လက်ရွေးစင်အသင်း အောင်မြင်မှုရလျှင် လစာလျှော့ချထားသော မြန်မာကစားသမားများကို လစာပြန် တိုးပေးမည်ဟု အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသော်လည်း မေလအတွင်းကစားရမည့် AFC Challenge Cup ပြိုင်ပွဲ ရလဒ်အပေါ်မူတည်၍လစာအပြောင်းအလဲ ရှိဦးမည်မဟုတ်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
Monday, 17 February 2014
နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာသွားရန် သမ္မတထံတင်ပြ
ရခိုင်တိုင်းရင်းသားများ၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ရင်ဆိုင်နေ ရသော နယ်စည်းမထားဆရာဝန် များအဖွဲ့ MSF ကို ပြည်နယ်အတွင်းမှ ၁၅ ရက်အတွင်း အပြီးတိုင်ထွက်ခွာပေးရန် ဒေသခံရခိုင်လူမှုအဖွဲ့ အစည်း ၃၀ ကျော်က သမ္မတထံ ဖေဖော်ဝါရီ ၁၅ ရက်တွင် စာရေးသား တောင်းဆိုလိုက်သည်ဟု ရခိုင် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဖေဖော်ဝါရီ ၁၅ တွင် မဇ္ဈိမကို ပြောသည်။
အူမကြီးကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းငါးသွယ်

၁။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်သော ကော်ဖီ သောက်ပါ
နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း

ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။
နိုင်ဂျီးရီးယား မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သတ်မှုဖြစ်
![]() |
| ဘိုကို ဟာရမ် အစ္စလမ် လက်နက်ကိုင်အဖွဲ့များ |
နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက် ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။
ချင်းပြည်နယ်အတွင်း သောက်သုံးရေ ရရှိရေးအတွက် ပြည်နယ်အစိုးရက ရေအချိုးကျ ခွဲဝေပေးလျက်ရှိ
ချင်းပြည်နယ်အတွင်း သောက်သုံးရေရှားပါး လျက်ရှိနေသောနေရာများသို့ ပြည်နယ် အစိုးရမှ ရေရရှိစေရန် အချိုးကျခွဲဝေ ဖြန့်ဖြူး ပေးလျက်ရှိနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်း က ပြောသည်။
မွေးကင်းစ စွန့်ပစ်ဌာနတွေ တရုတ်မှာဖွင့်

တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုး ရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။
ဓာတုပစ္စည်းသုံး၍ ရွှေချက်နေမှုကို ၀ိုင်းမော်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တားမြစ်
![]() |
| ဓာတုပစ္စည်းသုံးရွှေချက်ရာ တောင်ကုန်းတစ်နေရာ ဓာတ်ပုံ - မရန် |
ဓာတုပစ္စည်းများအသုံးပြု၍ ရွှေချက်လုပ်နေသည့် တရုတ်လုပ်ငန်းရှင်များနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင် အချို့အား ၀ိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာရှိ ထွယ်ဆန်ယန်ကွင်းသို့ ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေး မှူးနှင့် အခြားဌာနများမှ ဦးစီးမှူးများ သွားရောက်၍ ပိတ်ပေးရန် ပြောဆိုထားပြီးဖြစ်သော်လည်း ယခုအချိန် ထိ လုပ်ကိုင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
အမေရိကန်ရဲ့ အထက်မြက်ဆုံး သမ္မတကတော် Eleanor Roosevelt
![]() |
အမေရိကန်ရဲ့ အထက်မြက်ဆုံးသမ္မတကတော် Eleanor Roosevelt
|
အမေရိကန်ပြည်ထောင်စုမှာ အထက်မြက်ဆုံး သမ္မတကတော်ဟာ Eleanor Roosevelt ဖြစ်တယ်လို့ အမေရိကန် သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ၅ ကြိမ်ဆက်တိုက်မြောက် ရွေး ချယ် ခဲ့ပါတယ်။
ဝန်ကြီးကို ရာထူးက ထွက်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့ အပေါ် ၀န်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ်ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ် ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
လွှတ်တော်သက်တမ်းတစ်လျှောက် မေးခွန်းမေးမြန်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၆၀ ကျော် ရှိ

လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ်ကျော်အတွင်း မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ကျော် ရှိကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ် ပြု လုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော အစီရင်ခံစာ၌ ဖော်ပြ ထားသည်။
ရန်ကုန်မှာ ဆန်ဈေးတွေ ခုန်တက်

လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။
ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ ထပ်မံသတိပေးခံရ

ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေး သံလျင်မှာဆန္ဒပြ

မြန်မာနိုင်ငံမှာ အချေအတင် ပြောစရာတွေနဲ့ ကြုံနေရတဲ့ အခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဖိအားပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ တဖက်ကမ်း သံလျင်မြို့နယ်ထဲမှာ တက်ကြွလှုပ် ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဓိက နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ ကျောင်းသားလူငယ်တွေ အပါအ၀င် ဆန္ဒပြရာမှာတော့ မြို့ခံတွေကလည်း အားပေးခဲ့ကြတဲ့ အကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ကုလ အထူးကိုယ်စားလှယ် ကချင် စစ်ဒုက္ခသည်စခန်း သွားကြည့်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tomas Quintana ဟာ အစိုးရနဲ့ ကေအိုင်အိုတို့ နှစ်ဖက်သဘောတူ ခွင့်ပြုချက်နဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ အနီးတ၀ိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့လာအို အမျိုးသား ကာကွယ်ရေး တက္ကသိုလ်သို့ သွားရောက်လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် ခိုင်ဆုန်ဖူဝီဟန် လာအိုအမျိုးသားကာကွယ်ရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
Sunday, 16 February 2014
ဧရာဝတီစာပေပွဲတော် ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး စာပေသူရဲကောင်းများနှင့် ဗီလိန်များ ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေး
![]() |
| (ဧရာဝတီစာပေပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးနွေး မှုပြုလုပ်နေစဉ်) |
မန္တလေးမြို့တွင်
ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး
ပြည်တွင်းပြည်ပ စာရေးဆရာ၊ ဆရာ မကြီးများနှင့်အတူ “စာပေသူရဲကောင်းများနှင့်
ဗီလိန်များ” ခေါင်းစဉ်ဖြင့်ဝင်ရောက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနေဖြင့်ပြည်တွင်း အခွန်ဆောင်သည့် ကုမ္ပဏီများနှင့်သာ ပူးပေါင်းဆောင်ရွက်လို
မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော် အခွန်ဆောင်သည့် ကုမ္ပဏီကိုသာ ရွေးချယ် ပူးပေါင်းဆောင်ရွက် လိုကြောင်း အခွန်ဆိုင်ရာကမ္ဘာ့ထိပ်တန်းအဖွဲ့လေးဖွဲ့တွင် တစ်ဖွဲ့အပါအ၀င် ဖြစ်သော KPNG မှ အကြံပေးပညာရှင် ဦးဝင်းဖေမောင်က အခွန်နှင့် နိုင်ငံတော် တည်ဆောက်ရေး တွေ့ဆုံဆွေးနွေး ပွဲ တွင် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေး၍ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအစည်းအဝေး အမြန်ဆုံးပြုလုပ်ပေးနိုင်ရန် သမ္မတထံ စာပို့
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအစည်း အဝေးများ အမြန်ဆုံး
ပြန်လည်စတင်နိုင်ရန်အတွက် သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း
AAPP ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။
Friday, 14 February 2014
အရေးပေါ် နှလုံးခုန်စက်များကို မြို့နယ်ဆေးရုံကြီး အရေးပေါ် ဌာနများတွင် ထားရှိနိုင်ရန် စီစဉ်လျက်ရှိ

ရုတ်တရက် ဖြစ်ပွားတတ်သော အသက်ရှူရပ်ခြင်း၊ နှလုံးခုန် မမှန်ခြင်းများကြောင့် သေဆုံးမှုများကို လျှော့ချနိုင်ရန် အတွက် အရေးပေါ် Emergency Case တွင် အသုံးပြုနိုင်ရန် အရေးပေါ် နှလုံးခုန်စက (AED)စက် များကို မြို့နယ်ဆေးရုံကြီးရှိ အရေးပေါ် ဌာနများတွင် ထားရှိနိုင်စေရန် စီစဉ်ပေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ဒေါ်လှမြသွေးဣန္ဒာက ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)



