Monday, 8 July 2013

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ထုတ်လွှင့်ရန်အတွက် ဘရာဇီးရုပ်သံမှ မဟာမုနိ ဘုရားကြီးနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့တွင် ရိုးရာခြင်းလုံး အလှခတ် ကစားခြင်းကို မှတ်တမ်းလာရောက် ရိုက်ကူးခဲ့

chinloon-july8
ဇူလိုင် ၆ ရက်က မြနန်းစံကျော် ရွှေနန်းတော်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ် နေသည်ကို ဘရာဇီးရုပ်သံမှ ရုပ်သံမှတ်တမ်း လာရောက်ရိုက်ကူး နေစဉ်
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ထုတ်လွှင့်ပြ သရန်

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်ခဲ့၊ ၂၀၁၃ ခုနှစ်အတွင်း တရုတ်လူမျိုး တက်ရောက်မှု သိသာစွာ လျော့ကျ

shwedagon-july8
ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများ လာရောက်လေ့လာဖူးမြော် နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ - တိုးအောင်)
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်းမှာ ငါးနှစ် ဆက်တိုက် မြင့်တက်

ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန် ပစ္စည်းများ အားလုံးမှာ သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရ

မြန်မာနိုင်ငံတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ တင်သွင်းရောင်းချလျက်ရှိသော အလှကုန် ပစ္စည်းများ အားလုံး မှာ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရသည်။

ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်ခြင်းကို အမြင့်ဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု သက်ရောက်ခြင်းကို အမြင့်မားဆုံး ကြုံတွေ့ရ သည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်နေကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၏ အစီရင်ခံစာ တွင် ဖော်ပြ ချက်အရ သိရသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက် လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး

Photo: ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက်
လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၇

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစုအသီးသီးအပြင်သွားနေခဲ့ကြသဖြင့်
နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ 
အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ကျန်နေခဲ့စဉ် 

၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှဝင်ရောက်၍ ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သော အရာဖြင့်ထောက်ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း တာမွေရဲစခန်း 
သို့တိုင်ကြားခဲ့၍ 

တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ 
ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံ လှခိုင်၊(ဘ)ဦးတင်အုန်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် သက်သေခံငွေကျပ်၃၉၀၀၀၀နှင့်အတူ တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ လှခိုင်အားစစ်ဆေးရာ ၎င်းသည်
ဒလမြို့နယ်နေသူများဖြစ်သည့် ထက်ထွန်းအောင်၊သက်ပိုင်ဦး၊ ဇင်မောင်မောင်၊ ကျော်မင်းနိုင် တို့နှင့်အတူ ဒလမြို့တွင် အရက်အတူသောက်၍ရန်ကုန်မြို့သို့လာကာ ဂျေဂျေကလပ်သို့ သွားရောက်ခဲ့ကြကြောင်း၊ 

၀၀၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းဘက်သို့
ခြေလျင်လမ်းလျှောက်သွားခဲ့ကြစဉ် ပြစ်မှုတစ်ခုခု ကျူးလွန်ရန်
တိုင်ပင်ခဲ့ကြကြောင်း၊အခင်းဖြစ်နေအိမ်ခြံရှေ့အရောက်တွင် 
အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရှိ၍ ၎င်းမှနေအိမ်အတွင်းသို့ ၀င်ရောက်ပြီးပြစ်မှုကျူးလွန်နေစဉ် ထက်ထွန်းအောင်ပါ(၄)ဦးမှ ခြံရှေ့ရှိကွမ်းယာဆိုင်၌စောင့်နေခဲ့ကြကြောင်း

၊ငွေများခြိမ်းခြောက်
တောင်းယူပြီးချိန်တွင် အိမ်ရှင်အမျိုးသမီးမှအော်ဟစ်သဖြင့် လူစုခွဲ၍ထွက်ပြေးခဲ့ကြကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်
ပြစ်မှုကျူးလွန်းစဉ်အတူပါဝင်သူများအား တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှစုံစမ်းလိုက်လံဖမ်းဆီးခဲ့ရာဒလမြို့နယ်နေ 

ထက်ထွန်းအောင်(ခ)ကုလား၊(ဘ)ဦးအောင်ကျော်မိုး၊ရာဇသင်္ကြန် 
ရပ်ကွက်၊ သက်ပိုင်ဦး၊ (ဘ)ဦးစိန်လှ၊ ညောင်တုန်းရပ်ကွက်၊ 
ဇင်မောင်မောင်(ခ)အသေး၊(ဘ)ဦးတင်ဝင်း၊ရာဇသင်္ကြန်ရပ်ကွက်၊


ကျော်မင်းနိုင်၊ (ဘ)ဦးတင်နိုင်၊ မြို့မ(၄)ရပ်ကွက်တို့(၄)ဦးအား ဒလမြို့နယ်အတွင်း၌ အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစုအသီးသီးအပြင်သွားနေခဲ့ကြသဖြင့်နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင်

အလုပ်မရသေးသော ဆရာဝန်လေးပုံတစ်ပုံ ယခုနှစ် အလုပ်ရမည်ဟု ဦးရွှေမန်းကတိပေး

ဆေးတက္ကသိုလ် အောင်ပြီးနောက် ဆရာဝန် အလုပ်အကိုင် မရရှိသေးသူ စုစုပေါင်း ၆,ဝ၀ဝ အနက် ၁,၅၀ဝ ကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာများတွင် အလုပ်ခန့်ထားပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၇ ရက် တွင် ပြောကြားလိုက်သည်။

Sunday, 7 July 2013

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း

changing-july7
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များအား မေလ က မြစ်ကြီးနားမြို့တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ ၏ နေရာ ကို ပြင်

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

privacy2-july7
အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင် အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင် က ဖြစ် ပွား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း

မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရ မိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများထံသို့ မြန်မာနယ်စပ် လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

kayincommercial-july7
မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ

wa-july7
မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ လေ့လာ သူအဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ် သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊

Saturday, 6 July 2013

သံတွဲ ကျူးလွန်ခံရသူ မိန်းကလေးက ကျူးလွန်သူများသည် ၄င်းအား ရေနှစ်သတ်ပစ်ရန် ကြိုးစားခဲ့သေးကြောင်း ထုတ်ဖော်

Photo: သံတွဲ ကျူးလွန်ခံရသူ မိန်းကလေးက ကျူးလွန်သူများသည် ၄င်းအား ရေနှစ်သတ်ပစ်ရန် ကြိုးစားခဲ့သေးကြောင်း ထုတ်ဖော်

စစ်တွေ ၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်

သံတွဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ကုလားနှစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် မစုစုလှိုင် (၁၅-နှစ်)က ၄င်းအား ကျူးလွန်သူများက ရေနှစ်သတ်ပစ်ရန်ကြိုးစားသည်ကို အတန်တန်တောင်း ပန် သည့်အတွက် လွတ်လာခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်းမှတ်တမ်းတင်သည့် အခါ ထုတ်ဖော်ပြောဆိုခဲ့သည်။

မစုစုလှိုင်၏ ထိုထွက်ဆိုချက်အား စာဖြင့် အကျဉ်းချုပ်ရေးသားထား သည်ကို တောင်ကုတ်မြို့ လူမှုအဖွဲ့အစည်းများက Coral Arakan News အား အီးမေးလ်ဖြင့် ပေးပို့ရာ၊ Coral Arakan News က မစုစုလှိုင် နှင့် ၄င်း၏မိသားစုအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

အုပ်ထိန်းသူအပါအ၀င် မစုစုလှိုင်တို့မိသားစုအား ထိုထွက်ဆိုချက် အကျဉ်းချုပ်ကို ဖုန်းထဲမှ ဖတ်ပြပြီး၊ ဤအကြောင်းအရာများ မှန်ကန်မှုရှိမရှိ နှင့် ဤသည်ကို အွန်လိုင်းမှ publish လုပ်မည်ကို သဘောတူပါသလား ဟုမေးမြန်းရာ၊ မစုစုလှိုင် နှင့် အုပ်ထိန်းသူအပါအ၀င် ယင်း၏ မိသားစုက မှန်ကန်ကြောင်း နှင့် 

သဘောတူကြောင်း ပြန်ကြားသည့်အတွက် ထို ထွက်ဆိုချက် အကျဉ်းချုပ်ကို မူရင်းအတိုင်း ဘာမှပြင်ဆင်ခြင်းမပြုဘဲ Coral Arakan News က ဖော်ပြအပ်ပါသည်။

၂၀၁၃-ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲ သုံးနာရီဝန်းကျင်တွင် မစုစုလှိုင်အား ၄င်းတို့ မိသားစု၏ ဂူတာရပ်ကွက်နေအိမ်တွင် ရခိုင်လူမှုကွန်ရက် (တောင်ကုတ်) နှင့် Dawn Private Library အပါအ၀င် တောင်ကုတ် အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်း မှတ်တမ်းတင်ကာ Coral Arakan News သို့ ပေးပို့ခြင်းဖြစ်ပါသည်။

သံတွဲမြို့၊ နံတော်တောင်ဘုရားဝတ္တကမြေပေါ်တွင် မုဒိန်းမှုကျူလွန်ခံရသူ မစုစုလှိုင်အား အရပ်ဖက်လူ့အဖွဲ့အစည်းများ မှ မေးမြန်း၍ဖြစ်စဉ်အမှန် အား ပြောကြားချက်

၁။ မစုစုလှိုင်၊ ၁၅နှစ်၊ (ဘ)ဦးထွန်းကြည်၊ (မိ)ဒေါ်ထွားထွားရီ၊ ဆေးရုံကွက်သစ်(၅)လမ်း၊ ဂူတာရပ်ကွက်၊ အိမ်အမှတ်(၆၅၁)၊ တောင်ကုတ်မြို့နေသူကို မေးမြန်း၍ဖြစ်စဉ်အမှန်ကိုပြောပြသိရသည်မှာ-

၂။ လွန်ခဲ့သော ၂၉-၆-၂၀၁၃ ရက်နေ့နေ့ခင်း ၁၁နာရီကျော်ခန့်တွင် ဆပ်သွားရွာမှ (၁၁)နာရီ လိုင်းကားဖြင့်သံတွဲမြို့သို့ လိုက်လာပြီး တောင်ကုတ်မြို့သို့ သံတွဲမှတဆင့်လိုင်း ကားဖြင့်လိုက်ရန်အတွက် သံတွဲမြို့သို့ညပိုင်း (၆)နာရီကျော်ခန့် တွင် ကားဂိတ်သို့ရောက်ပါသည်။ 

ကားဂိတ်တွင် တောင်ကုတ်သို့ပြန်ရန် လိုင်းကားမရှိသဖြင့် ဂိတ်ရှေ့ရှိဖုန်းဆိုင်သို့ သွားရောက်ပြီး ဖခင်ဖြစ်သူထံမှတ်ယူလာသော ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ခဲ့ရာ မစုစုလှိုင်မှ၎င်း၏ဖခင်အားသံတွဲတွင် တည်းခိုရန်အတွက်အသိမိတ်ဆွေ ရှိသလားဟု မေးမြန်းခဲ့ကြောင်း၊ 

ဖခင်ဖြစ်သူမှ အသိမိတ်ဆွေမရှိကြောင်း ပြန်လည်ပြောကြောင်းသိရပြီး၊ ဖုန်းအဆက်အသွယ်ပြတ်သွားကြောင်း၊ ဆပ်သွားမှ အဒေါ်ဖြစ်သူဒေါ်မပုထံမှ ပေးလိုက်သည့် ငွေတစ်သောင်းကျပ်ပါရှိလာ၍
 တောင်ကုတ်မြို့သို့ ဆိုင်ကယ်ကယ်ရီငှားပြီး ပြန်ရန်အတွက်ပြုလုပ်နေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး 

၎င်းအားဘယ်ကိုသွားမလဲဟုမေးရာမစုစုလှိုင်မှ တောင်ကုတ်သို့ပြန်မည်ဟုပြောကြောင်း၊ ထိုအချိန်တွင်ဆိုင်ကယ်ဖြင့်လာသူ နှစ်ဦးမှမစုစုလှိုင်အား ဆိုင်ကယ်ပေါ်တင်ဆောင်ပြီး ခေါ်ဆောင်လာကြောင်း၊ 

လမ်းတွင်ကော်ဖီဆိုင်တစ်ဆိုင်ရှေ့နားတွင် ခဏရပ်ပြီး ကော်ဖီသောက် မလားဟုမေးသဖြင့် ဗိုက်ဆာ၍ ကော်ဖီတစ်ခွက်သောက် ခဲ့ရာ ကော်ဖီသောက်ပြီးနောက် ဦးခေါင်းမူးနောက်လာကြောင်း၊ ၎င်းတို့နှစ်ဦးလည်း ကော်ဖီသောက်ခဲ့ကြောင်းပြောပြသိရသည်။

၃။ ကော်ဖီသောက်ပြီး ဆိုင်ကယ်ဖြင့် (၃)ဦးစီးနင်းမောင်းနှင်လာခဲ့ ရာ တောင်ကုန်းတစ်ခုနားအရောက်တွင် ဆိုင်ကိုရပ်လိုက်ပါသည်။ 

၎င်းအနီးတွင် အုတ်တိုက်အဆောက်အဦများရှိနေပြီး ဘုရားနှင့်စေတီလည်းရှိကြောင်း၊ ဆိုင်ကယ်အားရပ်တန့်ပြီး အပေါ့အပါးသွားရန်ဟုဆိုကာ မစုစုလှိုင်အား လက်ဖျားကိုဆွဲ လျက်လမ်းကြားထဲသို့ အတင်းဆွဲခေါ်ပြီး တစ်ဦးမှ လက်နှစ်ဖက် ကိုချုပ်ကာပါးစပ်ကိုပိတ်ထားကြောင်း၊ 

ကျန်တစ်ဦးက အတင်းအဓ္ဓမသားမယားအဖြစ်ပြုကျင့်ကြောင်း၊ ပါးစပ်ပိတ်ထားသူနောက်တစ်ယောက်ကလည်း သားမယား အဖြစ်ပြုကျင့်ကြောင်း၊ 

ခဏအကြာဆိုင်ကယ်ဖြင့်ပြန်လည်တင်ခေါ်လာပြီး နေအိမ်တစ်အိမ်ရှေ့နားတွင် ဆိုင်ကယ်အား ရပ်ထားခဲ့ကာ လယ်ကွင်းဗွက်တောထဲမှလမ်းလျောက်ပြီး လယ်တဲတစ်ခုသို့ခေါ်ဆောင်လာပါသည်။

 တဲသို့အရောက် ၎င်းတို့နှစ်ဦးမှ ဖြစ်ပျက်သည့်အကြောင်းကို မည်သူ့ကိုမှမပြောရန် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပါသည်။ 

၎င်းတဲတွင်ပင် အတင်းအဓမ္မသားမယားအဖြစ် တစ်ယောက် တစ်ကြိမ်စီပြုကျင့်ပါသည်။ 

တစ်ညလုံး ကြောက်လန့်ကာအိပ်မရဘဲ ထိုင်လျက်နေခဲ့ရာ အကူအညီတောင်းခံရန်အတွက်အနီးတွင်လည်း လူရိပ်လူခြေများမတွေ့ရှိ၍ ကူညီတောင်းခံနိုင်ခြင်းမရှိခဲ့ပါ။

 နံနက်မိုးလင်းသည့်အခါ တဲအနီးရှိရေကန်ကြီးတစ်ကန် ရှိရာသို့ နှစ်ဦးအနက်မှ ပုပုလုံးလုံးနှင့်လူက ဆွဲခေါ်လာပြီးရေကန် ထဲသို့အတင်းဆွဲချကြောင်း၊ 

အရပ်မမှီလောက်သည့် နေရာထိဆွဲခေါ်ပြီး ရေထဲတွင်နှစ်ကြိမ်ရေနှစ်
သတ်ကြောင်း၊ ထပ်မံပြီးသတ်ရန်ပြုလုပ်စဉ်စုစုလှိုင်မှ ငိုယိုတောင်းပန်၍ ရေကန်ထဲမှဆွဲခေါ်ပြီး ကုန်းပေါ်သို့ ပြန်ခေါ်လာခဲ့ကြောင်း၊ 

ညပိုင်းတွင်အတင်းအဓမ္မပြုကျင့်ခဲ့သည့် လယ်တဲသို့အရောက်ရေကန်ထဲသို့ ဆင်းသူမှာအ၀တ်တစ်စုံလဲပြီး စုစုလှိုင်မှာရေစိုအ၀တ်အစားဖြင့် ရှိနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှ မြို့ထဲသို့သွားရန်ခေါ်ဆောင်လာစဉ်လမ်းတွင် မည်သူ့ကိုမှမပြောရန် တာဝန်ရှိသူများအားမတိုင်ရန် ပြောပြီး 

တိုင်ကြားကသတ်ပစ်မည်ဟုအကြိမ်ကြိမ်ခြိမ်းခြောက်သဖြင့် လမ်းတွင်ရှိခိုးတောင်းပန်ခဲ့ကြောင်း၊ မြို့အ၀င်နားအရောက် တွင်တစ်ဦးကျန်နေခဲ့ပြီး ရေနစ်သတ်သူမှ ဆိုင်ကယ်ဖြင့်ကားဂိတ်သို့ လိုက်ပို့ခဲ့ရာ ကားဂိတ်ကိုကျော်ပြီး တောင်ကုတ်မြို့ဖက်သို့သွားသည့် လမ်းမြို့အထွက်ခပ်လှမ်းလှမ်းအရောက်တစ်ခုခုစားပြီးမှ ပိုပေးမည်ဟု ပြောကာဆိုင်ကယ်အားဖြည်းဖြည်းချင်းလှည့်စဉ် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကျန်ခဲ့ပါသည်။

၎။ ၄င်းမှာမစုစုလှိုင်လမ်းလျှောက်သည့် နောက်သို့ဖြည်းဖြည်းချင်းဆိုင်ကယ်ဖြင့်လိုက်လာပါသည်။ အုတ်ခုံတစ်ခုနားအရောက်တွင် ဗိုက်အောင့်သဖြင့်ထိုင်နေစဉ်အထုတ်ကိုပြန်ပေးပါသည်။ 

ဆိုင်ကယ်ဖြင့် လိုက်ပို့သူမှာ သံတွဲဖက်သို့ ပြန်မောင်းသွားပြီး မကြာခင်သားမယားအဖြစ်ပြုကျင့်ခဲ့သူ နောက်တစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်ပြန်လာပါသည်။

 ညောင်ပင်တစ်ပင်အောက်နားအရောက်တွင်ရပ်နားနေစဉ် ဆိုင်ကယ်ပြန်လှည့်လာသူမုဒိန်းကျင့်သူနှစ်ဦးမှာ ၎င်းထားခဲ့သည့်နေ ရာတွင်မနေဘဲ လျှောက်သွားနေ၍၎င်းတို့ဆိုင်ကယ်နှင့် ပြန်လိုက်ခဲ့ရန်အတင်းခေါ်ရာစုစုလှိုင်မှ ပြန်မလိုက်လိုကြောင်း မိမိဘာသာမိမိပြန်မည်ဟုပြောစဉ် အတင်းဆွဲခေါ်သဖြင့်ရုန်းကန်ပြီး ရှောင်ထွက်စဉ်လမ်းသွားလမ်းလာသူများ ကြည့်ရှု၍ ၎င်းတို့နှစ်ဦးမှာအတင်းဆွဲမခေါ်ရဲဘဲ ဆိုင်ကယ်ဖြင့်ထွက်သွားကြကြောင်း၊ 

ထိုအချိန်လူငယ်တစ်ဦးရောက်လာပြီး ဘာဖြစ်ကြသလဲဟုမေးရာ စုစုလှိုင်မှကြောက်ရွံ့နေ၍ဘာမှ မဖြစ်ဘူးဟု ပြောခဲ့သော်လည်း ဆွဲလားရမ်းလား လုပ်နေသည်ကိုမြင်တွေ့သဖြင့် ဆိုင်ကယ်ဖြင့်ထွက်သွားသူနှစ်ဦးမှာမူဆလင် ကုလားများဖြစ်ကြောင်း၊ 

စုစုလှိုင်မှကုလားဖြစ်သည်ကိုမသိကြောင်း ပြန်ပြောခဲ့ရာနောက်ထမ်လူအုပ်စုတစ်စု ရောက်ရှိလာကြပြီး ရဲစခန်းသို့ခေါ်ယူစစ်ဆေးရန်ပြောသဖြင့် ရဲစခန်းသို့ခေါ်ဆောင်၍ လိုက်ပါလာခဲ့ကြောင်း၊ 

ရဲစခန်းသို့ရောက်ရှိသည့်အခါမှ ၎င်းအားမေးမြန်းသူမှာ ရဲတစ်ဦးဖြစ်ကြောင်း၊ သိရှိရပြီး ရဲစခန်းသို့လာရောက်စဉ် ဆိုင်ကယ်နောက်မှ ဆိုင်ကယ်များဖြင့် လူအုပ်စုများလိုက်ပါလာခဲ့ကြသည်ကိုတွေ့ခဲ့ကြောင်း၊ ပြောပြသိရသည်။

၅။ ရဲစခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူများကစစ်ဆေးခဲ့ရာ စုစုလှိုင်အနေဖြင့်တစ်ညလုံး ကြောက်လန့်ပြီး အသက်အန္တရာယ် ကိုပြုမည်ကိုစိုးရိမ်၍ မအိပ်ပဲနေခဲ့ကြောင်း၊ နောက်နေ့တွင်လည်း တာဝန်ရှိသူများမှစိစစ်ပြီး 

လိုအပ်ချက်များကိုအသေးစိတ်စစ်ဆေးမှုခံယူနေရ၍ ကျန်းမာရေးအရ ချွတ်ယွင်းပြီးကြောက်လန့်အရှက်သိက္ခာကို ထိမ်းသိမ်းနေရခြင်းကြောင့် အမှန်အတိုင်းကိုပြောပြထွက်ဆိုနိုင်ခြင်းမရှိခဲ့သော်လည်း လူမှုအဖွဲ့အစည်းများက လိုအပ်သည်များကို 

ကူညီပံ့ပိုးပြီးစောင့်ရှောက်မှုပေးကာမိသားစုရင်းချာလို မေးမြန်းသည့်အခါ
မှအဖြစ်မှန်ကို သိရှိရပြီး စုစုလှိုင်အားစိတ်မမှန်သူဟု စွပ်စွဲပုတ်ခတ်ပြောဆိုသတင်းလွင့်ခြင်း၊ စာနယ်ဇင်းများမှရေးသားခြင်းများမှာ အမှန်တရားမဟုတ်ဘဲ ရိုးသားသည့် တိုင်းရင်းသူဆင်းရဲနွမ်းပါးသော်လည်း 

မိမိလူမျိုးသိက္ခာကိုစောင့်ထိန်းသည့် အားနွဲ့သောအမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာမုဒိန်းပြုကျင့်သေကြောင်းကြံသည့် ရက်စက်တတ်သည့် သိက္ခာမဲ့သူများအား ထိရောက်သည့်ပြစ်မှုပြစ်ဒဏ်ရရှိနိုင်ရေး ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အများပြည်သူသိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။

အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တောင်ကုတ်မြို့။

Posted From Coral Arakan News
စစ်တွေ ၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်

သံတွဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ကုလားနှစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် မစုစုလှိုင် (၁၅-နှစ်)က ၄င်းအား ကျူးလွန်သူများက ရေနှစ်သတ်ပစ်ရန်ကြိုးစားသည်ကို အတန်တန်တောင်း ပန်
သည့် အတွက် လွတ်လာခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများ က မေးမြန်း မှတ်တမ်းတင်သည့် အခါ ထုတ်ဖော်ပြောဆိုခဲ့သည်။

ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဦးသိန်းညွန့် တင်သွင်းခဲ့ရာ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ပြန်လည်ရုပ်သိမ်း

7.5.6
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ-ဝေယံဖြိုးဦး)
အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် 'ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် ဂျာနယ်လစ်များ အားလုံးက အပြင်းအထန် ကန့်ကွက် 7.5.17

7.5.17
၂၀၁၃ ခုနှစ်၊ မတ် ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့စဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
ပြည့်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ဇူလိုင် ၄ ရက်တွင် အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း
လုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် ဂျာနယ်လစ်များ အားလုံးက

တောင်ဒဂုံ ၅၆ ရပ်ကွက်တွင် သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

တောင်ဒဂုံမြို့နယ် အမှတ် ၅၆ ရပ်ကွက်အတွင်း သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစု လူဝေး ဖြစ်ပေါ် ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူခဲ့ရကြောင်း သိရသည်။

Friday, 5 July 2013

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။

ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။ ရှိုက်ကြီးတငင်ငိုပါတယ် ။

မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမတစ်ဦးရှိကြောင်းကို တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန်နေထိုင်မလဲ .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့ ။

ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။

ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

===========================

မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။

မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။

( သက်တန့်ချို )

မူရင်း - http://www.dailymail.co.uk/health/article-1306283/Miracle-premature-baby-declared-dead-doctors-revived-mothers-touch.html
သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲ ၀င်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

7.4.4
မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ်ကလေးငယ်ကို

၃၃၃၃၃ ၉၆၉ ကို ဘုန်းတော်ကြီးသင် ပညာရေးအတွက် သိန်း ၂၀ ဖြင့်ဝယ်

၃၃၃၃၃ ၉၆၉ ကို ဘုန်းတော်ကြီးသင် ပညာရေးအတွက် သိန်း ၂၀ ဖြင့်ဝယ်

သထုံ- ဇူလိုင်-၃

ဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ကျောင်းရှိ ကျောင်းသားများ၏ ပညာသင် စရိတ်လှူဒါန်းရန်အတွက် ဆရာ တော်တစ်ပါး၏ မွေးနေ့လက် ဆောင်ရရှိထားသော ကျပ်၁၅၀၀ တန်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အမျိုးသား တစ်ဦးက ကျပ်သိန်း ၂ဝဖြင့် ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရ သည်။

မွန်ပြည်နယ် မော်လမြိုင် မြို့ ရွှေပြည်အေးရပ်ကွက်ရှိ ကင်း ရွာဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ကလေးသူငယ်များ၏ ပညာသင်စရိတ်လှူဒါန်းရန် ဆရာ တော်ရှင်စန္ဒဇောတိ (သာသနာ နွယ်)က ဒကာတစ်ဦးထံမှ မွေးနေ့ လက်ဆောင် အဖြစ် ရရှိထားသည့် ၁၅ဝဝတန်မိုဘိုင်းဖုန်းနံပါတ် ၃၃၃- ၃၃၉၆၉ကို အမြင့်ဆုံးဈေးနှုန်းပေး ၍ ဝယ်ယူမည့် ဗုဒ္ဓဘာသာဝင်များ အားဖိတ်ခေါ်ခဲ့ရာ ရန်ကုန်မြို့မှ ကိုအောင်ပိုင်ထွန်း (Excellent, Aquarium Fish, Hamster, Pet & Accessories Centre)က ဇူ လိုင် ၁ရရက်တွင်ကျရောက်မည့် သူ၏မွေးနေ့အလှူအဖြစ် ကျပ် သိန်း၂ဝဖြင့် အမြင့်ဆုံးဈေးပေး ကာ ဝယ်လှူဒါန်းခဲ့ကြောင်း သိ ရသည်။

အဆိုပါကင်းရွာဘုန်းတော် ကြီးသင် ပညာရေးကျောင်းတွင် ကလေး၅ဝဝကျော်ရှိပြီး ဆရာတော် အရှင်စန္ဒဇောတိ(သာသနာနွယ်) နှင့် တပည့်ဒါယကာ၊ ဒါယိကာမ များက ဇူလိုင်၁ရရက်တွင် စုပေါင်း ၍ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ လှူဒါန်းပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ဈာန်မိုးသစ်
Yangon Media

ဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ကျောင်းရှိ ကျောင်းသားများ၏ ပညာသင် စရိတ်လှူဒါန်းရန်အတွက် ဆရာ တော်တစ်ပါး၏ မွေးနေ့လက် ဆောင်ရရှိထားသော ကျပ်၁၅၀၀ တန်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အမျိုးသား တစ်ဦးက ကျပ်သိန်း ၂ဝဖြင့် ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရ သည်။

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော အမှုကို နှစ်ဦးနှစ်ဖက် ကျေအေး

ဆုထူးပန်တာဝါ ဆောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော ဥပဒေကြောင်းဆိုင်ရာကိစ္စများအား ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။