွဲပြီးတော့ ကောက်မှာဖြစ်ပါတယ်။ အုပ်စု ၁ မှာ ရန်ကုန်၊ မန္တလေး၊ အုပ်စု ၂ မှာ နေပြည်တော်၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မွန်၊ ရှမ်း၊ ဧရာဝတီနဲ့ အုပ်စု ၃ မှာ ကယား၊ ချင်း၊ ရခိုင်နဲ့နှင့် တနင်္သာရီ ပါဝင်ပါတယ်။

The Voice Weekly 

No comments:

Post a Comment