မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Wednesday, 2 April 2014
ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်
အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆန္ဒ ထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ
ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာEiffel Tower လို့ခေါ်တဲ့ ပဲရစ် မျော်စင်ကြီးကို ၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တည်ဆောက် ခဲ့တာကြောင့် ယနေ့မှာဆိုရင် သက်တမ်း အားဖြင့် ၁၂၅ နှစ် ရှိပါပြီ။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ဆေးရုံနှစ်ခု ပူးပေါင်း၍ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မည်
ထိုင်းနိုင်ငံမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော Bangkok Chain Hospital (BCH) ၏ ကျန်း မာရေး ဝန်ဆောင်မှု လုပ်ငန်းခွဲ တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေး စင်တာ (World Medical Centre- WMC) သည် မြန်မာနိုင်ငံမှ Family Mandalar ဆေးရုံနှင့် ပူးပေါင်းကာ မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အဆိုပါ ဆေးရုံနှစ်ခုအကြား လုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု ဆိုင်ရာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
သင်္ကြန်မတိုင်မီ သပိတ်စခန်းများအားလုံး ရုပ်သိမ်းရန် လုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရ ကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန် ပွဲတော် မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
KIA ထိန်းချုပ်နေရာများတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြု
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ သို့သော် ကချင်လွတ်လပ်ရေး တပ်မတော်ကမူ (KIA) ကမူ ၎င်းတို့ ထိန်းချုပ် ရာ ဒေသတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြုကြောင်း အစိုးရထံ အကြောင်းကြားပြီးဖြစ် သည်ဟု တုံ့ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည် ရိုဟင်ဂျာဟု ပြောဆိုမှုများရှိနေ
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး၌ စတင်ကောက်ယူ လျက်ရှိရာ လူမျိုးအမည်အတွက် ရိုဟင်ဂျာဟု ပြောဆိုမှုများသည် ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိ သည်။
ဆက်လက်ဖတ်ရှုပါရန် »
လိုင်စင်ပြုပေးကာလ ကျော်လွန်သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် အသိပေးကြေညာထား
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ကညနရုံး၌ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင် အကြာ မော်တော် ဆိုင် ကယ်များအား လိုင်စင် ပြုလုပ်ပေးနေ လျှက်ရှိရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်း သိမ်းရေးကြီးကြပ် မှုကော်မတီမှ လိုင်စင်မပြုလုပ်ရသေးသော ဆိုင်ကယ်များအနေဖြင့် လိုင်စင်ပြု လုပ်ပေး သည့် ကာလမပြီးမီ လိုင်စင်ပြုလုပ်ကြရန် လိုကြောင်း၊ သတ်မှတ်ရက်ကျော်လွန် သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွား မှာဖြစ်ကြောင်း အသိပေး ကြေညာ ချက် ကို တိုင်းရင်းသားဘာသာ (၅)မျိုးဖြင့် ရေးသား၍ ထုတ်ပြန်ထားကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရခိုင် ပြည်နယ် တည်ငြိမ် အေး ချမ်း ရေး နှင့် ပြည် လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည်
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
သတင်း ထုတ်ပြန်ရေး အဖွဲ့
သတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၄)
(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)
၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ စကားပြောကြေး နန်းဖြင့် ဆက်သွယ် ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း
ဆက်လက်ဖတ်ရှုပါရန် »
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း IMF ခန့်မှန်း
၂၀၀၄- ၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာ မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်းရှိလာမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ခန့်မှန်းချက်အရ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကြွက်နို့ တွေ အတွက် သဘာဝ နည်းလမ်း ကောင်းများ
အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက် နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုး ဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညို သလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အကြောင်းကို လေ့ လာကြည့်ရအောင်ပါ။
ဆက်လက်ဖတ်ရှုပါရန် »
ကိုယ်ဝန်ဆောင် အမျိုးသမီးများ လူမှုဘဝ နေထိုင်ပုံများ ပြောင်းလဲခြင်းဖြင့် သားပျက် သားလျှောခြင်း အန္တရာယ် ကာကွယ်နိုင်
ဝန်ဆောင်အမျိုးသမီးများ သည် လူမှုဘဝနေထိုင်ပုံပြောင်း လဲမှုများကို ပေါင်းစပ်ပြုလုပ်ခြင်း အားဖြင့် ပထမဆုံး အကြိမ် သားပျက်သားလျှောခြင်း အန္တရာယ်များ၏ လေးပုံတစ်ပုံ ကျော်ကို ကာကွယ်နိုင်ကြောင်း ဒိန်းမတ်နိုင်ငံရှိ သုတေသီများက အကြံပြု ပြောကြားခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
ရွှေ့ပြောင်းလုပ်သားများထံမှ ထိုင်းအစိုးရ အာမခံကြေး ဘတ် ၁၀၀၀ စီကောက်ခံ
ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အိမ်ပြန်စရိတ် အာမခံ ကြေးတဦးကို ဘတ် ၁ ထောင်စီ ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လျှပ်စစ်ဓာတ်အား သုံးစွဲယူနစ်များ မှန်ကန် တိကျစေရေး ဆောင်ရွက်
၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သုံးစွဲသော လျှပ်စစ်ဓာတ်အား ယူနစ်များကို ပြင်ဆင် သတ် မှတ် ပြီး ဖြစ်သော နှုန်းထားသစ်များဖြင့် စတင်ကောက်ခံတော့မည် ဖြစ်ရာ လျှပ်စစ်မီတာ ဖတ်ချက်များ မှန်ကန် တိကျစေရေး အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့(ရုံးချုပ်)မှ မီတာဖတ် ကြီးကြပ်ရေး အဖွဲ့များသည် ပုံမှန် မီတာဖတ် ဝန်ထမ်းများနှင့်အတူ ဓာတ်အား သုံးစွဲသည့် ပြည်သူများထံသို့ ဧပြီ ၁ ရက်မှ ၅ ရက် အထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို
မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်
ဆန္ဒပြသူတွေအနေနဲ့ မိမိတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိပေမယ့် တခြား ပြည်သူတွေ့ရဲ့ လွတ် လပ် မှုကို အနှောက်အယှက် မဖြစ်စေဖို့နဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ကြဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိ သူတွေက ပြောကြားလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်
လေယာဉ်ပျောက်ကို ရှာဖွေနေကြတဲ့ တာဝန်ရှိသူများ (Credit: AAP)
မလေးရှားလေယာဉ် ရေဒါပေါ်ကမပျောက်ဆုံးခင်အချိန်အထိ မြေပြင်နဲ့ ပြောဆိုမှုလုပ်ခဲ့တဲ့ ဆက်သွယ် ရေး မှတ် တမ်း အပြည့်အစုံကို မလေးရှား အာဏာပိုင်တွေက ထုတ်ပြန် ပေးလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
‘၁က’ အက္ခရာ ကားဟောင်းများကို ဧပြီ ၄ ရက်မှစ၍ အပ်နှံခွင့်ပြုမည်
‘၁က’ အက္ခရာ ကားဟောင်းများကို ယခုဧပြီလအတွင်း စတင်၍ အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကညန၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်းများ ထပ်မံတောင်းဆို
သံလွင်မြစ်နှင့် ၄င်း၏ မြစ်လက်တက်ပေါ် တည်ဆောက် မည့် နောင်ဖာရေ ကာတာနှင့် မန်တုံရေကာတာ စီမံကိန်းများ တည်ဆောက်မှု ရပ်တန့်ရန် ဒေသခံ ပြည်သူလူထု ၃,၀၀၀ ကျော်နှင့် ရှမ်းလူမှု အဖွဲ့အစည်း များက ကန့်ကွက်လိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်နှင့် မန္တလေးရှိ လစ်လပ်မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား
ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်း ရှိ လစ်လပ်မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်း အဆိုပါပါတီမှ ဒုဥက္ကဋ္ဌ (၂) ဦးစိုင်းစောသန်းမြင့်က The Daily Eleven သို့ ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ ရွာသား တစ်ဦး သေဆုံး
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် မံလင်းကျေးရွာနေ ဒေသခံရွာသားတစ်ဦးသည် မတ် ၃၁ ရက်နေ့တွင် အသီးအရွက် သွားရောက်ခူးစဉ် KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ သေဆုံး သွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အပူချိန်ကြီး၍ အပူရှပ် (Heat Stroke) အသက်သေဆုံး သည့် ဖြစ်စဉ်အချို့ရှိလာ
ရန်ကုန်မြို့၏ နေပူရှိန်အောက်တွင် သွားလာနေကြသော ပြည်သူ များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြန်မာနိုင်ငံ၏ နွေရာသီကာလတွင် မတ်လဆန်းမှစ၍ အပူချိန် တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိ ကာလ တွင် အပူချိန်အမြင့်ဆုံးမှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အပူရှပ်ခြင်းကြောင့် အသက်သေဆုံး သည့် ဖြစ်စဉ်အချို့လည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)