Sunday 16 February 2014

နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေး၍ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအစည်းအဝေး အမြန်ဆုံးပြုလုပ်ပေးနိုင်ရန် သမ္မတထံ စာပို့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအစည်း အဝေးများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရန်အတွက် သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း AAPP ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။

ထိုသို့အကြောင်းကြားစာပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးဘိုကြည်က "ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ၀န်ကြီးတွေအလုပ်မအားလို့ဆိုပြီး မခေါ်ဘဲ ထားတာကြာပြီ။ ကော်မတီအစည်းအဝေးကို အမြန်ပြန်ခေါ်ဖို့အတွက် အရေးတကြီး လိုအပ်နေ ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ရှိနေသေးတယ် ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ လိုပါတယ်။ အမြန်ဆုံး လွတ်လာအောင် ဆွေးနွေးရမှာပါ။ ဒီကိစ္စက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါ တယ်။ ဒါပေမဲ့ သမ္မတရုံးက ဘာမှအကြောင်းမပြန်သေးတာက တော်တော် စိတ်ပျက်စရာကောင်း တယ်"ဟု ဦးဘိုကြည်က ပြောကြားသည်။

ထိုအကြောင်းကြားစာတွင် အစည်းအဝေး အမြန်ဆုံးခေါ်ယူရန်နှင့် ဖြစ်နိုင်လျှင် ယခုလအတွင်း နိုင် စစ်ကော်မတီ အစည်းအဝေး ခေါ်ယူရန်အတွက် အကြောင်းကြားထားသည်ဟုလည်း ဦးဘိုကြည်က ဆို သည်။ ထို့အပြင် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအား လူ့အခွင့်အရေး၊ နိုင်ငံ သား အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ရှိကြောင်းကိုလည်း ကြားသိရပြီး ထိုသို့သောအဖြစ်အပျက်များ ခံစားရပါက မည်သည့်နိုင်ငံရေးအကျဉ်းသားမဆို AAPP သို့မဟုတ် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့သို့ ဆက်သွယ်အကြောင်းကြားပြီး မိမိတို့၏ အချက်အလက်များကို ပေးပို့ရန် လိုအပ်သည် ဟုလည်း ပြောကြားခဲ့သည်။ ထိုသို့ပေးပို့မှသာလျှင် မိမိတို့လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေရမှုများအား နိုင်ငံတကာနှင့် မြန်မာပြည်သူများ သိရှိစေရန် ပြောကြားနိုင်မည်ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ရှိနေသေးတယ် ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ လိုပါတယ်။ အမြန်ဆုံး လွတ်လာအောင် ဆွေးနွေးရမှာပါ။ ဒီကိစ္စက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ သမ္မတရုံးက ဘာမှအကြောင်းမပြန်သေးတာက တော်တော် စိတ်ပျက်စရာကောင်းတယ်

ထို့အပြင် သမ္မတ၏ကြေညာချက်ဖြင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူများအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေး ခဲ့သော်လည်း ထိုပုဒ်မ ၁၈ အား ပြင်ဆင်နိုင်ခြင်းမရှိသဖြင့် ထပ်မံတရားစွဲဆိုခံနေကြရသည့် အကြောင်း ကိုလည်း နိုင်စစ်ကော်မတီတွင် ဆွေးနွေးရန် လိုအပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။ ထို့အပြင် ယခုလက်ရှိအခြေအနေတွင် ရှိနေသည့် ပုဒ်မ ၁၈ သည် လက်ခံနိုင်စရာ လုံးဝမရှိကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန် တစ်ပါးတည်း လမ်းလျှောက်သည့် ဆရာတော်အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်း သည်လည်း အဓိပ္ပာယ်မရှိကြောင်းကိုလည်း "ဦးယက္ခ၀ံသက နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ဖို့ သူတစ်ယောက်တည်း ငြိမ်းငြိမ်းချမ်းချမ်းလမ်းလျှောက်တာက ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ ဒါပေမဲ့ သူ့ကို ပုဒ်မ ၁၈ နဲ့တရားစွဲတယ်။ ကိုဝင်းချိုတို့ကိုလည်း တရားပြန်စွဲ ထားပါ တယ်"ဟုလည်း ၎င်းက ပြောကြားသည်။

ပြန်ကြားရေးဒုဝန်ကြီးက နိုင်ငံရေးအကျဉ်းသားများမရှိတော့ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း နိုင်စစ်ကော်မတီအစည်းအဝေးများကို မပြုလုပ်တော့သဖြင့် နိုင်စစ်ကော်မတီအစည်းအဝေး တစ်ဖက်သတ် ရပ်ဆိုင်းနိုင်သလား ဟု မေးမြန်းခြင်း အပေါ် ဦးဘိုကြည်က "တစ်ဖက်သတ် ရပ်လိုက်တာတော့ ဖြစ်မယ်လို့မထင်ပါဘူး။ ဦးစိုးသိန်းပြောခဲ့တာက ဒီကော်မတီ ဆက်ရှိနေဦးမယ်။ နောက်ပိုင်းပြဿနာတွေ တက်လာခဲ့ရင် ဒီကော်မတီဝင်တွေ ဆွေးနွေးကြ တာပေါ့လို့ ပြောထားတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကိစ္စတွေ ကိုလည်း ဆွေးနွေး ချင်ရင် ဆွေးနွေးကြတာပေါ့လို့ ပြောထားတာရှိတယ်။ တစ်ဖက်သတ်ရပ်လိုက်တယ်လို့ ကျွန်တော်တို့ မယူဆပေ မယ့် မြန်မြန်ဆန်ဆန်ခေါ်ဖို့တော့ လိုပါတယ်။ အနည်းဆုံး တစ်လတစ်ခါခေါ်ဖို့ သဘောတူ ထားတဲ့ ကိစ္စပဲလေ"ဟု ပြောကြားသည်။

သမ္မတက ၂၀၁၃ ခုနှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံး ကုန်ဆုံးစေရမည်ဟု ပြောခဲ့သော်လည်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသဖြင့် သမ္မတစကား မှန်ကန်မှုမရှိဟု ၎င်းက ပြောကြားလိုက်သည်။ ထို့အပြင် နိုင်စစ်ကော်မတီအနေဖြင့် မဟုတ်သော်လည်း မိမိတို့တစ်ဖွဲ့ချင်း အနေနှင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေကြောင်းနှင့် မတရားသည့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုများ ဆက်လက်ရှိနေကြောင်းကိုလည်း ကမ္ဘာမှသိရှိစေရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment